[Zawgyi]

အဆိုေတာ္ေဝလွ်ံက အျမႊာသားေလးနွစ္ေယာက္အေၾကာင္းကုိ ဘာေတြေျပာသြားလဲ

အျမႊာသားေလး နွစ္ေယာက္နဲ႕ေပ်ာ္ရႊင္ေနတဲ့ မိသားစုေလးအေၾကာင္းကို အဆိုေတာ္ေဝလွ်ံ က အခုလိုေျပာျပခဲ့ပါတယ္။

“သားနွစ္ေယာက္နာမည္ကေတာ့ ဖုန္းသန္႕ေဝလွ်ံ ကို နဲ႕ ဖုန္းခန္႕ ေဝလွ်ံ ကို လို႕ ေခၚပါတယ္။ သူတို႕ နွစ္ေယာက္စလံုးက ဧၿပီ ၂၁ရက္ေန႕ ဆိုရင္ ၆ လျပည့္ပါၿပီ။ နွစ္ေယာက္က အျမႊာဆိုေပမယ့္ ရုပ္နည္းနည္းကြာပါတယ္။ အႀကီး က ေအးတယ္ အငယ္က နည္းနည္းပိုသြက္ပါတယ္။ အငယ္က သီခ်င္းကို ဝါသနာပါပံုပဲ ညေရာက္လို႕ ကြ်န္ေတာ္က သီခ်င္းဆိုသိပ္ရင္ သူက အေနာက္ကေနလိုက္ညည္းေနတာ သီခ်င္းကို။”

အဆိုေတာ္ေဝလွ်ံတို႕ မိသားစု

အဆိုေတာ္ေဝလွ်ံတို႕ မိသားစု

တစ္ေယာက္နဲ႕တစ္ေယာက္မွာ ရုပ္က ႀကီးလာမွ နည္းနည္းဆင္လာတာ အငယ္က အေမနဲ႕ပိုတူတယ္ အႀကီးကေတာ့ ကြ်န္ေတာ္နဲ႕ ပိုဆင္တယ္လို႕ ခံစားမိတယ္။ အိမ္ေထာင္သည္ ဘဝ မွာ ကေလးမရွိခင္ကဆိုရင္ သြားခ်င္တဲ့ ေနရာသြားၾကေပါ့ လင္မယားနွစ္အတူတူ အခုကေတာ့ အိမ္ကပ္တာပိုမ်ားလာၾကတယ္ သားသားတို႕ နွစ္ေယာက္ရွိလာတဲ့ အခ်ိန္မွာ ကေတာ့ အရင္နဲ႕မတူေတာ့ပါဘူး အျပင္သြားရင္လည္း မိသားစုလိုက္သြားျဖစ္တာကမ်ားပါတယ္။

ေဖေဖေဝလွ်ံနွင့္ သားသားနွစ္ေယာက္

ေဖေဖေဝလွ်ံနွင့္ သားသားနွစ္ေယာက္

“သားေတြ အတြက္ ဘာႀကီးျဖစ္ရမယ္ ဆိုၿပီး ရည္ရြယ္ထားတာေတာ့ မရွိဘူး သူတို႕ျဖစ္ခ်င္တဲ့ အေပၚမွာ လုပ္ေပးသြားမွာပါ။ အဓိကကေတာ့သူတုိ႕ကို ပညာတတ္ျဖစ္ေစခ်င္တယ္ သူတို႕ဝါသနာပါတာေလးေတြကို ၾကည့္ၿပီးေတာ့ ျဖည့္ဆည္းေပးသြားမယ္ ဒီေလာက္ပါပဲ။ သားနွစ္ေယာက္ကို ခ်စ္တာကေတာ့ ေျပာျပလို႕ကိုမရဘူး။ အေဖျဖစ္တဲ့ သူတိုင္းလည္း ဒီခံစားခ်က္ကိုသိမယ္ထင္ပါတယ္။ ကြ်န္ေတာ္ဆိုရင္လည္း ေမြးခန္းထဲကေန ကေလးေတြထြက္လာကတည္းက ကြ်န္ေတာ့္ အေဖလည္း ကြ်န္ေတာ့ ကိုဘယ္ေလာက္ခ်စ္တယ္ ဆိုတာကို ခံစားမိလိုက္တယ္ ဒါေၾကာင့္ အေဖတိုင္းဒီခံစားခ်က္ကို နားလည္မယ္ လို႕ထင္ပါတယ္။ ကေလးထပ္ယူဖို႕ေတာ့မရွိေသးပါဘူး။ဒီသားနွစ္ေယာက္ကိုပဲ ႀကီးျပင္းေအာင္ေမြးမယ္အေကာင္းဆံုးျဖစ္ေအာင္ျပဳစုပ်ိဳးေထာင္ေပးပါမယ္ လို႕ဆံုးျဖတ္ထားပါတယ္” လို႕အဆိုေတာ္ေဝလွ်ံ က ရင္ဖြင့္သြားပါတယ္။

