[Zawgyi]

ပရိတ္သတ္ေတြကို စကားလံုးလွလွေလးေတြနဲ႔ ခ်ဳပ္လိုက္တဲ႔ေရႊထူး

ေရႊထူးပထမဆုံးသရုပ္ေဆာင္ထားတဲ့ “ပက္ပက္စက္စက္ညိွဳ့” ရုပ္ရွင္ဇာတ္ကားထဲမွာ အသစ္တစ္ေယာက္အေနနဲ ့ အေကာင္းဆုံးႀကိဳးစားသရုပ္ေဆာင္ႏိုင္ခဲ့တာကို ေတြ႔ရေပမယ့္ မိတ္ကပ္ျပင္ဆင္မွဳအပိုင္းမွာ လိုအပ္ခ်က္ေတြ ရိွေနတာေတြ႔ရပါတယ္။ အဲဒါနဲ ့ပတ္သက္ၿပီးေတာ့ ေရႊထူးက…”ပက္ပက္စက္စက္ညိွဳ့”မွာတုန္းက ကိုယ့္အသားအေရနဲ႔ မိတ္ကပ္က တစ္ျခားစီပဲျဖစ္ေနတယ္။ အခု ၀တ္မွဳန္ေရႊရည္နဲ႔ရိုက္မယ့္ ဒုတိယရုပ္ရွင္ကား “ႏွစ္ခါကြဲတဲ့အသည္းမနာပဲရိွပါ့မလား” မွာေတာ့ မိတ္ကပ္ကို ကိုယ့္ဘာသာပဲလိမ္းေတာ့မယ္။ မိတ္ကပ္ Artist မထားေတာ့တာက ကိုယ့္ဘာသာလိမ္းဖို ့ အၾကံေပးၾကလို႔ပါ။ ေနာက္ၿပီး ေယာက်ာ္းေလးမိတ္ကပ္က သိပ္လည္းအမ်ားႀကီးမလိုအပ္ဘူးေလ။ မိတ္ကပ္ Artist ေတြ မေကာင္းလို႔ အသုံးမက်လို႔မဟုတ္ပဲ ကၽြန္ေတာ့္ဘက္က အေသအခ်ာဂရုမစိုက္ျဖစ္ပဲ လိုအပ္ခ်က္ ေတြရိွသြားလို႔လည္းပါပါတယ္။

လက္ရွိ အခ်စ္ေရးကေကာ ေအးေဆးပဲလား …

လက္ရိွအခ်စ္ေရးနဲ႔ပတ္သက္လို႔ကေတာ့ အိမ္ေထာင္ျပဳဖို႔ ေစာပါေသးတယ္။ မိန္းမေတာ့ ယူခ်င္တာေပါ့ေနာ္။ သူနဲ႔ကိုယ္နဲ႔ၾကားမွာ ညိွႏႈိင္းရတဲ့ကိစၥေတြမရိွဘူး။ ကၽြန္ေတာ္တို႔ စၿပီးႀကိဳက္ကတည္းက တစ္ေယာက္ကိုတစ္ေယာက္ နားလည္မႈရိွတယ္။ သီခ်င္းေတြကလည္း မိန္းကေလးႀကိဳက္သီခ်င္းေတြဆိုတာမ်ားေတာ့ အဲ့ဒီအေပၚမွာလည္း သူမက နားလည္မႈရိွၿပီးသားပါ။ အိမ္ေထာင္ျပဳဖို႔က ကၽြန္ေတာ္လည္းမေတြးေသးသလို သူလည္းမေတြးေသးပါဘူး။ အမ်ားႀကီးေရွ႕ဆက္ရဦးမွာပါ။ မိဘေတြကို အရင္ျပည့္စုံေအာင္ထားခ်င္ေသးတယ္။ ကၽြန္ေတာ့္ပရိသတ္ေတြက ကၽြန္ေတာ္အိမ္ေထာင္ျပဳသြားလည္း အားေပးေနမယ္ဆိုတာ သိပါတယ္။ ပရိသတ္ေတြက ကိုယ့္ကိုအျပည့္အ၀နားလည္တယ္ဆိုတာ ယုံၾကည္ၿပီးသားပါတဲ့။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပရိတ်သတ်တွေကို စကားလုံးလှလှလေးတွေနဲ့ ချုပ်လိုက်တဲ့ရွှေထူး

ရွှေထူးပထမဆုံးသရုပ်ဆောင်ထားတဲ့ “ပက်ပက်စက်စက်ညှို့” ရုပ်ရှင်ဇာတ်ကားထဲမှာ အသစ်တစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားသရုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရပေမယ့် မိတ်ကပ်ပြင်ဆင်မှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာတွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ရွှေထူးက…”ပက်ပက်စက်စက်ညှို့”မှာတုန်းက ကိုယ့်အသားအရေနဲ့ မိတ်ကပ်က တစ်ခြားစီပဲဖြစ်နေတယ်။ အခု ဝတ်မှုန်ရွှေရည်နဲ့ရိုက်မယ့် ဒုတိယရုပ်ရှင်ကား “နှစ်ခါကွဲတဲ့အသည်းမနာပဲရှိပါ့မလား” မှာတော့ မိတ်ကပ်ကို ကိုယ့်ဘာသာပဲလိမ်းတော့မယ်။ မိတ်ကပ် Artist မထားတော့တာက ကိုယ့်ဘာသာလိမ်းဖို့ အကြံပေးကြလို့ပါ။ နောက်ပြီး ယောကျာ်းလေးမိတ်ကပ်က သိပ်လည်းအများကြီးမလိုအပ်ဘူးလေ။ မိတ်ကပ် Artist တွေ မကောင်းလို့ အသုံးမကျလို့မဟုတ်ပဲ ကျွန်တော့်ဘက်က အသေအချာဂရုမစိုက်ဖြစ်ပဲ လိုအပ်ချက် တွေရှိသွားလို့လည်းပါပါတယ်။

လက်ရှိ အချစ်ရေးကကော အေးဆေးပဲလား …

လက်ရှိအချစ်ရေးနဲ့ပတ်သက်လို့ကတော့ အိမ်ထောင်ပြုဖို့ စောပါသေးတယ်။ မိန်းမတော့ ယူချင်တာပေါ့နော်။ သူနဲ့ကိုယ်နဲ့ကြားမှာ ညှိနှိုင်းရတဲ့ကိစ္စတွေမရှိဘူး။ ကျွန်တော်တို့ စပြီးကြိုက်ကတည်းက တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိတယ်။ သီချင်းတွေကလည်း မိန်းကလေးကြိုက်သီချင်းတွေဆိုတာများတော့ အဲ့ဒီအပေါ်မှာလည်း သူမက နားလည်မှုရှိပြီးသားပါ။ အိမ်ထောင်ပြုဖို့က ကျွန်တော်လည်းမတွေးသေးသလို သူလည်းမတွေးသေးပါဘူး။ အများကြီးရှေ့ဆက်ရဦးမှာပါ။ မိဘတွေကို အရင်ပြည့်စုံအောင်ထားချင်သေးတယ်။ ကျွန်တော့်ပရိသတ်တွေက ကျွန်တော်အိမ်ထောင်ပြုသွားလည်း အားပေးနေမယ်ဆိုတာ သိပါတယ်။ ပရိသတ်တွေက ကိုယ့်ကိုအပြည့်အဝနားလည်တယ်ဆိုတာ ယုံကြည်ပြီးသားပါတဲ့။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။