[Zawgyi]






Stella(Akhayar)

www.Akhayar.com 

[Unicode]

ဘန်ကောက်ကို အလည်ရောက်ရှိနေတဲ့ အဆိုတော် နိုင်းဝမ်း

နင်သာရှိရင် ဆိုတဲ့ သီချင်းလေးနဲ့အတူ ပရိသတ်အားပေးမှုတခဲနက်ရရှိခဲ့တဲ့ အဆိုတော် နိုင်းဝမ်း တစ်ယောက် ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဘန်ကောက်က ဆာဖာရီဥယျာဉ်မှာ လည်ပတ်ရင်း အပျော်ကြီးပျော်နေတဲ့ နိုင်းဝမ်း ကတော့ သူ့ရဲ့ ခရီးသွားပုံရိပ်တွေကို လူမှုကွန်ရက်အကောင့်ကနေ မျှဝေထားတာဖြစ်ပါတယ်။

သူဟာ ခရီးတွေသွားရာမှာ ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး တစ်ခါတစ်လေမှာ ချစ်သူနဲ့အတူ ပြည်တွင်းပြည်ပခရီးတွေကို အတူတူသွားလေ့ရှိတာကိုတွေ့ရပါတယ်။
စလုံးချစ်သူ၊ ကမ္ဘာငယ်လေး၊ အရောင်မဆိုးနဲ့၊ နင်သာရှိရင်(၁)(၂) စတဲ့ သီချင်းကောင်းလေးတွေက သူ့ကို ဂီတလောကမှာ အောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူနိုင်စေခဲ့ပါတယ်။

လူငယ်ပရိသတ်တွေကြားမှာ လက်ရှိအချိန်ထိ ရိုးမသွားအောင် လူကြိုက်များနေဆဲဖြစ်တာမို့ သူ့ကို သီချင်းသစ်တွေကိုထွက်ရှိလာဖို့ ပရိသတ်တွေကတော့ မျှော်လင့်နေကြမှာပါ။ ခရီးတွေထွက်ရရင်ပျော်နေတဲ့ နိုင်းဝမ်းရဲ့ ဘန်ကောက်ရောက် ပုံရိပ်တွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Photos Credit -Kyawzin Latt Facebook

Stella(Akhayar)

www.Akhayar.com