[Zawgyi]

ပင့္ကူကိုေၾကာက္ေပမယ့္­ Spider Man ဇာတ္ကားေတာ့ ႀကိဳက္ပါတယ္လို႕ေျပာခဲ့တဲ့ ၿဖိဳးျပည့္စံု

လရိပ္ဆိုတဲ့ သီခ်င္းေလးနဲ႕ ပရိသတ္ထဲရင္ထဲကိုဝင္ေရာက္ခဲ့တဲ့ အဆိုေတာ္ၿဖိဳးျပည့္စံုနဲ႕ ေတြ႕ဆံုခိုက္သူ႕ေၾကာက္တတ္တဲ့ တိရစာၦန္အေကာင္ကို သိပါရေစလို႕ေမးျမန္းခဲ့တဲ့ အခါ အခုလိုေျဖေပးခဲ့တာျဖစ္ပါတယ္။

ကိုၿဖိဳးျပည့္စံု မွာ ေၾကာက္တက္တဲ့ တိရစာၦန္အေကာင္ရွိရင္သိပါရေစ?

“ကြ်န္ေတာ္ေၾကာက္တဲ့ အေကာင္ကေလ အင္းဆက္လို႕ေျပာရမယ္ေပါ့ေလ။ အမွန္တကယ္ေတာ့ ေၾကာက္တဲ့ အေကာင္ အေၾကာင္းကိုေျပာေလ့ေတာ့မရွိပါဘူး။ ေမးလာေတာ့လည္း ေျပာရေတာ့မွာေပါ့ေလ။အင္းဆက္ေတြထဲက ပင့္ကူ ကို အရမ္းေၾကာက္ပါတယ္။ ပင့္ကူကိုဘယ္လုိေတာင္ေၾကာက္တာလဲ ဆိုေတာ့ ပင့္ကူေသးေသးေလးေတြကိုေတာင္ေၾကာက္ပါတယ္။

ၿဖိဳးျပည့္စံု

ၿဖိဳးျပည့္စံု

ကေလးဘဝ ကဆိုရင္ အဖြားေတြရဲ႕ အိမ္က အိမ္ေဟာင္းႀကီးေပါ့ေလ အဲ့မွာ ကြ်န္ေတာ္အိမ္သာတက္ခ်င္လာေရာ အိမ္သာကလည္း အိမ္ရဲ႕ေနာက္ေဖးမွာ ဆိုေတာ့ ၾကပ္ခိုးေတြလည္းရွိတာေပါ့ေလ။ ကိုယ္ေရာက္တဲ့ အခ်ိန္မွာပဲ ပင့္ကူကလည္းလက္တစ္ဝါးေလာက္ရွိတဲ့ဟာ ကို ေတြ႕ၿပီး အိမ္သာေတာင္မတတ္နိုင္ဘဲ ဝမ္းခ်ဳပ္သြားတဲ့ အေျခအေနအထိေတာင္ေရာက္ခဲ့ဖူးပါတယ္” ဆိုၿပီး သူေၾကာက္တဲ့ ပင့္ကူအေၾကာင္းကိုေျပာျပခဲ့တာလည္းျဖစ္ပါတယ္။

ၿဖိဳးျပည့္စံု

ၿဖိဳးျပည့္စံု

ဒါဆိုရင္ Spider Man ဇာတ္လမ္းကိုေရာမၾကည့္ဘူးလား?

