[Zawgyi]

ႏႈတ္ခမ္းနီမေလးေတြ အသည္းစြဲ Galaxy Star ေငြၾကယ္ပြင့္ Key ရဲ႕ Album သစ္ ထြက္ရွိေတာ့မယ္

Galaxy Star ျပိဳင္ပြဲတုန္းက 1st Runner Up ရခဲ့တဲ့ Key ဟာ အခုဆိုရင္ ပရိသတ္ဆီကို ေျခလွမ္းသစ္ေတြနဲ႔အတူ လွမ္းလာခဲ့ပါျပီ။ အမည္ရင္း ဆန္းသူေအာင္(Key Lashi) လို႔ ေခၚေပမယ့္ ေနာက္ပိုင္းမွာ “Key” လို႔ပဲ လူသိမ်ားလာတဲ့သူဟာ ေနာက္ထပ္ အႏုပညာလႈပ္ရွားမႈအေနနဲ႔ ေတးစီးရီးမီနီအယ္လ္ဘမ္ေလးတစ္ခုကို မၾကာခင္မွာ ပရိသတ္လက္ထဲ ပို႔ေဆာင္ေပးေတာ့မွာပါ။

ဂီတအမ်ိဳးအစားအစံုကို ၾကိဳက္ႏွစ္သက္တဲ့ Key ဟာ သူ႔ Mini Album ထဲမွာလည္း သီခ်င္း ၅ပုဒ္ထည့္သြင္းထားျပီး EDM ပံုစံေတြပါသလို Piano တစ္လံုးတည္းနဲ႔ တီးထားတဲ့ ပံုစံကအစ ပါဝင္ျပီး ထူးထူးျခားျခားဖန္တီးထားတယ္လို႔ ဆိုပါတယ္။

သီခ်င္းနဲ႔ အတူ MTV ကိုလည္း ေသခ်ာဖန္တီးထားျပီး ကိုယ္တိုင္သရုပ္ေဆာင္ထားတဲ့အတြက္ အားေပးေစခ်င္တယ္လို႔လည္း ေျပာၾကားသြားပါတယ္။Key ဟာ Galaxy Star မတုိင္ခင္တည္းက Cover Song သီဆိုမႈေတြျပဳလုပ္ခဲ့ေပမယ့္ Galaxy Star ျပိဳင္ပြဲက်မွ လူပိုသိလာခဲ့တာ ျဖစ္ပါတယ္။

မတ္လ ၂၅ ရက္မွာ သီခ်င္းေခြ CD ကို ပရိသတ္ေရွ႕အေရာက္ပို႔မွာ ျဖစ္ျပီး ဂီတအမ်ိဳးအစားအေနနဲ႔ဆိုရင္ေတာ့ Keyက ဂီတအမ်ိဳးအစားအစံုကို ၾကိဳက္ႏွစ္သက္သူပါ။ ဂီတလမ္းကို ခုမွ စျပီး ေသခ်ာေလွ်ာက္လွမ္းတဲ့သူတစ္ေယာက္ျဖစ္တဲ့အတြက္ လိုအပ္ခ်က္ေတြကို ေဝဖန္ေပးၾကပါဦးလို႔လည္း ပရိသတ္ကို Keyက ဖိတ္ေခၚလိုက္ပါေသးတယ္။

ဒီအေခြေလးဟာ သူ႔ဘဝရဲ့ မွတ္တုိင္တစ္ခုျဖစ္တဲ့အတြက္ အားေပးေဝဖန္ေပးၾကပါဦးလို႔လည္း Key က ေျပာၾကားသြားခဲ့ပါတယ္။

ရိုးလူ (Akhayar)

www.akhayar.com
[Unicode]

နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ Galaxy Star ငွေကြယ်ပွင့် Key ရဲ့ Album သစ် ထွက်ရှိတော့မယ်

Galaxy Star ပြိုင်ပွဲတုန်းက 1st Runner Up ရခဲ့တဲ့ Key ဟာ အခုဆိုရင် ပရိသတ်ဆီကို ခြေလှမ်းသစ်တွေနဲ့အတူ လှမ်းလာခဲ့ပါပြီ။ အမည်ရင်း ဆန်းသူအောင်(Key Lashi) လို့ ခေါ်ပေမယ့် နောက်ပိုင်းမှာ “Key” လို့ပဲ လူသိများလာတဲ့သူဟာ နောက်ထပ် အနုပညာလှုပ်ရှားမှုအနေနဲ့ တေးစီးရီးမီနီအယ်လ်ဘမ်လေးတစ်ခုကို မကြာခင်မှာ ပရိသတ်လက်ထဲ ပို့ဆောင်ပေးတော့မှာပါ။

ဂီတအမျိုးအစားအစုံကို ကြိုက်နှစ်သက်တဲ့ Key ဟာ သူ့ Mini Album ထဲမှာလည်း သီချင်း ၅ပုဒ်ထည့်သွင်းထားပြီး EDM ပုံစံတွေပါသလို Piano တစ်လုံးတည်းနဲ့ တီးထားတဲ့ ပုံစံကအစ ပါဝင်ပြီး ထူးထူးခြားခြားဖန်တီးထားတယ်လို့ ဆိုပါတယ်။

သီချင်းနဲ့ အတူ MTV ကိုလည်း သေချာဖန်တီးထားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့အတွက် အားပေးစေချင်တယ်လို့လည်း ပြောကြားသွားပါတယ်။Key ဟာ Galaxy Star မတိုင်ခင်တည်းက Cover Song သီဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် Galaxy Star ပြိုင်ပွဲကျမှ လူပိုသိလာခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၂၅ ရက်မှာ သီချင်းခွေ CD ကို ပရိသတ်ရှေ့အရောက်ပို့မှာ ဖြစ်ပြီး ဂီတအမျိုးအစားအနေနဲ့ဆိုရင်တော့ Keyက ဂီတအမျိုးအစားအစုံကို ကြိုက်နှစ်သက်သူပါ။ ဂီတလမ်းကို ခုမှ စပြီး သေချာလျှောက်လှမ်းတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် လိုအပ်ချက်တွေကို ဝေဖန်ပေးကြပါဦးလို့လည်း ပရိသတ်ကို Keyက ဖိတ်ခေါ်လိုက်ပါသေးတယ်။

ဒီအခွေလေးဟာ သူ့ဘဝရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့အတွက် အားပေးဝေဖန်ပေးကြပါဦးလို့လည်း Key က ပြောကြားသွားခဲ့ပါတယ်။

ရိုးလူ (Akhayar)

www.akhayar.com