[Zawgyi]

ပရိသတ္ေတြရဲ႕ေတာင္းဆိုမႈေၾကာင့္ Fan Club တစ္ခုကိုေထာင္သြားမယ့္ စိုင္းစိုင္းခမ္းလိႈင္

ဂီတေလာကမွာနာမည္တစ္လံုးနဲ႔ ရပ္တည္ႏိုင္ၿပီး မ်ိဳးဆက္သစ္လူငယ္ေတြကိုလည္း လက္တြဲေခၚကာ ပရိသတ္ေတြကို အၿမဲတေလးတစားရွိတတ္တဲ့ အဆိုေတာ္စိုင္းစိုင္းခမ္းလိႈင္က ပရိသတ္ေတြရဲ႕ေတာင္းဆိုမႈေၾကာင့္ စိုင္းစိုင္းခမ္းလိႈင္ Fan Club တစ္ခုကို တည္ေထာင္သြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

“ကၽြန္ေတာ္ပရိသတ္မ်ားရဲ႕ ေတာင္းဆိုမႈအရ Sai စိုင္းစိုင္းခမ္းလႈိင္ Fan Club တစ္ခုကို တည္ေထာင္သြားမယ္ဆိုတဲ့အေၾကာင္းကို ေျပာျပခ်င္ပါတယ္။ ကၽြန္ေတာ္ပရိသတ္ေတြက ကၽြန္ေတာ္ကို အလင္းေပးႏိုင္တဲ့၊ လမ္းျပေပးႏုိင္တဲ့၊ လင္းလက္ေတာက္ပတဲ့ ၾကယ္ပြင့္ေလးေတြလို႔ တင္စားၿပီး Fan Club ရဲ႕နာမည္ကို Sai Stardom လို႔ အမည္ေပးထားပါတယ္။ ပရိသတ္ေတြက ကၽြန္ေတာ္အတြက္ၾကယ္ပြင့္ေလးေတြေပါ့ဗ်ာ။ Fan Club ရဲ႕အေရာင္ကို ၾကယ္ပြင့္ရဲ႕အေရာင္နဲ႔ အသံုးျပဳသြားမွာျဖစ္ပါတယ္။ ကၽြန္ေတာ္နဲ႔ကၽြန္ေတာ္ပရိသတ္ၾကားထဲက ႏွစ္ေပါင္းမ်ားစြာ သံေယာဇဥ္ေႏွာင္ဖြဲ႕မႈကို တင္စားၿပီးေတာ့ Sai Stardom Fan Club ကို ဖြဲ႕စည္းမယ္ဆိုတဲ့အေၾကာင္းကို အသိေပးအေၾကာင္းၾကားခ်င္ပါတယ္” လို႔ စိုင္းစိုင္းခမ္းလႈိင္က Fan Club နဲ႔ပတ္သက္ၿပီး ေျပာျပပါတယ္။

စိုင္းစိုင္းရဲ႕ Fan Club ထဲကိုဝင္ခ်င္ရင္ေတာ့ စာရင္းသြင္းရမွာျဖစ္ၿပီး အသင္းဝင္ေၾကးအျဖစ္ တစ္ႏွစ္ကို ၆၅၀၀ ေကာက္ခံသြားမွာျဖစ္တယ္လို႔လည္းသိရပါတယ္။ “အသင္ဝင္ေၾကးအျဖစ္ေကာက္ခံမယ့္ ၆၅၀၀ မွာ ဘာပါမလဲဆိုရင္ အခုထြက္ရွိလာမယ့္ စိုင္းစိုင္းကစိုင္းစိုင္းသီခ်င္းေခြ နဲ႔ Member ကတ္ရရွိမွာ ျဖစ္ပါတယ္။ အဲဒီအေခြနဲ႔ Member ကတ္ကို အိမ္တိုင္ရာေရာက္ လာပို႔ေပးမွာျဖစ္ပါတယ္။ အဲဒါေတြနဲ႔တင္ ပရိသတ္မ်ားေပးရမယ့္ ၆၅၀၀ ဟာေက်သြားပါၿပီ။ Member ဝင္ေတြက တရားဝင္ စိုင္းစိုင္းရဲ႕ Member ေတြျဖစ္လာမယ္။ ရံဖန္ရံခါမွာ အထူးအခြင့္အေရးေတြကို ရရွိမွာျဖစ္ပါတယ္” လို႔လည္း စိုင္းစိုင္းရဲ႕တရားဝင္အဖြဲ႔ဝင္ျဖစ္လာဖို႔အတြက္ကို ထပ္မံရွင္းျပပါတယ္။

