[Zawgyi]
မြင့်မြတ်သားလေးဆီ အလည်ရောက်ခဲ့တဲ့ အဆိုတော် ဆူဇီ
Stella(Akhayar)
www.Akhayar.com 
[Unicode]
မြင့်မြတ်သားလေးဆီ အလည်သွားခဲ့တဲ့ အဆိုတော် ဆူဇီ
သြင်္ကန်သီချင်းလေးတွေအဆိုများရင်း ပရိသတ်အားပေးမှုတခဲနက်ရရှိလာတဲ့ အမျိုးသမီးတေးသံရှင်ဆိုရင်တော့ အဆိုတော်ဆူဇီကိုပြေးမြင်မိကြမယ်ထင်ပါတယ်နော်။ချစ်စရာကောင်းတဲ့ ရုပ်ရည်သွင်ပြင်ကိုပါ ပိုင်ဆိုင်ထားရတဲ့ သူမဟာ ကလေးချစ်တတ်ပုံပေါ်ပြီး ရုပ်ရှင်မင်းသား မြင့်မြတ်ရဲ့ သားလေးကို သွားရောက်ကြည့်ရှုခဲ့တဲ့ ပုံလေးတွေကို သူမရဲ့ လူမှုကွန်ရက်အကောင့်ကနေ မျှဝေထားတာတွေ့ရပါတယ်။
မြင့်မြတ်နဲ့အတူတူ သီချင်းအချို့မှာ အတူတူသရုပ်ဆောင်ဖူးတဲ့ ဆူဇီဟာ ဂျုနီယာမြင့်မြတ်လေးဆီကို အလည်သွားရင်း ကြည်နူးခဲ့ရပုံပါပဲ။
ဂီတလမ်းကြောင်းပေါ်မှာ နာမည်တစ်လုံးအခိုင်အမာရရှိခဲ့ပြီဖြစ်တဲ့ သူမဟာ အချစ်ရေးနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ အပျိုကြီးဘဝနဲ့ပဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာဖြစ်ပါတယ်။
ခရီးတွေမကြာခဏထွက်လေ့ရှိပြီး လူမှုကွန်ရက်မှာ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမပြတ်မျှဝေလေ့ရှိတာမို့ ပရိသတ်နဲ့ရင်းနှီးမှုရရှိနေသူလေးဖြစ်ပါတယ်။
Photos Credit – May Thu Facebook
Stella(Akhayar)
www.Akhayar.com