[Zawgyi]








www.akhayar.com
[Unicode]

အဆိုတော် Rဇာနည် မိသားစုမှ နာရေး ကူညီမှုအသင်းကို နိဗ္ဗာန်ယာဉ်(၁)စီးလှူဒါန်း

အဆိုတော် Rဇာနည် မိသားစုမှ ရန်ကုန် နာရေး ကူညီမှုအသင်းကို နိဗ္ဗာန်ယာဉ်(၁)စီး ဧပြီ ၁၀ရက်နေ့နံနက်ပိုင်းက လှူဒါန်း ခဲ့ကြောင်း နာရေးကူညီမှု အသင်း ( ရန်ကုန်) မှသိရပါတယ်။

နိုင်ငံကျော်တေးသံရှင် အဆိုတော်Rဇာနည်+ဝမ်း ၊ သားကြီး-ဖစ်ဖစ်တုန်၊သားငယ်- ချစ်ချစ်တုန် မိသားစု နှင့် ကမ္ဘာသားစီးရီး(၇)ရက်သားသမီး၊ ပရိတ်သတ်အပေါင်း တို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ – (၆,၅၀၀,၀၀၀/-) တန်ဖိုးရှိ (HSE-6020)(2003 Model) Alphard နိဗ္ဗာန်ယာဉ်(၁)စီးအား မွန်မြတ်လှစွာ လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးကျော်သူမှ ဂုဏ်ပြုလွှာပေးအပ်ခဲ့ကြောင်းသိရပါတယ်။

အဆိုတော် အာဇာနည်တို့မိသားစု

အဆိုတော် အာဇာနည်တို့မိသားစု

အလှူရှင် အဆိုတော်Rဇာနည်+ဝမ်း ၊ သားကြီး-ဖစ်ဖစ်တုန်၊သားငယ်- ချစ်ချစ်တုန် မိသားစု နှင့် ကမ္ဘာသား စီးရီး(၇)ရက်သားသမီး၊ ပရိတ်သတ်အပေါင်းတို့သည်လည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ စီးပွားဥစ္စာဒီရေ အလားတိုးတက်ကြပါစေကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဆုမွန်ကောင်းတိုင်းလိုက်ကြောင်းသိရပါတယ်။

Photo Credit:Zarnimyo Nyunt Facebook

www.akhayar.com