[Zawgyi]

သမီးနွစ္ေယာက္ကို ၾကည့္ၿပီး သူ႕ရဲ႕ ဒႆနအခ်ိဳ႕ ကိုေျပာျပခဲ့တဲ့ အဆိုေတာ္လင္းလင္း

အဆိုေတာ္ လင္းလင္းကေဝမွ်ျခင္းနွင့္ တိုင္ခိုက္ျခင္းအေပၚ သူ႕ရဲ႕ အေတြးအျမင္နဲ႕ပတ္သက္လို႕ အခုလိုေရးသားထားတာကို ေတြ႕ရပါတယ္။ပရိသတ္ႀကီးရဲ႕ အျမင္ကေရာ Sharing နဲ႕ Fighting အေပၚဘယ္လိုျမင္မိတယ္ ဆိုတာေလးနဲ႕ အဆိုေတာ္လင္းလင္းရဲ႕ အျမင္နဲ႕တူရဲ႕လားဆိုတာ ဖတ္ၿပီးေတာ့ အေျဖေပးခဲ့ဦးေနာ္…

ကိုလင္းလင္းေျပာျပခဲ့တဲ့ ေဝမွ်ျခင္း နဲ႕ တုိက္ခိုက္ျခင္း ဆိုတာ

“ Sharing & Fighting “

“ကၽြန္ေတာ့္မွာ အႁမႊာသမီးေလးႏွစ္ေယာက္ရွိပါတယ္။ အဲဒီအတြက္ ဝတ္စရာဘဲျဖစ္ျဖစ္, ကစားစရာဘဲျဖစ္ျဖစ္, စားစရာဘဲျဖစ္ျဖစ္ ဘာပစၥည္းဝယ္ဝယ္ ႏွစ္ခုဝယ္ရပါတယ္။ တစ္ေယာက္တစ္ခုဆိုတဲ့ သေဘာေပါ့။ အစကေတာ့ တစ္ခုစီ ေဆာ့လိုက္၊ လုလိုက္နဲ႔ ပံုမွန္ပါဘဲ။ တစ္ရက္မွာေတာ့ ပစၥည္းတစ္ခုကို လုၾကတဲ့အခိုက္အတန္႔မွာ သူတို႔အေမ နဲ႔ ကၽြန္ေတာ္ ဝင္ဆံုးမရာမွ အခုဒီစာကိုေရးဖို႔ ျဖစ္တည္လာတာပါဘဲ။
ကၽြန္ေတာ္တို႔ႏွစ္ေယာက္ ဝင္ဆံုးမရင္းကေန စကားရည္လုတဲ့အဆင့္ျဖစ္သြားၾကပါတယ္။ ေခါင္းစဥ္ကဘာလဲဆိုေတာ့ “ sharing နဲ႔ fighting “ ။ သူတို႔အေမက မွ်ေဝျခင္းဆိုတဲ့ sharing ဘက္က။ ကၽြန္ေတာ္ကက်ေတာ့ တိုက္ခိုက္,တြန္းလွန္,႐ုန္းကန္ ဆိုတဲ့ fight ဘက္က။ သူလဲမွန္တယ္, ကၽြန္ေတာ္လဲ မွန္တယ္။ အမွန္တရားက အရပ္မ်က္ႏွာ မ်ိဳးစံုမွာရွိတာကိုး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ဟာ လူပီသစြာဘဲ ကိုယ့္ရဲ႕အမွန္တရားဟာ ပိုမွန္ေၾကာင္း ျငင္းခံုၾကပါေတာ့တယ္။ ျဖစ္စဥ္ကဒီလိုပါ,,,,,
တစ္ေယာက္ဘဲစီးလို႔ရတဲ့ ရထားအ႐ုပ္ေလးတစ္ခုေပၚမွာ သမီးတစ္ေယာက္ကေဆာ့ေနတယ္။ ေနာက္တစ္ေယာက္က အဲဒီအေပၚမွာဘဲစီးခ်င္လို႔ ရွိေနတဲ့ တစ္ေယာက္ကိုတြန္းခ်တယ္။ အရင္စီးေနတဲ့တစ္ေယာက္ ေအာက္ကိုက်သြားတယ္။ ေနာက္တစ္ေယာက္ကတက္ခြစီးပါတယ္။ ဇာတ္လမ္းစပါၿပီ,,,,

