[Zawgyi]

ကခ်င္အမ်ိဳးသမီးအဆိုေတာ္ေတြစုၿပီး သီခ်င္းေခြထုတ္ဖုိ႔ႀကိဳးစားေနတဲ့ Nကိုင္ရာ

မိန္းကေလးပရိသတ္အႀကိဳက္သီခ်င္းေလးေတြကုိသီိဆိုတတ္တဲ့ ကခ်င္တိုင္းရင္းသူN ကိုင္ရာက ကခ်င္အမ်ိဳးသမီးအဆိုေတာ္ေတြေပါင္းၿပီး ကခ်င္သီခ်င္းေခြတစ္ေခြထြက္ဖို႔ ႀကိဳးစားေနၾကတယ္လို႔ ေျပာပါတယ္။“ဟုတ္ပါတယ္ အစ္မတုိ႔ႀကိဳးစားေနၾကတယ္။ ကခ်င္အမ်ိဳးသမီးအဆိုေတာ္ေတြပဲစုၿပီး ဆိုၾကမယ္။ ဆူဇီ၊ အမြန္း၊ ေရဗကၠာဝင္း၊ L ဆိုင္းဇီ နဲ႔ ဘလူးဘယ္ရီအဖြဲ႔တို႔ပါမယ္။ အားလံုးတိုင္ပင္ၿပီး ကခ်င္သီခ်င္းေလးေတြထြက္ဖို႔ကို ညီအစ္မေတြ ေပါင္းၿပီးလုပ္ေနၾကတယ္။ ေရွ႕လထဲေလာက္ေတာ့ ထြက္ျဖစ္ဖို႔ တိုင္ပင္ထားတယ္။ သိပ္ေတာ့မေသခ်ာေသးပါဘူး။ အစကေတာ့ လုပ္မယ္လို႔ စကားစထားတာၾကာၿပီးေပါ့ေနာ္။ သိတဲ့အတိုင္း တစ္ေယာက္နဲ႔တစ္ေယာက္ဆံုဖို႔ကလည္း ေတာ္ေတာ္ကို ခက္ၾကတယ္။ ဆံုၿပီးေျပာျဖစ္ၾကေတာ့ အဲဒီလုိအေခြေလးလုပ္ခ်င္တယ္ဆိုၿပီး လုပ္ျဖစ္ၾကတာပါ” လို႔ ကခ်င္သီခ်င္းေခြထြက္ရွိမယ့္အေၾကာင္းနဲ႔ပတ္သက္ၿပီး သူမကေျပာပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ကခ်င္သီခ်င္းေခြဆိုေတာ့ ကခ်င္သီခ်င္းေတြပဲထည့္သြားမွာလားလို႔ေမးၾကည့္လို႔ Nကိုင္ရာက “အဲဒါကေတာ့ အစ္မတို႔ ေသခ်ာေျပာလို႔မရေသးဘူး။ သီခ်င္းေဟာင္းေလးေတြေတာ့ ထည့္ဖို႔ေျပာထားတယ္။ တစ္ေယာက္တစ္ပုဒ္စီ ဆိုမယ္။ အတြဲေလးေတြလည္း ဆိုဖို႔စီစဥ္ထားတယ္။ အခုကေတာ့ မၾကာခင္က်င္းပေတာ့မယ့္ မိုးကုတ္ႏွစ္ (၈၀၀)ျပည့္ေဖ်ာ္ေျဖပြဲအတြက္ အစ္မတို႔ ဦးစားေပးၿပီးလုပ္ေနတယ္” လို႔ ဆိုပါတယ္။