“Spider Man ဇာတ္လမ္းေတာ့ၾကည့္ပါတယ္။ အဲ့လိုရုပ္ရွင္ကားေတြကိုလည္းသေဘာက်ပါတယ္ ဒါေပမယ့္ အျပင္မွာ လက္ေတြ႕ဆိုရင္ေတာ့ ပင့္ကူကို ေၾကာက္ပါတယ္” ဆိုၿပီး ပင့္ကူကိုေၾကာက္ေပမယ့္လို႕ Spider Man ဇာတ္လမ္းကိုေတာ့ သေဘာက်တယ္ ဆိုတာကိုလည္းေျပာျပခဲ့တာျဖစ္ပါတယ္။

Photo Credit:Phyo Pyae Sone Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

ပင့်ကူကိုကြောက်ပေမယ့်­ Spider Man ဇာတ်ကားတော့ ကြိုက်ပါတယ်လို့ပြောခဲ့တဲ့ ဖြိုးပြည့်စုံ

လရိပ်ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်ထဲရင်ထဲကိုဝင်ရောက်ခဲ့တဲ့ အဆိုတော်ဖြိုးပြည့်စုံနဲ့ တွေ့ဆုံခိုက်သူ့ကြောက်တတ်တဲ့ တိရစ္ဆာန်အကောင်ကို သိပါရစေလို့မေးမြန်းခဲ့တဲ့ အခါ အခုလိုဖြေပေးခဲ့တာဖြစ်ပါတယ်။

ကိုဖြိုးပြည့်စုံ မှာ ကြောက်တက်တဲ့ တိရစ္ဆာန်အကောင်ရှိရင်သိပါရစေ?

“ကျွန်တော်ကြောက်တဲ့ အကောင်ကလေ အင်းဆက်လို့ပြောရမယ်ပေါ့လေ။ အမှန်တကယ်တော့ ကြောက်တဲ့ အကောင် အကြောင်းကိုပြောလေ့တော့မရှိပါဘူး။ မေးလာတော့လည်း ပြောရတော့မှာပေါ့လေ။အင်းဆက်တွေထဲက ပင့်ကူ ကို အရမ်းကြောက်ပါတယ်။ ပင့်ကူကိုဘယ်လိုတောင်ကြောက်တာလဲ ဆိုတော့ ပင့်ကူသေးသေးလေးတွေကိုတောင်ကြောက်ပါတယ်။

ဖြိုးပြည့်စုံ

ဖြိုးပြည့်စုံ

ကလေးဘဝ ကဆိုရင် အဖွားတွေရဲ့ အိမ်က အိမ်ဟောင်းကြီးပေါ့လေ အဲ့မှာ ကျွန်တော်အိမ်သာတက်ချင်လာရော အိမ်သာကလည်း အိမ်ရဲ့နောက်ဖေးမှာ ဆိုတော့ ကြပ်ခိုးတွေလည်းရှိတာပေါ့လေ။ ကိုယ်ရောက်တဲ့ အချိန်မှာပဲ ပင့်ကူကလည်းလက်တစ်ဝါးလောက်ရှိတဲ့ဟာ ကို တွေ့ပြီး အိမ်သာတောင်မတတ်နိုင်ဘဲ ဝမ်းချုပ်သွားတဲ့ အခြေအနေအထိတောင်ရောက်ခဲ့ဖူးပါတယ်” ဆိုပြီး သူကြောက်တဲ့ ပင့်ကူအကြောင်းကိုပြောပြခဲ့တာလည်းဖြစ်ပါတယ်။

ဖြိုးပြည့်စုံ

ဖြိုးပြည့်စုံ

ဒါဆိုရင် Spider Man ဇာတ်လမ်းကိုရောမကြည့်ဘူးလား?

“Spider Man ဇာတ်လမ်းတော့ကြည့်ပါတယ်။ အဲ့လိုရုပ်ရှင်ကားတွေကိုလည်းသဘောကျပါတယ် ဒါပေမယ့် အပြင်မှာ လက်တွေ့ဆိုရင်တော့ ပင့်ကူကို ကြောက်ပါတယ်” ဆိုပြီး ပင့်ကူကိုကြောက်ပေမယ့်လို့ Spider Man ဇာတ်လမ်းကိုတော့ သဘောကျတယ် ဆိုတာကိုလည်းပြောပြခဲ့တာဖြစ်ပါတယ်။

Photo Credit:Phyo Pyae Sone Facebook

ကြည်သာ (Akhayar)

www.akhayar.com