အဆိုေတာ္လင္းလင္းနဲ႕ သူရဲ႕မိသားစု

အဆိုေတာ္လင္းလင္းနဲ႕ သူရဲ႕မိသားစု

သူတို႔အေမက က်သြားတဲ့သမီးကိုထူၿပီး တြန္းလိုက္တဲ့သမီးကို ဆံုးမဖို႔ ထလာပါတယ္။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ္ကတားလိုက္တယ္။ သူတို႔အေမရပ္သြားတယ္။ က်သြားတဲ့သမီးက ကၽြန္ေတာ့္ကို အဓိပၸါယ္တစ္ခုပါတဲ့အၾကည့္နဲ႔ၾကည့္တယ္။ သူ႔ကိုလာထူမယ့္အေမကို ကၽြန္ေတာ္ကတားလိုက္တာကိုး။ တြန္းလိုက္တဲ့သမီးကေတာ့ မ်က္ႏွာစပ္ၿဖီးၿဖီးနဲ႔ေပါ့။ အဲဒီမွာကၽြန္ေတာ္က က်သြားတဲ့သမီးကို လက္သီးကိုဆုပ္ျပ မ်က္လံုးခ်င္းေစ့ေစ့ၾကည့္ၿပီး တစ္ခြန္းခ်င္း ေျပာလိုက္တယ္။ ” သမီးရထားကိုျပန္စီးခ်င္ရင္ ျပန္တြန္းခ်လိုက္ေလ ” လို႔။ အစကေတာ့ က်သြားတဲ့သမီးက နားမလည္ဘူး။ ကၽြန္ေတာ္က ႏွစ္ခါသံုးခါေလာက္ မာန္နဲ႔ေျပာလိုက္တဲ့အခ်ိန္မွာ ႐ုတ္တစ္ရက္ျပန္ထၿပီး သူ႔ကိုတြန္းတဲ့သမီးကို ျပန္တြန္းခ်လိုက္တယ္။ ၿပီးေတာ့ကၽြန္ေတာ့္ကိုလွည့္ၾကည့္တယ္။ ကၽြန္ေတာ္တစ္သက္လံုး ေမ့မရႏိုင္မယ့္ အၾကည့္ေပါ့။ အဲဒီမွာ သူတို႔အေမနဲ႔ ကၽြန္ေတာ္ ျပႆနာစပါၿပီ။ ကေလးေတြကိုဒီလိုသင္မေပးနဲ႔ မွ်ေဝတက္ေအာင္ေလ့က်င့္ပ်ိဳးေထာင္ေပးရမယ္တဲ့။ ကၽြန္ေတာ္ကလဲ ျပန္ေျပာတယ္။ ေနရာတကာမွ်ေဝလို႔မျဖစ္ဘူး။ ရည္မွန္းခ်က္ ပန္းတိုင္တစ္ခုဟာ fight မလုပ္ဘဲ မေရာက္ႏိုင္ဘူး ဆိုၿပီးေပါ့။ သူတို႔အေမကလဲေျပာ ကၽြန္ေတာ္ကလဲေျပာ စကားရည္လု ျငင္းခံုေတြျဖစ္ၾကတာေပါ့။ ကဲ ,,ထားလိုက္ပါေတာ့,,
အဲဒီမွာကၽြန္ေတာ့္အတြက္ ဒီစာကိုေရးဖို႔ ျဖစ္လာပါတယ္။ ေရးတဲ့အခါမွာလဲ စာဖတ္ေကာင္းေအာင္ ပရိတ္သတ္ခ်စ္ေအာင္မေရးဘဲ လူသားတစ္ေယာက္အေနနဲ႔ လူပီသစြာေရးပါမယ္။ မတိုက္ဆိုင္တာေတြပါရင္လဲ ကိုယ့္သေဘာနဲ႔ကိုယ္ဘဲ ေစာရီးလို႔ေတာင္ မေျပာႏိုင္တဲ့အတြက္ ေစာရီးပါ။ကဲ ,,,