Photo Credit: Wai Hlian Phyo Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

အဆိုတော်ဝေလျှံက အမြွှာသားလေးနှစ်ယောက်အကြောင်းကို ဘာတွေပြောသွားလဲ

အမြွှာသားလေး နှစ်ယောက်နဲ့ပျော်ရွှင်နေတဲ့ မိသားစုလေးအကြောင်းကို အဆိုတော်ဝေလျှံ က အခုလိုပြောပြခဲ့ပါတယ်။

“သားနှစ်ယောက်နာမည်ကတော့ ဖုန်းသန့်ဝေလျှံ ကို နဲ့ ဖုန်းခန့် ဝေလျှံ ကို လို့ ခေါ်ပါတယ်။ သူတို့ နှစ်ယောက်စလုံးက ဧပြီ ၂၁ရက်နေ့ ဆိုရင် ၆ လပြည့်ပါပြီ။ နှစ်ယောက်က အမြွှာဆိုပေမယ့် ရုပ်နည်းနည်းကွာပါတယ်။ အကြီး က အေးတယ် အငယ်က နည်းနည်းပိုသွက်ပါတယ်။ အငယ်က သီချင်းကို ဝါသနာပါပုံပဲ ညရောက်လို့ ကျွန်တော်က သီချင်းဆိုသိပ်ရင် သူက အနောက်ကနေလိုက်ညည်းနေတာ သီချင်းကို။”

အဆိုတော်ဝေလျှံတို့ မိသားစု

အဆိုတော်ဝေလျှံတို့ မိသားစု

တစ်ယောက်နဲ့တစ်ယောက်မှာ ရုပ်က ကြီးလာမှ နည်းနည်းဆင်လာတာ အငယ်က အမေနဲ့ပိုတူတယ် အကြီးကတော့ ကျွန်တော်နဲ့ ပိုဆင်တယ်လို့ ခံစားမိတယ်။ အိမ်ထောင်သည် ဘဝ မှာ ကလေးမရှိခင်ကဆိုရင် သွားချင်တဲ့ နေရာသွားကြပေါ့ လင်မယားနှစ်အတူတူ အခုကတော့ အိမ်ကပ်တာပိုများလာကြတယ် သားသားတို့ နှစ်ယောက်ရှိလာတဲ့ အချိန်မှာ ကတော့ အရင်နဲ့မတူတော့ပါဘူး အပြင်သွားရင်လည်း မိသားစုလိုက်သွားဖြစ်တာကများပါတယ်။

ဖေဖေဝေလျှံနှင့် သားသားနှစ်ယောက်

ဖေဖေဝေလျှံနှင့် သားသားနှစ်ယောက်

“သားတွေ အတွက် ဘာကြီးဖြစ်ရမယ် ဆိုပြီး ရည်ရွယ်ထားတာတော့ မရှိဘူး သူတို့ဖြစ်ချင်တဲ့ အပေါ်မှာ လုပ်ပေးသွားမှာပါ။ အဓိကကတော့သူတို့ကို ပညာတတ်ဖြစ်စေချင်တယ် သူတို့ဝါသနာပါတာလေးတွေကို ကြည့်ပြီးတော့ ဖြည့်ဆည်းပေးသွားမယ် ဒီလောက်ပါပဲ။ သားနှစ်ယောက်ကို ချစ်တာကတော့ ပြောပြလို့ကိုမရဘူး။ အဖေဖြစ်တဲ့ သူတိုင်းလည်း ဒီခံစားချက်ကိုသိမယ်ထင်ပါတယ်။ ကျွန်တော်ဆိုရင်လည်း မွေးခန်းထဲကနေ ကလေးတွေထွက်လာကတည်းက ကျွန်တော့် အဖေလည်း ကျွန်တော့ ကိုဘယ်လောက်ချစ်တယ် ဆိုတာကို ခံစားမိလိုက်တယ် ဒါကြောင့် အဖေတိုင်းဒီခံစားချက်ကို နားလည်မယ် လို့ထင်ပါတယ်။ ကလေးထပ်ယူဖို့တော့မရှိသေးပါဘူး။ဒီသားနှစ်ယောက်ကိုပဲ ကြီးပြင်းအောင်မွေးမယ်အကောင်းဆုံးဖြစ်အောင်ပြုစုပျိုးထောင်ပေးပါမယ် လို့ဆုံးဖြတ်ထားပါတယ်” လို့အဆိုတော်ဝေလျှံ က ရင်ဖွင့်သွားပါတယ်။

Photo Credit: Wai Hlian Phyo Facebook

ကြည်သာ (Akhayar)

www.akhayar.com