[Zawgyi]
www.akhayar.com
[Unicode]
မြန်မာသံစဉ်တွေပဲသီဆိုသလို မြန်မာဝတ်စုံလေးကိုသာကြိုက်တယ်ဆိုတဲ့ ပန်းအိဖြူနဲ့တွေ့ဆုံခြင်း
မြန်မာသံစဉ်သီချင်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်သီဆိုတတ်တဲ့ မြန်မာသံစဉ်အဆိုရှင် ပန်းအိဖြူကတော့ စိတ်ဖိစီးမှုတွေကို ဘုရားဝတ်ပြုပြီးဖြေလျော့လိုက်တာပဲလို့ ဆိုပါတယ်။ ပရိသတ်တွေကလည်း အမြဲမြန်မာဆန်ဆန်ဝတ်စုံလေးတွေနဲ့သာ တွေ့ရတတ်တဲ့ ပန်းအိဖြူကို နှစ်ခြိုက်အားပေးကြသလို သူမကိုယ်တိုင်ကလည်း မြန်မာဆန်တဲ့ ဖက်ရှင်လေးတွေကိုသာ အမြဲဝတ်ဆင်တယ်လို့ ဆိုပါတယ်။ ပန်းအိဖြူနဲ့တွေ့ဆုံခိုက်မှာ မေးမြန်းမိသမျှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
ပရိသတ်တွေသိချင်နေကြတဲ့ အချစ်ရေးက….
အချစ်ရေးက အစ်မအတွက် ထူးထူးခြားခြား ဘာမှမရှိပါဘူး။
လိုချင်တဲ့ အိမ်ထောက်ဖက်ပုံစံ…
အစ်မလိုချင်တဲ့ အိမ်ထောင်ဖက်ပုံစံက ငွေကြေးဆင်းရဲတာချမ်းသာတာ အဓိကမဟုတ်ပါဘူး။ဘာသာတရားကိုင်းရှိုင်းပြီး၊ ရိုးသားကြိုးစားတဲ့သူ၊ ကိုယ့်ကို အပြည့်အဝနားလည်ချစ်မြတ်နိုးပြီး ကိုယ်ကျင့်တရားကောင်းတဲ့သူ၊ သစ္စာတရားကို တန်ဖိုးထားတဲ့သူ ဖြစ်စေချင်ပါတယ်။
စိတ်ဖိစီးမှုရှိလာရင် ပြေပျောက်ဖို့ ဘာတွေလုပ်ဖြစ်လဲ…
စိတ်ဖိစီးမှုတွေများလာရင် ဘုရားဝတ်ပြုပါတယ်။
မနက်မိုးလင်းအိပ်ရာနိုးတာနဲ့ဘာအရင်ဆုံးလုပ်တတ်လဲ…
မနက်မိုးလင်းတာနဲ့ကိုယ်လက်သန့်စင်ပြီး ဘုရားဝတ်ပြုပါတယ်။
အကြိုက်ဆုံးဖက်ရှင်ဒီဇိုင်းကရော…
အစ်မအကြိုက်ဆုံးဖက်ရှင်ဒီဇိုင်းက မြန်မာဝတ်စုံတွေပါပဲ။
မိသားစုထဲမှလိမ္မာတဲ့သမီးတစ်ယောက်လား…
ကိုယ့်ကိုယ်ကိုတော့လိမ္မာတယ် ထင်တာပဲ။
လတ်တလောဘာတွေလုပ်ဖြစ်နေလဲ…
လတ်တလောနယ်ပွဲ၊ ရန်ကုန်ပွဲတွေမှာသီချင်းလိုက်ဆိုနေပါတယ်။
အခုဖြစ်နေတဲ့ခံစားချက်…
ပရိသတ်တွေအတွက် သီချင်းခွေတွေ တစ်ခွေပြီးတစ်ခွေထွက်ချင်တယ်။အသစ်တွေ ဆိုပြချင်တယ်။
www.akhayar.com