[Zawgyi]








Stella(Akhayar)

www.akhayar.com

[Unicode]

အလုပ်အားတုန်းလေး ခင်ပွန်းသည်နဲ့အပြင်မှာ ဒိတ်လုပ်ခဲ့တဲ့ စန္ဒီမြင့်လွင်

အမိုက်စားRapစာသားတွေနဲ့ အသဲကွဲသီချင်းလေးတွေအဆိုကောင်းတဲ့ အဆိုတော် စန္ဒီမြင့်လွင်(ဒီဒီး) ကတော့ အိမ်ထောင်ဖက်နဲ့အတူ သာယာပျော်ရွှင်တဲ့ဘဝလေးတစ်ခုကို ဖြတ်သန်းနေပြီဖြစ်ပါတယ်။ အိမ်ထောင်ရေးကံကောင်းသူထဲက တစ်ယောက်မို့ ချစ်ရတဲ့သူနဲ့ စိတ်တူကိုယ်တူသွားလာနေတဲ့ပုံလေးတွေကိုမြင်ပြီး အားကျနေတဲ့ ပရိသတ်တွေလည်းရှိနေတာပါ။


ဒီဒီး တစ်ယောက် လွန်ခဲ့တဲ့လအနည်းငယ်ကမှ သီလရှင်ဝတ်ထားတာဖြစ်လို့ အခုဆိုရင် ကတုံးဆံပင်ပေါက်လေးနဲ့ ရိုးရိုးရှင်းရှင်းလေး ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ ခင်ပွန်းသည်ဟာ အနုပညာလောကသားမဟုတ်တဲ့အတွက် အလုပ်အားချိန်မတူကြတာမို့ “supersunday သူ့အလုပ်အားတဲ့ရက်ကိုယ်ကမအား ခုမှဒိတ်ရတော့တယ်” ဆိုပြီး တနင်္ဂနွေနေ့က ဒိတ်လုပ်ခဲ့တဲ့ ပုံလေးတွေကိုပါ ရေးသားမျှဝေထားတာဖြစ်ပါတယ်။


အိမ်ထောင်ကျသွားပေမယ့်လည်း ဒီဒီးကို ချစ်ခင်အားပေးကြတဲ့ ချစ်ပရိသတ်တွေကတော့ ဒီနေ့အချိန်ထိ များနေဆဲဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဒီဒီးတို့ စုံတွဲကို အားကျနေပြီလား ။

Photos Credit – Sandi Myint Lwin

Stella(Akhayar)

www.akhayar.com