[Zawgyi]

သူမ်ားထက္တမူထူးသြားတဲ့ ဟိန္းမင္းသူရဲ႕ Ki Ki Challenge

အရိပ္ဇာတ္လမ္းတြဲမွာ ပရိသတ္ေတြမ်က္မွန္းတန္းမိခဲ့တဲ့ ေမာ္ဒယ္၊သရုပ္ေဆာင္၊ အဆုိေတာ္ ဟိန္းမင္းသူကေတာ့ အႏုပညာေလာကထဲမွာ တက္သစ္စအႏုပညာရွင္တစ္ေယာက္ျဖစ္ေပမယ့္ Justin Biber နဲ႕တူတယ္ဆုိျပီး လူမႈကြန္ရက္က မိန္းကေလးပရိသတ္ေတြၾကားမွာ ဟုိးေလးတစ္ေက်ာ္ျဖစ္ခဲ့တာပါ ။

အမုိက္စားေဘာ္ဒီနဲ႕ ရူပါအလန္းကုိပုိင္ဆုိင္ထားတဲ့ နႈတ္ခမ္းနီမေလးေတြအသဲေက်ာ္ ဟိန္းမင္းသူ တစ္ေယာက္ လတ္တေလာေခတ္စားေနတဲ့ Kiki Challenge ကုိ ပုဆိုးေလးနဲ႕ ပရိသတ္ေတြအသဲယားေအာင္ ကျပထားတာေတြ႕ရပါတယ္။ ၾသဂုတ္လ(၂၂)ရက္က သူ႕ရဲ႕ လူမႈကြန္ရက္အေကာင့္မွာ “ေဆးထိုးေသာသူမ်ားေၾကာင့္ ႐ိုက္လိုက္ရေသာ” ဆုိျပီး ပုဆုိးေလးနဲ႕ Kiki Challenge လုပ္ထားတဲ့ ဗီဒီယုိေလးတစ္ခုကုိ အေပ်ာ္သက္သက္မွ်ေ၀ထားတာျဖစ္ပါတယ္။

ေယာက်ာ္းပီသတဲ့ ေဘာ္ဒီနဲ႕အေနာက္တုိင္းဆန္တဲ့ သူ႕ရဲ႕ ရုပ္ရည္က ေကာင္မေလးေတြကုိ ပုိျပီး အသဲခုိက္ေစတာျဖစ္ပါတယ္။ ဆယ္လီေတာ္ေတာ္မ်ားမ်ားက အ၀တ္အစားအျပည့္အစုံနဲ႕ Kiki Challenge လုပ္ထားၾကေပမယ့္ ဟိန္းမင္းသူကေတာ့ ပုဆုိးေလး၀တ္ျပီး အေပၚ၀တ္မ၀တ္ထားဘဲ ကျပထားတာေၾကာင့္ အျမင္တစ္မ်ိဳးေလးဆန္းသစ္သြားပါတယ္။ မၾကည့္ရေသးတဲ့ ပရိသတ္ေတြအတြက္ သူကျပထားတဲ့ ဗီဒီယုိ Link ေလးကုိ ေဖာ္ျပလုိက္ပါတယ္ေန္ာ။

Photos Credit – Hein Min thu

Stella(Akhayar)

www.akhayar.com

[Unicode]

သူများထက်ပိုထူးသွားတဲ့ ဟိန်းမင်းသူရဲ့ Ki Ki Challenge

အရိပ်ဇာတ်လမ်းတွဲမှာ ပရိသတ်တွေမျက်မှန်းတန်းမိခဲ့တဲ့ မော်ဒယ်၊သရုပ်ဆောင်၊ အဆိုတော် ဟိန်းမင်းသူကတော့ အနုပညာလောကထဲမှာ တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် Justin Biber နဲ့တူတယ်ဆိုပြီး လူမှုကွန်ရက်က မိန်းကလေးပရိသတ်တွေကြားမှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တာပါ ။

အမိုက်စားဘော်ဒီနဲ့ ရူပါအလန်းကိုပိုင်ဆိုင်ထားတဲ့ နှုတ်ခမ်းနီမလေးတွေအသဲကျော် ဟိန်းမင်းသူ တစ်ယောက် လတ်တလောခေတ်စားနေတဲ့ Kiki Challenge ကို ပုဆိုးလေးနဲ့ ပရိသတ်တွေအသဲယားအောင် ကပြထားတာတွေ့ရပါတယ်။ သြဂုတ်လ(၂၂)ရက်က သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ “ဆေးထိုးသောသူများကြောင့် ရိုက်လိုက်ရသော” ဆိုပြီး သူ့ရဲ့ ပုဆိုးလေးနဲ့ Kiki Challenge လုပ်ထားတဲ့ ဗီဒီယိုလေးတစ်ခုကို အပျော်သက်သက်မျှဝေထားတာဖြစ်ပါတယ်။

ယောကျာ်းပီသတဲ့ ဘော်ဒီနဲ့အနောက်တိုင်းဆန်တဲ့ သူ့ရဲ့ ရုပ်ရည်က ကောင်မလေးတွေကို ပိုပြီး အသဲခိုက်စေတာဖြစ်ပါတယ်။ ဆယ်လီတော်တော်များများက အဝတ်အစားအပြည့်အစုံနဲ့ Kiki Challenge လုပ်ထားကြပေမယ့် ဟိန်းမင်းသူကတော့ ပုဆိုးလေးဝတ်ပြီး အပေါ်ဝတ်မဝတ်ထားဘဲ ကပြထားတာကြောင့် အမြင်တစ်မျိုးလေးဆန်းသစ်သွားပါတယ်။ မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက် သူကပြထားတဲ့ ဗီဒီယိုLink လေးကို ဖော်ပြလိုက်ပါတယ်နေ်ာ။

Photos Credit – Hein Min th

Stella(Akhayar)

www.akhayar.com