အဆိုေတာ္လင္းလင္းနဲ႕ သူရဲ႕မိသားစု

အဆိုေတာ္လင္းလင္းနဲ႕ သူရဲ႕မိသားစု

ဒီကိစၥျဖစ္စဥ္မွာ ကၽြန္ေတာ္ေသေသခ်ာခ်ာ ေတြးေတာၿပီးစဥ္းစားၾကည့္တဲ့အခါ အေၾကာင္းအရာႏွစ္ခုကို ဆင္ျခင္မိပါတယ္။ အဲဒါက ‘ Books smart ‘ နဲ႔
‘Streets smart ‘ ပါဘဲ။ အၾကမ္းဖ်င္းအားျဖင့္ sharing သမားေတြက books smart ေတြမ်ားတာေပါ့။ fight သမားေတြက streets smart ေတြေပါ့ဗ်ာ။ ( books smart ကိုစာေပသမားမ်ားဟု မထင္မွတ္ရန္ႏွင့္ streets smartကို လမ္းသရဲမ်ားဟု မထင္မွတ္ရန္ )
ကၽြန္ေတာ္ကလမ္းေပၚႀကီးခဲ့တယ္။ ကိုယ့္ရဲ႕ပန္းတိုင္ကို အေကာင္အထည္ေဖာ္ဖို႔ fight ေခါင္းစဥ္ေအာက္မွာ ေက်ေက်နပ္နပ္ ခိုလႈံတယ္။ ကိုယ့္ရဲ႕အိပ္မက္အတြက္ နည္းမ်ိဳးစံုနဲ႔ fight တယ္။ အဲဒီအခ်ိန္ေတြမွာ sharing ေတြဘဲလုပ္ခဲ့ရင္ ကၽြန္ေတာ့္ရဲ႕ အိပ္မက္ကို ကၽြန္ေတာ္ရွာေတြ႕မွာ မဟုတ္ဘူးလို႔ လံုးဝယံုၾကည္ပါတယ္။ သမိုင္းလမ္းဆံုမွတ္တိုင္ဟာ ကၽြန္ေတာ့္အတြက္ တစ္ခ်ိဳ႕ညေတြမွာ ဖိုက္စတားဟိုတယ္ျဖစ္ခဲ့ဘူးတယ္။ အေဆာင္ျပန္ဖို႔တစ္အားေနာက္က်ရင္ သြားအိပ္ျဖစ္တယ္။ အမိုးေအာက္ပုရြက္ဆိပ္ မရွိတဲ့ေနရာရွာအိပ္ရတယ္။ မိုးကလဲတစ္ဖြဲဖြဲက်ေနတာကိုး။ ကၽြန္ေတာ့္ေနာက္မွာ အသက္အရမ္းမႀကီးတဲ့ သူေတာင္းစားတစ္ေယာက္ အိပ္ဖို႔ ေရာက္လာတယ္။ အားႏြဲ႕တဲ့လူကိုေနရာဖယ္ေပးမလား ဆိုတဲ့ အၾကည့္နဲ႔ၾကည့္တယ္။ ကၽြန္ေတာ့္ေနရာကို ဖယ္မေပးႏိုင္ပါဘူူး။ ကြ်န္ေတာ္ sharing မလုပ္ႏိုင္ဘူး။ ကၽြန္ေတာ္အိပ္ေရးဝဖို႔ လိုတယ္။ ေနာက္ေန႔ဆူးေလမွာ ေစ်းေရာင္းဖို႔အားေမြးရမယ္။ ဖ်ားလို႔မျဖစ္ဘူးေလ။
လွည္းတန္းမွာအေျခစိုက္တဲ့ ကုမၸဏီတစ္ခုမွာ marketing လုပ္တုန္းကေပါ့။ တစ္အိမ္တက္တစ္အိမ္ဆင္း record လိုက္လုပ္ရတယ္။ ( အဲဒီတုန္းက သူငယ္ခ်င္းေတြေတာင္ ခုထိရွိေသးတယ္ )၊ တစ္ရက္ ကၽြန္ေတာ္ေက်ာက္ေျမာင္းဘက္ကို သြားဖို႔ေရြးခံရတယ္။ အဲဒီမွာ လႈိင္သာယာဘက္သြားရမယ့္ ေဘာ္ဒါတစ္ေယာက္ ေနမေကာင္းလို႔ သြားရမယ့္
ေနရာလဲဖို႔ ကၽြန္ေတာ့္ကို အကူအညီေတာင္းတယ္။ ကၽြန္ေတာ္ sharing မလုပ္ေပးႏိ္ုင္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ေက်ာက္ေျမာင္းမွာ ကိုေမာင္ေမာင္ေဇာ္လတ္တို႔ ရွိတယ္ေလ။ သူတို႔နဲ႔ေတြ႕ႏိုင္မယ့္အခြင့္အေရးတစ္ခုကို လက္လႊတ္ၿပီး sharing လုပ္ေပးရေအာင္ ကၽြန္ေတာ္ကအ႐ူးမွမဟုတ္တာ။ မလုပ္ေပးႏိုင္ပါဘူး။ ကၽြန္ေတာ့္အိပ္မက္ေတြေလဗ်ာ။ အဲဒီ sharing မလုပ္ေပးမိလိုက္လို႔ ရရွိလာတဲ့ ျဖစ္ရပ္မွန္အက်ိဳးေက်းဇူးတစ္ခုကိုေျပာျပမယ္ နားေထာင္ၾကည့္။
တစ္ကယ္ဘဲ ကိုေမာင္ေမာင္ေဇာ္လတ္ နဲ႔ ေတြ႕ဆံုျဖစ္တယ္။ လက္ဖက္ရည္ဆိုင္ေတာင္ထိုင္လိုက္ရတယ္။ မင္းဘာေတြလုပ္ေနလဲဆိုေတာ့ ကိုယ္လုပ္ေနတဲ့အလုပ္ေတြတန္းစီၿပီး ေျပာျပျဖစ္တယ္။ သူ႔ဆီကအားေပးသံေတြၾကားရတယ္။ တစ္ကယ္လဲအားျဖစ္ေစတယ္။ အဲဒီထက္ပိုၿပီးရင္ခုန္စရာေကာင္းတာတစ္ခု ထပ္ေျပာျပမယ္။
ကိုေမာင္ေမာင္ေဇာ္လတ္က သူ႔အိမ္ကို ေခၚသြားၿပီး အခုမွေရးၿပီးတဲ့ ကိုယ္ပိုင္သံစဥ္ သီခ်င္းတစ္ပုဒ္ကို တီးဆိုျပတယ္။ ဘာသီခ်င္းလဲသိလား?။
‘ခဏေလးမ်ား’ ထဲက ကိုေလးဆိုထားတဲ့ “ဝမ္းနည္းမွတ္တမ္း” တဲ့။ မွတ္မိေသးတယ္ ေန႔လည္ေတာင္ မေစာင္းေသးဘူး။
ကဲပါ ဆိုလိုရင္းဆက္သြားရေအာင္,,,,,
ႏွစ္ခုထဲက တစ္ခုကိုမွ်ေဝေပးႏိုင္တယ္။ ရွိတဲ့တစ္ခုကိုေတာ့ မေပးႏိုင္ဘူး။ ကၽြန္ေတာ္က ဘုရားမွမဟုတ္တာ။ ခဲတံေတြ အမ်ားႀကီးပါလာရင္ေတာ့ တစ္ေခ်ာင္းငွားေပးႏိုင္တာေပါ့။ ကိုယ့္မွာ ခဲတံတစ္ေခ်ာင္းဘဲပါလာရင္ေတာ့ ေမ့က်န္ခဲ့တဲ့ေကာင္ကို ငွားမေပးႏိုင္ပါဘူး။ တစ္ေယာက္တစ္လွဲ႕လဲ မလုပ္ေပးႏိုင္ဘူး။ စာကိုအာရံုစိုက္ရဦးမယ္ေလ။ sharing မွာ မ်ိဳးစံုရွိတယ္။ ေနရာတစ္ကာေတာ့ လုပ္လို႔မရဘူး။ ကိုယ့္အိပ္မက္ကို အေကာင္အထည္ေဖာ္ဖို႔ သဘာဝတရားႀကီးထဲမွာ သက္ေသျပခ်က္ေတြလုပ္ဖို႔အမ်ားႀကီးလိုတယ္။ ” ကိုယ္ျဖစ္တည္ေနတာနဲ႔ ကိုယ့္ရဲ႕ ႀကိဳးစားမႈဟာ မမွ်တရင္သတိထားရပါတယ္။ ျဖစ္တည္မႈနိမ့္ၿပီး ႀကိဳးစားမႈ မ်ားေနတာဆိုရင္ တစ္ေနရာရာမွာ error တက္ေနၿပီ။ ျပန္ဆင္ျခင္သင့္ပါတယ္။ ျဖစ္တည္မႈျမင့္ေနၿပီး ႀကိဳးစားမႈနည္းေနရင္ေတာ့ (ယခုေခတ္ ဂီတေလာကမွာ အမ်ားဆံုးေတြ႕ရတဲ့အရာေပါ့) ေသခ်ာတယ္ တစ္ခ်ိဳ႕အခန္းေတြကို password ခိုးႏွိပ္ၿပီးေက်ာ္ေဆာ့ေနတာ။ စိတ္ခ် အဲဒီလိုမ်ိဳးလူဟာ sharing လုပ္လုပ္ fight လုပ္လုပ္ ဘယ္ေတာ့မွ ေနာက္ဆံုးခန္းမေရာက္ဘူး။ သံသရာခ်င္းထပ္ၿပီး ကၽြန္ေတာ္ ေလာင္းရဲပါတယ္။
အဲေတာ့,,, ေလာကႀကီးထဲကေန လြင့္ထြက္မသြားေအာင္ သက္ေသျပခ်က္ေတြခိုင္မာဖို႔ လိုအပ္တဲ့ လူသားကမ႓ာႀကီးထဲမွာ ကၽြန္ေတာ့္ရဲ႕အိပ္မက္ေတြအတြက္ fight လုပ္ရပါတယ္။ လုပ္တဲ့အခါမွာလဲ smart ျဖစ္တဲ့ fight ျဖစ္ဖို႔လိုပါတယ္။ ေအာက္တန္းက်တဲ့ fight မျဖစ္ေအာင္ သတိထားရပါတယ္။ အကယ္၍မ်ား ေအာက္တန္းက်တဲ့ fight လုပ္ေတာ့မယ္ဆိုရင္ေတာ့ ကၽြန္ေတာ္အၾကံတစ္ခုေပးခ်င္တယ္။ ေအာက္တန္းက်တဲ့ sharing ကိုပိုလုပ္ေစခ်င္ပါတယ္။ (ဘယ္လိုမ်ိဳးလဲဆိုေတာ့ ကိုယ့္အက်ိဳးကို အဓိကေမွ်ာ္ကိုးၿပီး အမ်ားအက်ိဳးကို သာမညေမွ်ာ္ကိုးတဲ့ sharing မ်ိဳးကိုဆိုလိုပါတယ္ ) ။ ဘာျဖစ္လို႔လဲဆိုေတာ့ ရာခိုင္ႏႈန္းအမ်ားစုအေနနဲ႔ sharing ဟာ ကုသိုလ္နဲ႔ နီးလို႔ပါ။ fight ကေတာ့ အ,ကုသိုလ္နဲ႔ နည္းနည္းနီးပါတယ္။
ကဲကၽြန္ေတာ့္စာကို အဆံုးသတ္ရေအာင္,,,,

