This Football update is proudly sponsored by Telenor Myanmar.

[Zawgyi]









REF:The Sun,Guardian
Naing Linn(Akhayar)
www.akhayar.com

အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရိုင်းစိုင်းတဲ့အပြုအမူကြောင့် ဝေဖန်ခံနေရတဲ့ အဆိုတော်ကြီး ရော်ဘီဝီလီယံစ် Robbie Williams

ဗြိတိန်နာမည်ကျော် အဆိုတော်ကြီး ရော်ဘီဝီလီယံစ် Robbie Williams တစ်ယောက်တော့ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ မလိုက်တဲ့ အပြုအမူကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ၂၀၁၈ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားမှာ ဖျော်ဖြေတင်ဆက်ခဲတဲ့ ရော်ဘီဝီလီယံစ်က သီချင်းသီဆိုနေတုန်း သူ့ကိုရိုက်ကူးနေတဲ့ ကင်မရာကို လက်ခလယ်ထောင်ပြခဲ့တာပါ။

Robbie-Williams-and-Aida-Garifullina-perform1

Robbie-Williams-and-Aida-Garifullina-perform1

ကမ္ဘာ့ဖလားဖွင့်ပွဲကို ရုပ်သံကနေကြည့်ရှုနေတဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေရော၊ ကွင်းထဲက ပရိသတ်တွေပါ ရော်ဘီဝီလီယံစ်ရဲ့ အပြုအမူကို တအံ့တသြဖြစ်ခဲ့ရတယ်။ အဲဒီမတိုင်ခင် ရော်ဘီဝီလီယံဟာ သူသီဆိုရမယ့် သီချင်းစာသား /Every night/Pimpin’ ain’t easy အစား Most of them fleece me/I did this for free လို့ ပြောင်းလဲသီဆိုခဲ့ပြီး မကြာခင်မှာပဲ ကင်မရာဘက်ကို လက်ခလယ်ထောင်ပြခဲ့တာပါ။

Robbie-Williams-shows-his-Middle-Finger

Robbie-Williams-shows-his-Middle-Finger

ရော်ဘီဝီလီယံစ်ရဲ့ လုပ်ရပ်က လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပွဲဆူခဲ့ပြီး တချို့ကလည်း ထောက်ခံခဲ့သလို တချို့ပရိသတ်တွေကတော့ ဝေဖန်ခဲ့ကြတယ်။ ပရိသတ်တစ်ဦးက “ရော်ဘင်ဝီလီယံစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို စောင့်ကြည့်နေကြတဲ့ ပရိသတ်သန်းပေါင်းများစွာကို ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ခဲ့တာပါ”ဆိုပြီး Twitter စာမျက်နှာမှာ ဝေဖန်ရေးသားခဲ့တယ်။ ရော်ဘီဝီယံစ်ဟာ ဘာအကြောင်းကြောင့် ဒီလို ရိုင်းစိုင်းတဲ့အပြုအမူ ပြုလုပ်ခဲ့သလဲဆိုတာ မသိရပေမယ့် ဗြိတိန်နာမည်ကျော် Guardian သတင်းစာကတော့ ရော်ဘီဝီလီယံစ်ဟာ LGBT အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားတဲ့သူဖြစ်ပြီး ရုရှားနိုင်ငံက LGBT ကို အားပေးတဲ့နိုင်ငံ မဟုတ်တာကြောင့် အဲဒီလိုနိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားမှာ ဖျော်ဖြေခဲ့လို့ သူ့အပေါ် ဝေဖန်နေတဲ့သူတွေကို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့တယ်။

REF:The Sun,Guardian
Photo:Youtube,wordpress,.gannett-cdn
Naing Linn(Akhayar)
www.akhayar.com