ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ရဲ႕ Youth Mass သီခ်င္းဆိုခဲ့တဲ့ ပန္းေရာင္ျခယ္

singer-pan-yaung-chel-sang-in-youth-mass

[Zawgyi]

ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ရဲ႕ Youth Mass သီခ်င္းဆိုခဲ့တဲ့ ပန္းေရာင္ျခယ္

ျမန္မာႏိုင္ငံကို ၿငိမ္းခ်မ္းေရးခရီးစဥ္အျဖစ္ေရာက္ရွိေနတဲ့ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ရဲ႕ ႏိုဝင္ဘာ ၃၀ ရက္ေန႔မွာျပဳလုပ္တဲ့ Youth Mass (လူငယ္ေတးဂီတေဖ်ာ္ေျဖမႈ)အစီအစဥ္မွာ ေတးသံရွင္ ပန္းေရာင္ျခယ္က ဆာလံသီခ်င္းပါဝင္သီဆိုခဲ့တယ္လို႔သိရပါတယ္။ ဆယ္ေက်ာ္သက္ေတးသံရွင္ ပန္းေရာင္ျခယ္ဟာ ရိုမန္ကတ္သလစ္ဘာသာဝင္တစ္ဦးျဖစ္ၿပီးေတာ့ အခုလိုပုပ္ဖရန္စစ္ရဲ႕ Pope Francis’ Youth Mass မွာ ပါဝင္ခြင့္ရတဲ့အတြက္ ေပ်ာ္တယ္လို႔ဆိုပါတယ္။

“ပါဝင္သီဆိုရတဲ့အတြက္ အရမ္းကံေကာင္းတယ္လို႔ထင္ပါတယ္၊ ပုပ္ဖရန္စစ္ရဲ႕ ျမန္မာျပည္ခရီးစဥ္မွာ တစ္ေထာင့္တစ္ေနရာကေန ကိုယ္က ပါဝင္ခြင့္ရတယ္ေပါ့ေနာ္။ အဲဒီအတြက္ေၾကာင့္ အရမ္းေပ်ာ္ပါတယ္။ ပုပ္ဖရန္စစ္ လာမယ္ဆိုတာသိေတာ့ အရမ္းေပ်ာ္ပါတယ္။ ပုပ္ဖရန္စစ္ကိုေတြ႕ရဖို႔ဆိုတာ မလြယ္ဘူးေပါ့ေနာ္။ ပုပ္ဖရန္စစ္ရဲ႕ ခရီးစဥ္ကလည္း အဓိကက ျငိမ္းခ်မ္းေရးခရီးစဥ္ဆိုေတာ့ ပုပ္ဖရန္စစ္ကိုလည္း ဖူးေမွ်ာ္ခြင့္ရေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး လူေတြလည္း အလင္းရသြားမယ္လို႔ ယံုၾကည္တယ္” လို႔ ပန္းေရာင္ျခယ္ကေျပာပါတယ္။

ရုိမန္ကတ္သလစ္သာသနာေတာ္ရဲ႕ ၂၆၆ ေယာက္ေျမာက္ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ ပထမဆံုး လာေရာက္တဲ့ ျမန္မာျပည္ခ်စ္ၾကည္ေရးခရီးစဥ္ရဲ႕ သံုးရက္ေျမာက္ေန႔ (ႏိုဝင္ဘာလ ၂၉ရက္ေန႔)က ရန္ကုန္ၿမိဳ႕က်ိဳကၠဆံကြင္းမွာ ပုပ္ဖရန္စစ္ရဲ႕ မစာၦးတရားေတာ္ေဟာၾကားတဲ့ ပြဲကိုက်င္းပခဲ့ၿပီး ျမန္မာတစ္ႏိုင္ငံလံုးမွာရွိတဲ့ ကက္သလစ္ဘာသာဝင္မ်ားအပါအဝင္ ပရိတ္သတ္တစ္သိန္းေက်ာ္ လာေရာက္ခဲ့ၾကပါတယ္။ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ရဲ႕ ျမန္မာျပည္ၿငိမ္းခ်မ္းေရးခရီးစဥ္ဟာ ႏိုဝင္ဘာ ၂၇ ရက္ေန႔ကေနစတင္ၿပီး ႏိုဝင္ဘာ ၃၀ ရက္ေန႔မွာ ၿပီးဆံုးမွာျဖစ္ၿပီးေတာ့ ပုပ္ဖရန္စစ္အေနနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ဆက္လက္ႂကြေရာက္မွာျဖစ္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ Youth Mass သီချင်းဆိုခဲ့တဲ့ ပန်းရောင်ခြယ်

မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာပြုလုပ်တဲ့ Youth Mass (လူငယ်တေးဂီတဖျော်ဖြေမှု)အစီအစဉ်မှာ တေးသံရှင် ပန်းရောင်ခြယ်က ဆာလံသီချင်းပါဝင်သီဆိုခဲ့တယ်လို့သိရပါတယ်။ ဆယ်ကျော်သက်တေးသံရှင် ပန်းရောင်ခြယ်ဟာ ရိုမန်ကတ်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပြီးတော့ အခုလိုပုပ်ဖရန်စစ်ရဲ့ Pope Francis’ Youth Mass မှာ ပါဝင်ခွင့်ရတဲ့အတွက် ပျော်တယ်လို့ဆိုပါတယ်။

“ပါဝင်သီဆိုရတဲ့အတွက် အရမ်းကံကောင်းတယ်လို့ထင်ပါတယ်၊ ပုပ်ဖရန်စစ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ တစ်ထောင့်တစ်နေရာကနေ ကိုယ်က ပါဝင်ခွင့်ရတယ်ပေါ့နော်။ အဲဒီအတွက်ကြောင့် အရမ်းပျော်ပါတယ်။ ပုပ်ဖရန်စစ် လာမယ်ဆိုတာသိတော့ အရမ်းပျော်ပါတယ်။ ပုပ်ဖရန်စစ်ကိုတွေ့ရဖို့ဆိုတာ မလွယ်ဘူးပေါ့နော်။ ပုပ်ဖရန်စစ်ရဲ့ ခရီးစဉ်ကလည်း အဓိကက ငြိမ်းချမ်းရေးခရီးစဉ်ဆိုတော့ ပုပ်ဖရန်စစ်ကိုလည်း ဖူးမျှော်ခွင့်ရတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လူတွေလည်း အလင်းရသွားမယ်လို့ ယုံကြည်တယ်” လို့ ပန်းရောင်ခြယ်ကပြောပါတယ်။

ရိုမန်ကတ်သလစ်သာသနာတော်ရဲ့ ၂၆၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးဖရန်စစ် ပထမဆုံး လာရောက်တဲ့ မြန်မာပြည်ချစ်ကြည်ရေးခရီးစဉ်ရဲ့ သုံးရက်မြောက်နေ့ (နိုဝင်ဘာလ ၂၉ရက်နေ့)က ရန်ကုန်မြို့ကျိုက္ကဆံကွင်းမှာ ပုပ်ဖရန်စစ်ရဲ့ မစ္ဆားတရားတော်ဟောကြားတဲ့ ပွဲကိုကျင်းပခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကက်သလစ်ဘာသာဝင်များအပါအဝင် ပရိတ်သတ်တစ်သိန်းကျော် လာရောက်ခဲ့ကြပါတယ်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ မြန်မာပြည်ငြိမ်းချမ်းရေးခရီးစဉ်ဟာ နိုဝင်ဘာ ၂၇ ရက်နေ့ကနေစတင်ပြီး နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီးတော့ ပုပ်ဖရန်စစ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ကြွရောက်မှာဖြစ်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။