အဆိုေတာ္လင္းလင္းနဲ႕ သူရဲ႕မိသားစု

အဆိုေတာ္လင္းလင္းနဲ႕ သူရဲ႕မိသားစု

‘ အဲဒါဆိုရင္ခင္မ်ားက fight လုပ္ဖို႔ကေလးေတြကို ဘာ့ေၾကာင့္သင္ေပးရတာလဲ ‘ လို႔ေမးမလို႔မဟုတ္လား ။ ကၽြန္ေတာ္ေျဖမယ္
“ေက်ာ္ၾကားမႈ,မန္ေနဂ်ာ,သူေ႒း,အတြင္းေရးမႉး,စပယ္ရာ,CEO,ရဲမႉး,ဒ႐ိုင္ဘာ,ဗိုလ္ႀကီး,ဖီဖာဥကၠ႒,ေလယဥ္မယ္,နည္းျပ,ကြန္ျပဴတာဆရာ,အသင္းေခါင္းေဆာင္,ဂိတ္ေစာင့္,အေၾကာ္ဆရာ,စြန္႔ဦးတီထြင္သူ,gamer,သ႐ုပ္ေဆာင္,စူပါဗိုက္စာ,အဆိုေတာ္,အားကစားသမား,တစ္ခုခုပညာရွင္,တစ္ခုခုပိုင္ရွင္,ေမာ္ေတာ္ပီကယ္,တစ္ခုခုအႏုပညာရွင္,မီးသတ္သမား,ဝန္ႀကီး,နာရီျပင္ဆရာ,အတြင္းဝန္ စသျဖင့္စသျဖင့္စသျဖင့္ ေပါ့ေလ လူ႔ေလာကရဲ႕ မ်ားစြာေသာအိပ္မက္ေတြထဲက ကိုယ္နဲ႔ဆိုင္တဲ့ အိပ္မက္တစ္ခုအတြက္ ေအာင္ျမင္မႈကိုရယူဖို႔ sharing ေတြလုပ္ေနရံုနဲ႔ ရည္မွန္းခ်က္ေတြ ေအာင္ျမင္လာမယ္,ျပည့္ဝသြားမယ္ထင္လို႔လား။ ေစာရီးပါဘဲ ,,,, အဲဒါဆို ခင္မ်ားခြက္ဆြဲဖို႔သာ ျပင္ထားေပေတာ့။
ကိုယ့္ရဲ႕ အိပ္မက္အတြက္ fight မယ္။ fight ၿပီးကိုယ့္ရဲ႕ အိပ္မက္ကို အေကာင္အထည္ေဖာ္မယ္။ ၿပီးရင္ေတာ့ လူ႔ေဘာင္ လူ႔ေလာကႀကီးကိုအက်ိဳးျပဳဖို႔ sharing လုပ္မယ္။ ဘယ္လို fight လုပ္ၾကမယ္, ဘယ္လို sharing လုပ္ၾကမယ္ ဆိုတာကေတာ့ ကိုယ့္ရဲ႕ ဦးေႏွာက္ ဖြ႕ံၿဖိဳးမႈ ေပၚမွာဘဲ မူတည္ပါတယ္။
Smart ျဖစ္တဲ့ fight ေတြနဲ႔ ေအာင္ျမင္မႈေတြ ရယူၿပီး ျဖဴစင္ေသာ sharing ေတြလုပ္ၾကပါစို႔ ။