အဆိုေတာ္ Nကိုင္ရာအေနနဲ႔ အိမ္ေထာင္က်ၿပီးကတည္းက ပရိသတ္ေတြနဲ႔ အဆက္အသြယ္ခဏတာျပတ္သြားၿပီး “ေလဒီကိုင္ရာ”အမည္ရွိတဲ့ တစ္ကိုယ္ေတာ္သီခ်င္းေခြကိုထြက္ရွိထားၿပီး ယခုအခ်ိန္အထိ ပရိသတ္ေတြအားေပးမႈရရွိေနေသးတဲ့ အဆိုေတာ္တစ္ဦးလည္းျဖစ္ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကချင်အမျိုးသမီးအဆိုတော်တွေစုပြီး သီချင်းခွေထုတ်ဖို့ကြိုးစားနေတဲ့ Nကိုင်ရာ

မိန်းကလေးပရိသတ်အကြိုက်သီချင်းလေးတွေကိုသီဆိုတတ်တဲ့ ကချင်တိုင်းရင်းသူN ကိုင်ရာက ကချင်အမျိုးသမီးအဆိုတော်တွေပေါင်းပြီး ကချင်သီချင်းခွေတစ်ခွေထွက်ဖို့ ကြိုးစားနေကြတယ်လို့ ပြောပါတယ်။“ဟုတ်ပါတယ် အစ်မတို့ကြိုးစားနေကြတယ်။ ကချင်အမျိုးသမီးအဆိုတော်တွေပဲစုပြီး ဆိုကြမယ်။ ဆူဇီ၊ အမွန်း၊ ရေဗက္ကာဝင်း၊ L ဆိုင်းဇီ နဲ့ ဘလူးဘယ်ရီအဖွဲ့တို့ပါမယ်။ အားလုံးတိုင်ပင်ပြီး ကချင်သီချင်းလေးတွေထွက်ဖို့ကို ညီအစ်မတွေ ပေါင်းပြီးလုပ်နေကြတယ်။ ရှေ့လထဲလောက်တော့ ထွက်ဖြစ်ဖို့ တိုင်ပင်ထားတယ်။ သိပ်တော့မသေချာသေးပါဘူး။ အစကတော့ လုပ်မယ်လို့ စကားစထားတာကြာပြီးပေါ့နော်။ သိတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက်ဆုံဖို့ကလည်း တော်တော်ကို ခက်ကြတယ်။ ဆုံပြီးပြောဖြစ်ကြတော့ အဲဒီလိုအခွေလေးလုပ်ချင်တယ်ဆိုပြီး လုပ်ဖြစ်ကြတာပါ” လို့ ကချင်သီချင်းခွေထွက်ရှိမယ့်အကြောင်းနဲ့ပတ်သက်ပြီး သူမကပြောပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ကချင်သီချင်းခွေဆိုတော့ ကချင်သီချင်းတွေပဲထည့်သွားမှာလားလို့မေးကြည့်လို့ Nကိုင်ရာက “အဲဒါကတော့ အစ်မတို့ သေချာပြောလို့မရသေးဘူး။ သီချင်းဟောင်းလေးတွေတော့ ထည့်ဖို့ပြောထားတယ်။ တစ်ယောက်တစ်ပုဒ်စီ ဆိုမယ်။ အတွဲလေးတွေလည်း ဆိုဖို့စီစဉ်ထားတယ်။ အခုကတော့ မကြာခင်ကျင်းပတော့မယ့် မိုးကုတ်နှစ် (၈၀၀)ပြည့်ဖျော်ဖြေပွဲအတွက် အစ်မတို့ ဦးစားပေးပြီးလုပ်နေတယ်” လို့ ဆိုပါတယ်။

အဆိုတော် Nကိုင်ရာအနေနဲ့ အိမ်ထောင်ကျပြီးကတည်းက ပရိသတ်တွေနဲ့ အဆက်အသွယ်ခဏတာပြတ်သွားပြီး “လေဒီကိုင်ရာ”အမည်ရှိတဲ့ တစ်ကိုယ်တော်သီချင်းခွေကိုထွက်ရှိထားပြီး ယခုအချိန်အထိ ပရိသတ်တွေအားပေးမှုရရှိနေသေးတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။