စိုင္းစိုင္းခမ္းလႈိင္ရဲ႕ တရားဝင္အဖြဲ႔ဝင္ျဖစ္ခ်င္သူမ်ားအေနနဲ႔ Sai Stardom ကို Join မယ္ဆိုရင္ စိုင္းစိုင္း Facebook ကေနဆင့္ Link ေပးထားမွာျဖစ္ၿပီး၊ လက္ရွိစိုင္းစိုင္းခမ္းလႈိင္အသံုးျပဳေနတဲ့ Sai Sai Kham Leng ေပ့ခ်္ကလည္း Like ၈ သန္းနီးပါး ရရွိထားတာကိုလည္း ေတြ႔ရပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့် Fan Club တစ်ခုကိုထောင်သွားမယ့် စိုင်းစိုင်းခမ်းလှိုင်

ဂီတလောကမှာနာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ပြီး မျိုးဆက်သစ်လူငယ်တွေကိုလည်း လက်တွဲခေါ်ကာ ပရိသတ်တွေကို အမြဲတလေးတစားရှိတတ်တဲ့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့် စိုင်းစိုင်းခမ်းလှိုင် Fan Club တစ်ခုကို တည်ထောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်ပရိသတ်များရဲ့ တောင်းဆိုမှုအရ Sai စိုင်းစိုင်းခမ်းလှိုင် Fan Club တစ်ခုကို တည်ထောင်သွားမယ်ဆိုတဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ကျွန်တော်ပရိသတ်တွေက ကျွန်တော်ကို အလင်းပေးနိုင်တဲ့၊ လမ်းပြပေးနိုင်တဲ့၊ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်လေးတွေလို့ တင်စားပြီး Fan Club ရဲ့နာမည်ကို Sai Stardom လို့ အမည်ပေးထားပါတယ်။ ပရိသတ်တွေက ကျွန်တော်အတွက်ကြယ်ပွင့်လေးတွေပေါ့ဗျာ။ Fan Club ရဲ့အရောင်ကို ကြယ်ပွင့်ရဲ့အရောင်နဲ့ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျွန်တော်နဲ့ကျွန်တော်ပရိသတ်ကြားထဲက နှစ်ပေါင်းများစွာ သံယောဇဉ်နှောင်ဖွဲ့မှုကို တင်စားပြီးတော့ Sai Stardom Fan Club ကို ဖွဲ့စည်းမယ်ဆိုတဲ့အကြောင်းကို အသိပေးအကြောင်းကြားချင်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က Fan Club နဲ့ပတ်သက်ပြီး ပြောပြပါတယ်။

စိုင်းစိုင်းရဲ့ Fan Club ထဲကိုဝင်ချင်ရင်တော့ စာရင်းသွင်းရမှာဖြစ်ပြီး အသင်းဝင်ကြေးအဖြစ် တစ်နှစ်ကို ၆၅၀၀ ကောက်ခံသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ “အသင်ဝင်ကြေးအဖြစ်ကောက်ခံမယ့် ၆၅၀၀ မှာ ဘာပါမလဲဆိုရင် အခုထွက်ရှိလာမယ့် စိုင်းစိုင်းကစိုင်းစိုင်းသီချင်းခွေ နဲ့ Member ကတ်ရရှိမှာ ဖြစ်ပါတယ်။ အဲဒီအခွေနဲ့ Member ကတ်ကို အိမ်တိုင်ရာရောက် လာပို့ပေးမှာဖြစ်ပါတယ်။ အဲဒါတွေနဲ့တင် ပရိသတ်များပေးရမယ့် ၆၅၀၀ ဟာကျေသွားပါပြီ။ Member ဝင်တွေက တရားဝင် စိုင်းစိုင်းရဲ့ Member တွေဖြစ်လာမယ်။ ရံဖန်ရံခါမှာ အထူးအခွင့်အရေးတွေကို ရရှိမှာဖြစ်ပါတယ်” လို့လည်း စိုင်းစိုင်းရဲ့တရားဝင်အဖွဲ့ဝင်ဖြစ်လာဖို့အတွက်ကို ထပ်မံရှင်းပြပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ တရားဝင်အဖွဲ့ဝင်ဖြစ်ချင်သူများအနေနဲ့ Sai Stardom ကို Join မယ်ဆိုရင် စိုင်းစိုင်း Facebook ကနေဆင့် Link ပေးထားမှာဖြစ်ပြီး၊ လက်ရှိစိုင်းစိုင်းခမ်းလှိုင်အသုံးပြုနေတဲ့ Sai Sai Kham Leng ပေ့ချ်ကလည်း Like ၈ သန်းနီးပါး ရရှိထားတာကိုလည်း တွေ့ရပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။