စာႂကြင္းစာက်န္ – ေရးသားမႈထဲတြင္ Books smart နဲ႔ပတ္သတ္ၿပီး မပါဝင္ပါ,, ကိုယ္သေဘာနဲ႔ကိုယ္ လူစုေျပာဆို,ျငင္းခံု, ေဆြးေႏြး, ၾကပါရန္ “,,,,,,  ဆိုၿပီးကိုလင္းလင္းကသူ႕ရဲ႕လူမႈကြန္ရက္မွာေရးသားထားတာျဖစ္ပါတယ္။

Credit: LL

Photo Credit: Htwe Lynn Ko Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

သမီးနှစ်ယောက်ကို ကြည့်ပြီး သူ့ရဲ့ ဒဿနအချို့ ကိုပြောပြခဲ့တဲ့ အဆိုတော်လင်းလင်း

အဆိုတော် လင်းလင်းကဝေမျှခြင်းနှင့် တိုင်ခိုက်ခြင်းအပေါ် သူ့ရဲ့ အတွေးအမြင်နဲ့ပတ်သက်လို့ အခုလိုရေးသားထားတာကို တွေ့ရပါတယ်။ပရိသတ်ကြီးရဲ့ အမြင်ကရော Sharing နဲ့ Fighting အပေါ်ဘယ်လိုမြင်မိတယ် ဆိုတာလေးနဲ့ အဆိုတော်လင်းလင်းရဲ့ အမြင်နဲ့တူရဲ့လားဆိုတာ ဖတ်ပြီးတော့ အဖြေပေးခဲ့ဦးနော်…

ကိုလင်းလင်းပြောပြခဲ့တဲ့ ဝေမျှခြင်း နဲ့ တိုက်ခိုက်ခြင်း ဆိုတာ

“ Sharing & Fighting “

“ကျွန်တော့်မှာ အမြွှာသမီးလေးနှစ်ယောက်ရှိပါတယ်။ အဲဒီအတွက် ဝတ်စရာဘဲဖြစ်ဖြစ်, ကစားစရာဘဲဖြစ်ဖြစ်, စားစရာဘဲဖြစ်ဖြစ် ဘာပစ္စည်းဝယ်ဝယ် နှစ်ခုဝယ်ရပါတယ်။ တစ်ယောက်တစ်ခုဆိုတဲ့ သဘောပေါ့။ အစကတော့ တစ်ခုစီ ဆော့လိုက်၊ လုလိုက်နဲ့ ပုံမှန်ပါဘဲ။ တစ်ရက်မှာတော့ ပစ္စည်းတစ်ခုကို လုကြတဲ့အခိုက်အတန့်မှာ သူတို့အမေ နဲ့ ကျွန်တော် ဝင်ဆုံးမရာမှ အခုဒီစာကိုရေးဖို့ ဖြစ်တည်လာတာပါဘဲ။
ကျွန်တော်တို့နှစ်ယောက် ဝင်ဆုံးမရင်းကနေ စကားရည်လုတဲ့အဆင့်ဖြစ်သွားကြပါတယ်။ ခေါင်းစဉ်ကဘာလဲဆိုတော့ “ sharing နဲ့ fighting “ ။ သူတို့အမေက မျှဝေခြင်းဆိုတဲ့ sharing ဘက်က။ ကျွန်တော်ကကျတော့ တိုက်ခိုက်,တွန်းလှန်,ရုန်းကန် ဆိုတဲ့ fight ဘက်က။ သူလဲမှန်တယ်, ကျွန်တော်လဲ မှန်တယ်။ အမှန်တရားက အရပ်မျက်နှာ မျိုးစုံမှာရှိတာကိုး။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ဟာ လူပီသစွာဘဲ ကိုယ့်ရဲ့အမှန်တရားဟာ ပိုမှန်ကြောင်း ငြင်းခုံကြပါတော့တယ်။ ဖြစ်စဉ်ကဒီလိုပါ,,,,,
တစ်ယောက်ဘဲစီးလို့ရတဲ့ ရထားအရုပ်လေးတစ်ခုပေါ်မှာ သမီးတစ်ယောက်ကဆော့နေတယ်။ နောက်တစ်ယောက်က အဲဒီအပေါ်မှာဘဲစီးချင်လို့ ရှိနေတဲ့ တစ်ယောက်ကိုတွန်းချတယ်။ အရင်စီးနေတဲ့တစ်ယောက် အောက်ကိုကျသွားတယ်။ နောက်တစ်ယောက်ကတက်ခွစီးပါတယ်။ ဇာတ်လမ်းစပါပြီ,,,,

