[Zawgyi]

ပရိသတ္ေတြဆီက ေဝဖန္အၾကံေပးမႈကို အျမဲနားေထာင္ေနပါတယ္ဆိုတဲ့ ဆိုဖီယာ

ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲအစီအစဥ္(၁) မွာကတည္းက ပရိသတ္ေတြအားေပးမႈကိုရရွိထားတဲ့ အဆိုေတာ္ဆိုဖီယာဟာ သူမရဲ႕ဒုတိယအေခြျဖစ္တဲ့ “နင့္ရဲ႕” လို႔အမည္ရွိတဲ့ အေခြကို ပထမအေခြထက္ပိုႀကိဳးစားထားလို႔ ပရိသတ္ေတြဆီက ေဝဖန္မႈေတြကို သိခ်င္ပါတယ္လို႔ ေျပာပါတယ္။

“ဆိုဖီရဲ႕ ဒုတိယေျမာက္အေခြပရိုမိုးရွင္းပြဲေလးကိုလည္း မတ္လ ၁၈ ရက္ေန႔က ဗႏၶဳလပန္းျခံထဲမွာ ျပဳလုပ္ခဲ့တယ္။ အဆိုေတာ္သူငယ္ခ်င္းေတြလည္း ေတာ္ေတာ္မ်ားမ်ား လာဝန္းရံၾကတယ္။ အေခြေတြလည္း ေရာင္းရသလို အရမ္းကိုလည္းေပ်ာ္ခဲ့ရပါတယ္။ ဒီအေခြေလးကို ပထမအေခြထက္ ပိုႀကိဳးစားခဲ့ရတယ္။ အဲဒီအတြက္လည္း ပရိသတ္ေတြဆီက ေဝဖန္သံကို အရမ္းၾကားခ်င္တယ္။ ဒီအေခြမွာေတာ့ ပရိသတ္ေတြရဲ႕အႀကိဳက္ေပ့ါ။ အဓိကကေတာ့ မိန္းကေလးပရိသတ္ေတြရဲ႕အႀကိဳက္ အခ်စ္၊ အလြမ္း၊ အေဆြးသီခ်င္းေလးေတြ ပိုပါေတာ့ ပရိသတ္ေတြဆီက တုန္႔ျပန္မႈကိုအရမ္းသိခ်င္ပါတယ္” လို႔ ဆိုဖီယာက ဒုတိယတစ္ကိုယ္ေတာ္ေတးစီးရီးနဲ႔ပတ္သက္ၿပီး ေျပာပါတယ္။

သူမရဲ႕ ပထမေတးစီးရီးအေခြျဖစ္တဲ့ “NVM” တစ္ကိုယ္ေတာ္အေခြကလည္း ပရိသတ္ေတြ အႀကိဳက္ေတြ႔အားေပးခဲ့ၾကၿပီး ဆိုဖီယာသီခ်င္းသီဆိုမႈအျပင္ သရုပ္ေဆာင္အလုပ္ကိုလည္း ဝါသနာပါတဲ့အတြက္ ဗီဒီယိုဇာတ္ကားမ်ားလည္း လက္ခံရိုက္ကူးဖို႔ရွိကာ သူမပါဝင္ရိုက္ကူးထားတဲ့ “ေနာင္ဘယ္ေတာ့မွမမုန္း” နဲ႔“ေနာက္ေက်ာကဓား” အေခြေတြလည္း ထြက္ရွိၿပီးျဖစ္တယ္လုိ႔ သိရပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပရိသတ်တွေဆီက ဝေဖန်အကြံပေးမှုကို အမြဲနားထောင်နေပါတယ်ဆိုတဲ့ ဆိုဖီယာ

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲအစီအစဉ်(၁) မှာကတည်းက ပရိသတ်တွေအားပေးမှုကိုရရှိထားတဲ့ အဆိုတော်ဆိုဖီယာဟာ သူမရဲ့ဒုတိယအခွေဖြစ်တဲ့ “နင့်ရဲ့” လို့အမည်ရှိတဲ့ အခွေကို ပထမအခွေထက်ပိုကြိုးစားထားလို့ ပရိသတ်တွေဆီက ဝေဖန်မှုတွေကို သိချင်ပါတယ်လို့ ပြောပါတယ်။

“ဆိုဖီရဲ့ ဒုတိယမြောက်အခွေပရိုမိုးရှင်းပွဲလေးကိုလည်း မတ်လ ၁၈ ရက်နေ့က ဗန္ဓုလပန်းခြံထဲမှာ ပြုလုပ်ခဲ့တယ်။ အဆိုတော်သူငယ်ချင်းတွေလည်း တော်တော်များများ လာဝန်းရံကြတယ်။ အခွေတွေလည်း ရောင်းရသလို အရမ်းကိုလည်းပျော်ခဲ့ရပါတယ်။ ဒီအခွေလေးကို ပထမအခွေထက် ပိုကြိုးစားခဲ့ရတယ်။ အဲဒီအတွက်လည်း ပရိသတ်တွေဆီက ဝေဖန်သံကို အရမ်းကြားချင်တယ်။ ဒီအခွေမှာတော့ ပရိသတ်တွေရဲ့အကြိုက်ပေ့ါ။ အဓိကကတော့ မိန်းကလေးပရိသတ်တွေရဲ့အကြိုက် အချစ်၊ အလွမ်း၊ အဆွေးသီချင်းလေးတွေ ပိုပါတော့ ပရိသတ်တွေဆီက တုန့်ပြန်မှုကိုအရမ်းသိချင်ပါတယ်” လို့ ဆိုဖီယာက ဒုတိယတစ်ကိုယ်တော်တေးစီးရီးနဲ့ပတ်သက်ပြီး ပြောပါတယ်။

သူမရဲ့ ပထမတေးစီးရီးအခွေဖြစ်တဲ့ “NVM” တစ်ကိုယ်တော်အခွေကလည်း ပရိသတ်တွေ အကြိုက်တွေ့အားပေးခဲ့ကြပြီး ဆိုဖီယာသီချင်းသီဆိုမှုအပြင် သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါတဲ့အတွက် ဗီဒီယိုဇာတ်ကားများလည်း လက်ခံရိုက်ကူးဖို့ရှိကာ သူမပါဝင်ရိုက်ကူးထားတဲ့ “နောင်ဘယ်တော့မှမမုန်း” နဲ့“နောက်ကျောကဓား” အခွေတွေလည်း ထွက်ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။