အဆိုတော်လင်းလင်းနဲ့ သူရဲ့မိသားစု

အဆိုတော်လင်းလင်းနဲ့ သူရဲ့မိသားစု

သူတို့အမေက ကျသွားတဲ့သမီးကိုထူပြီး တွန်းလိုက်တဲ့သမီးကို ဆုံးမဖို့ ထလာပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကတားလိုက်တယ်။ သူတို့အမေရပ်သွားတယ်။ ကျသွားတဲ့သမီးက ကျွန်တော့်ကို အဓိပ္ပါယ်တစ်ခုပါတဲ့အကြည့်နဲ့ကြည့်တယ်။ သူ့ကိုလာထူမယ့်အမေကို ကျွန်တော်ကတားလိုက်တာကိုး။ တွန်းလိုက်တဲ့သမီးကတော့ မျက်နှာစပ်ဖြီးဖြီးနဲ့ပေါ့။ အဲဒီမှာကျွန်တော်က ကျသွားတဲ့သမီးကို လက်သီးကိုဆုပ်ပြ မျက်လုံးချင်းစေ့စေ့ကြည့်ပြီး တစ်ခွန်းချင်း ပြောလိုက်တယ်။ ” သမီးရထားကိုပြန်စီးချင်ရင် ပြန်တွန်းချလိုက်လေ ” လို့။ အစကတော့ ကျသွားတဲ့သမီးက နားမလည်ဘူး။ ကျွန်တော်က နှစ်ခါသုံးခါလောက် မာန်နဲ့ပြောလိုက်တဲ့အချိန်မှာ ရုတ်တစ်ရက်ပြန်ထပြီး သူ့ကိုတွန်းတဲ့သမီးကို ပြန်တွန်းချလိုက်တယ်။ ပြီးတော့ကျွန်တော့်ကိုလှည့်ကြည့်တယ်။ ကျွန်တော်တစ်သက်လုံး မေ့မရနိုင်မယ့် အကြည့်ပေါ့။ အဲဒီမှာ သူတို့အမေနဲ့ ကျွန်တော် ပြဿနာစပါပြီ။ ကလေးတွေကိုဒီလိုသင်မပေးနဲ့ မျှဝေတက်အောင်လေ့ကျင့်ပျိုးထောင်ပေးရမယ်တဲ့။ ကျွန်တော်ကလဲ ပြန်ပြောတယ်။ နေရာတကာမျှဝေလို့မဖြစ်ဘူး။ ရည်မှန်းချက် ပန်းတိုင်တစ်ခုဟာ fight မလုပ်ဘဲ မရောက်နိုင်ဘူး ဆိုပြီးပေါ့။ သူတို့အမေကလဲပြော ကျွန်တော်ကလဲပြော စကားရည်လု ငြင်းခုံတွေဖြစ်ကြတာပေါ့။ ကဲ ,,ထားလိုက်ပါတော့,,
အဲဒီမှာကျွန်တော့်အတွက် ဒီစာကိုရေးဖို့ ဖြစ်လာပါတယ်။ ရေးတဲ့အခါမှာလဲ စာဖတ်ကောင်းအောင် ပရိတ်သတ်ချစ်အောင်မရေးဘဲ လူသားတစ်ယောက်အနေနဲ့ လူပီသစွာရေးပါမယ်။ မတိုက်ဆိုင်တာတွေပါရင်လဲ ကိုယ့်သဘောနဲ့ကိုယ်ဘဲ စောရီးလို့တောင် မပြောနိုင်တဲ့အတွက် စောရီးပါ။ကဲ ,,,

အဆိုတော်လင်းလင်းနဲ့ သူရဲ့မိသားစု

အဆိုတော်လင်းလင်းနဲ့ သူရဲ့မိသားစု

ဒီကိစ္စဖြစ်စဉ်မှာ ကျွန်တော်သေသေချာချာ တွေးတောပြီးစဉ်းစားကြည့်တဲ့အခါ အကြောင်းအရာနှစ်ခုကို ဆင်ခြင်မိပါတယ်။ အဲဒါက ‘ Books smart ‘ နဲ့
‘Streets smart ‘ ပါဘဲ။ အကြမ်းဖျင်းအားဖြင့် sharing သမားတွေက books smart တွေများတာပေါ့။ fight သမားတွေက streets smart တွေပေါ့ဗျာ။ ( books smart ကိုစာပေသမားများဟု မထင်မှတ်ရန်နှင့် streets smartကို လမ်းသရဲများဟု မထင်မှတ်ရန် )
ကျွန်တော်ကလမ်းပေါ်ကြီးခဲ့တယ်။ ကိုယ့်ရဲ့ပန်းတိုင်ကို အကောင်အထည်ဖော်ဖို့ fight ခေါင်းစဉ်အောက်မှာ ကျေကျေနပ်နပ် ခိုလှုံတယ်။ ကိုယ့်ရဲ့အိပ်မက်အတွက် နည်းမျိုးစုံနဲ့ fight တယ်။ အဲဒီအချိန်တွေမှာ sharing တွေဘဲလုပ်ခဲ့ရင် ကျွန်တော့်ရဲ့ အိပ်မက်ကို ကျွန်တော်ရှာတွေ့မှာ မဟုတ်ဘူးလို့ လုံးဝယုံကြည်ပါတယ်။ သမိုင်းလမ်းဆုံမှတ်တိုင်ဟာ ကျွန်တော့်အတွက် တစ်ချို့ညတွေမှာ ဖိုက်စတားဟိုတယ်ဖြစ်ခဲ့ဘူးတယ်။ အဆောင်ပြန်ဖို့တစ်အားနောက်ကျရင် သွားအိပ်ဖြစ်တယ်။ အမိုးအောက်ပုရွက်ဆိပ် မရှိတဲ့နေရာရှာအိပ်ရတယ်။ မိုးကလဲတစ်ဖွဲဖွဲကျနေတာကိုး။ ကျွန်တော့်နောက်မှာ အသက်အရမ်းမကြီးတဲ့ သူတောင်းစားတစ်ယောက် အိပ်ဖို့ ရောက်လာတယ်။ အားနွဲ့တဲ့လူကိုနေရာဖယ်ပေးမလား ဆိုတဲ့ အကြည့်နဲ့ကြည့်တယ်။ ကျွန်တော့်နေရာကို ဖယ်မပေးနိုင်ပါဘူူး။ ကျွန်တော် sharing မလုပ်နိုင်ဘူး။ ကျွန်တော်အိပ်ရေးဝဖို့ လိုတယ်။ နောက်နေ့ဆူးလေမှာ ဈေးရောင်းဖို့အားမွေးရမယ်။ ဖျားလို့မဖြစ်ဘူးလေ။
လှည်းတန်းမှာအခြေစိုက်တဲ့ ကုမ္ပဏီတစ်ခုမှာ marketing လုပ်တုန်းကပေါ့။ တစ်အိမ်တက်တစ်အိမ်ဆင်း record လိုက်လုပ်ရတယ်။ ( အဲဒီတုန်းက သူငယ်ချင်းတွေတောင် ခုထိရှိသေးတယ် )၊ တစ်ရက် ကျွန်တော်ကျောက်မြောင်းဘက်ကို သွားဖို့ရွေးခံရတယ်။ အဲဒီမှာ လှိုင်သာယာဘက်သွားရမယ့် ဘော်ဒါတစ်ယောက် နေမကောင်းလို့ သွားရမယ့်
နေရာလဲဖို့ ကျွန်တော့်ကို အကူအညီတောင်းတယ်။ ကျွန်တော် sharing မလုပ်ပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်မြောင်းမှာ ကိုမောင်မောင်ဇော်လတ်တို့ ရှိတယ်လေ။ သူတို့နဲ့တွေ့နိုင်မယ့်အခွင့်အရေးတစ်ခုကို လက်လွှတ်ပြီး sharing လုပ်ပေးရအောင် ကျွန်တော်ကအရူးမှမဟုတ်တာ။ မလုပ်ပေးနိုင်ပါဘူး။ ကျွန်တော့်အိပ်မက်တွေလေဗျာ။ အဲဒီ sharing မလုပ်ပေးမိလိုက်လို့ ရရှိလာတဲ့ ဖြစ်ရပ်မှန်အကျိုးကျေးဇူးတစ်ခုကိုပြောပြမယ် နားထောင်ကြည့်။
တစ်ကယ်ဘဲ ကိုမောင်မောင်ဇော်လတ် နဲ့ တွေ့ဆုံဖြစ်တယ်။ လက်ဖက်ရည်ဆိုင်တောင်ထိုင်လိုက်ရတယ်။ မင်းဘာတွေလုပ်နေလဲဆိုတော့ ကိုယ်လုပ်နေတဲ့အလုပ်တွေတန်းစီပြီး ပြောပြဖြစ်တယ်။ သူ့ဆီကအားပေးသံတွေကြားရတယ်။ တစ်ကယ်လဲအားဖြစ်စေတယ်။ အဲဒီထက်ပိုပြီးရင်ခုန်စရာကောင်းတာတစ်ခု ထပ်ပြောပြမယ်။
ကိုမောင်မောင်ဇော်လတ်က သူ့အိမ်ကို ခေါ်သွားပြီး အခုမှရေးပြီးတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်ကို တီးဆိုပြတယ်။ ဘာသီချင်းလဲသိလား?။
‘ခဏလေးများ’ ထဲက ကိုလေးဆိုထားတဲ့ “ဝမ်းနည်းမှတ်တမ်း” တဲ့။ မှတ်မိသေးတယ် နေ့လည်တောင် မစောင်းသေးဘူး။
ကဲပါ ဆိုလိုရင်းဆက်သွားရအောင်,,,,,
နှစ်ခုထဲက တစ်ခုကိုမျှဝေပေးနိုင်တယ်။ ရှိတဲ့တစ်ခုကိုတော့ မပေးနိုင်ဘူး။ ကျွန်တော်က ဘုရားမှမဟုတ်တာ။ ခဲတံတွေ အများကြီးပါလာရင်တော့ တစ်ချောင်းငှားပေးနိုင်တာပေါ့။ ကိုယ့်မှာ ခဲတံတစ်ချောင်းဘဲပါလာရင်တော့ မေ့ကျန်ခဲ့တဲ့ကောင်ကို ငှားမပေးနိုင်ပါဘူး။ တစ်ယောက်တစ်လှဲ့လဲ မလုပ်ပေးနိုင်ဘူး။ စာကိုအာရုံစိုက်ရဦးမယ်လေ။ sharing မှာ မျိုးစုံရှိတယ်။ နေရာတစ်ကာတော့ လုပ်လို့မရဘူး။ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ သဘာဝတရားကြီးထဲမှာ သက်သေပြချက်တွေလုပ်ဖို့အများကြီးလိုတယ်။ ” ကိုယ်ဖြစ်တည်နေတာနဲ့ ကိုယ့်ရဲ့ ကြိုးစားမှုဟာ မမျှတရင်သတိထားရပါတယ်။ ဖြစ်တည်မှုနိမ့်ပြီး ကြိုးစားမှု များနေတာဆိုရင် တစ်နေရာရာမှာ error တက်နေပြီ။ ပြန်ဆင်ခြင်သင့်ပါတယ်။ ဖြစ်တည်မှုမြင့်နေပြီး ကြိုးစားမှုနည်းနေရင်တော့ (ယခုခေတ် ဂီတလောကမှာ အများဆုံးတွေ့ရတဲ့အရာပေါ့) သေချာတယ် တစ်ချို့အခန်းတွေကို password ခိုးနှိပ်ပြီးကျော်ဆော့နေတာ။ စိတ်ချ အဲဒီလိုမျိုးလူဟာ sharing လုပ်လုပ် fight လုပ်လုပ် ဘယ်တော့မှ နောက်ဆုံးခန်းမရောက်ဘူး။ သံသရာချင်းထပ်ပြီး ကျွန်တော် လောင်းရဲပါတယ်။
အဲတော့,,, လောကကြီးထဲကနေ လွင့်ထွက်မသွားအောင် သက်သေပြချက်တွေခိုင်မာဖို့ လိုအပ်တဲ့ လူသားကမ္ဘာကြီးထဲမှာ ကျွန်တော့်ရဲ့အိပ်မက်တွေအတွက် fight လုပ်ရပါတယ်။ လုပ်တဲ့အခါမှာလဲ smart ဖြစ်တဲ့ fight ဖြစ်ဖို့လိုပါတယ်။ အောက်တန်းကျတဲ့ fight မဖြစ်အောင် သတိထားရပါတယ်။ အကယ်၍များ အောက်တန်းကျတဲ့ fight လုပ်တော့မယ်ဆိုရင်တော့ ကျွန်တော်အကြံတစ်ခုပေးချင်တယ်။ အောက်တန်းကျတဲ့ sharing ကိုပိုလုပ်စေချင်ပါတယ်။ (ဘယ်လိုမျိုးလဲဆိုတော့ ကိုယ့်အကျိုးကို အဓိကမျှော်ကိုးပြီး အများအကျိုးကို သာမညမျှော်ကိုးတဲ့ sharing မျိုးကိုဆိုလိုပါတယ် ) ။ ဘာဖြစ်လို့လဲဆိုတော့ ရာခိုင်နှုန်းအများစုအနေနဲ့ sharing ဟာ ကုသိုလ်နဲ့ နီးလို့ပါ။ fight ကတော့ အ,ကုသိုလ်နဲ့ နည်းနည်းနီးပါတယ်။
ကဲကျွန်တော့်စာကို အဆုံးသတ်ရအောင်,,,,

အဆိုတော်လင်းလင်းနဲ့ သူရဲ့မိသားစု

အဆိုတော်လင်းလင်းနဲ့ သူရဲ့မိသားစု

‘ အဲဒါဆိုရင်ခင်များက fight လုပ်ဖို့ကလေးတွေကို ဘာ့ကြောင့်သင်ပေးရတာလဲ ‘ လို့မေးမလို့မဟုတ်လား ။ ကျွန်တော်ဖြေမယ်
“ကျော်ကြားမှု,မန်နေဂျာ,သူေဋ္ဌး,အတွင်းရေးမှူး,စပယ်ရာ,CEO,ရဲမှူး,ဒရိုင်ဘာ,ဗိုလ်ကြီး,ဖီဖာဥက္ကဋ္ဌ,လေယဉ်မယ်,နည်းပြ,ကွန်ပြူတာဆရာ,အသင်းခေါင်းဆောင်,ဂိတ်စောင့်,အကြော်ဆရာ,စွန့်ဦးတီထွင်သူ,gamer,သရုပ်ဆောင်,စူပါဗိုက်စာ,အဆိုတော်,အားကစားသမား,တစ်ခုခုပညာရှင်,တစ်ခုခုပိုင်ရှင်,မော်တော်ပီကယ်,တစ်ခုခုအနုပညာရှင်,မီးသတ်သမား,ဝန်ကြီး,နာရီပြင်ဆရာ,အတွင်းဝန် စသဖြင့်စသဖြင့်စသဖြင့် ပေါ့လေ လူ့လောကရဲ့ များစွာသောအိပ်မက်တွေထဲက ကိုယ်နဲ့ဆိုင်တဲ့ အိပ်မက်တစ်ခုအတွက် အောင်မြင်မှုကိုရယူဖို့ sharing တွေလုပ်နေရုံနဲ့ ရည်မှန်းချက်တွေ အောင်မြင်လာမယ်,ပြည့်ဝသွားမယ်ထင်လို့လား။ စောရီးပါဘဲ ,,,, အဲဒါဆို ခင်များခွက်ဆွဲဖို့သာ ပြင်ထားပေတော့။
ကိုယ့်ရဲ့ အိပ်မက်အတွက် fight မယ်။ fight ပြီးကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်မယ်။ ပြီးရင်တော့ လူ့ဘောင် လူ့လောကကြီးကိုအကျိုးပြုဖို့ sharing လုပ်မယ်။ ဘယ်လို fight လုပ်ကြမယ်, ဘယ်လို sharing လုပ်ကြမယ် ဆိုတာကတော့ ကိုယ့်ရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု ပေါ်မှာဘဲ မူတည်ပါတယ်။
Smart ဖြစ်တဲ့ fight တွေနဲ့ အောင်မြင်မှုတွေ ရယူပြီး ဖြူစင်သော sharing တွေလုပ်ကြပါစို့ ။

စာကြွင်းစာကျန် – ရေးသားမှုထဲတွင် Books smart နဲ့ပတ်သတ်ပြီး မပါဝင်ပါ,, ကိုယ်သဘောနဲ့ကိုယ် လူစုပြောဆို,ငြင်းခုံ, ဆွေးနွေး, ကြပါရန် “,,,,,, ဆိုပြီးကိုလင်းလင်းကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားတာဖြစ်ပါတယ်။

Credit: LL

Photo Credit: Htwe Lynn Ko Facebook

ကြည်သာ (Akhayar)

www.akhayar.com