[Zawgyi]

အႏုပညာရွင္မ်ားရဲ႕ မူပိုင္ခြင့္ခ်ိဳးေဖာက္ခံရတာနဲ႔ပတ္သက္ၿပီး ရင္ဖြင့္လိုက္တဲ့ ဘိုျဖဴ

Champ Digital Music Box တြင္ သီခ်င္းအပုဒ္ေရ ၈၈၀ ေက်ာ္ထည့္သြင္းထားတဲ့ အႏုပညာရွင္မ်ားရဲ ့မူပိုင္ခြင့္ခ်ိဳးေဖာက္ခံရတာနဲ႔ပတ္သက္လို ့ေတးသံရွင္မ်ားကိုယ္စား ေတေရး၊ ေတးဆို အဆိုေတာ္ ဘိုျဖဴကေျပာျပခဲ့ပါတယ္။ “ေလာေလာဆယ္မွာ ကၽြန္ေတာ္အပါအဝင္ မူပိုင္ခြင့္ခ်ိဳးေဖာက္ခံေနရတဲ့ အႏုပညာရွင္ေတြ အမ်ားႀကီးရွိပါတယ္။ ဒီလိုမ်ိဳးေတြျဖစ္လာေတာ့ အခုဆို စိတ္ထဲမွာပါ ဘယ္လိုခံစားရလဲဆိုရင္ ကိုယ္ကိုယ္တိုင္ေတာင္မဟုတ္ေတာ့ပဲနဲ႔ ကၽြန္ေတာ္တို႔ရဲ႕အႏုပညာပါ ကၽြန္ေတာ္တို႔ရဲ ႔သီခ်င္းေတြပါ လုံျခဳံမွဳမရိွေတာ့ဘူးလို႔ ကၽြန္ေတာ္ခံစားရပါတယ္။ ကၽြန္ေတာ္တို ့သီခ်င္းတစ္ပုဒ္ကိုဆိုတဲ့အခါမွာ ေတးေရးရိွတယ္။ ထုတ္လုပ္သူရိွတယ္။ အသံဖမ္းအင္ဂ်င္နီယာေတြရိွတယ္။ အဲဒီေတာ့ သီခ်င္းတစ္ပုဒ္ကို ကိုယ္ပဲေရာင္းထားသလိုလိုနဲ ့သူပဲေရာင္းထားသလိုလိုနဲ ့သံသယေလးေတြ၀င္လာၾကပါၿပီ။ ကၽြန္ေတာ့္ကိုေရးေပးထားတဲ့ ေဒါက္တာစိုင္းခမ္းလိတ္ကအစ က်န္တဲ့ေတးေရးေတြကအစ ကၽြန္ေတာ္တို႔အေပၚမွာ တစ္ဖက္နဲ႔တစ္ဖက္ သံသယရိွသြားရင္ ေလာကအတြက္ မေကာင္းတဲ့အေျခအေနတစ္ခု အေနနဲ႕ အဆိုးဘက္ကိုသြားတဲ့ အေၾကာင္းတရားတစ္ခုျဖစ္ေနပါတယ္” လို႔ ဆုိပါတယ္။

ဒီလိုေတြျဖစ္ေနတဲ့အေပၚမွာ တစ္ေယာက္နဲ႔တစ္ေယာက္သံသယမရိွေအာင္ ဘယ္လိုလုပ္ၾကမလဲဆိုတာကိုလည္း အခုလိုေျပာျပခဲ့ပါေသးတယ္။ “ဒီေန႔ဒီခ်ိန္ထိ ကၽြန္ေတာ္တစ္ေယာက္တည္း သေဘာထားနဲ႔ ဘယ္သီခ်င္းတစ္ပုဒ္မွမေရာင္းခဲ့ဘူးပါဘူး။ ေတးသံရွင္ေတာ္ေတာ္မ်ားမ်ားကလည္း မိမိတို႔ရဲ႕ သီခ်င္းတစ္ပုဒ္ကို အားလုံးေရးထားတဲ့ တီးထားတဲ့အသံဖမ္းထားတဲ့ Producer ရိွတဲ့ ဒီလူေတြရဲ႕သေဘာတူညီခ်က္ ဆုံးျဖတ္ခ်က္မရပဲနဲ႔ မိမိသေဘာနဲ႔မိမိ ဘယ္ေတာ့မွေရာင္းမွာမဟုတ္ပါဘူးလို ့ထင္ပါတယ္။ အခုဟာက ပိုက္ဆံရျခင္းမရျခင္းထက္ ကၽြန္ေတာ္တို႔အေပၚထားတဲ့တန္ဖိုးက ေတာ္ေတာ္ေလးကို ဆိုးရြားပါတယ္။ အဲဒီ့အတြက္လည္း တကယ္ကို စိတ္မေကာင္းပါဘူး။ ကၽြန္ေတာ့္ဘ၀မွာ သီခ်င္းအပုဒ္ေရ ၁၂၀ ေက်ာ္ ဆိုခဲ့ဖူးပါတယ္။ သီခ်င္းေျခာက္ဆယ္ေက်ာ္ေလာက္က အခိုးခံေနရပါတယ္” ဆိုၿပီး ရင္ဖြင့္ခဲ့ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အနုပညာရှင်များရဲ့ မူပိုင်ခွင့်ချိုးဖောက်ခံရတာနဲ့ပတ်သက်ပြီး ရင်ဖွင့်လိုက်တဲ့ ဘိုဖြူ

Champ Digital Music Box တွင် သီချင်းအပုဒ်ရေ ၈၈၀ ကျော်ထည့်သွင်းထားတဲ့ အနုပညာရှင်များရဲ့မူပိုင်ခွင့်ချိုးဖောက်ခံရတာနဲ့ပတ်သက်လို့တေးသံရှင်များကိုယ်စား တေရေး၊ တေးဆို အဆိုတော် ဘိုဖြူကပြောပြခဲ့ပါတယ်။ “လောလောဆယ်မှာ ကျွန်တော်အပါအဝင် မူပိုင်ခွင့်ချိုးဖောက်ခံနေရတဲ့ အနုပညာရှင်တွေ အများကြီးရှိပါတယ်။ ဒီလိုမျိုးတွေဖြစ်လာတော့ အခုဆို စိတ်ထဲမှာပါ ဘယ်လိုခံစားရလဲဆိုရင် ကိုယ်ကိုယ်တိုင်တောင်မဟုတ်တော့ပဲနဲ့ ကျွန်တော်တို့ရဲ့အနုပညာပါ ကျွန်တော်တို့ရဲ့သီချင်းတွေပါ လုံခြုံမှုမရှိတော့ဘူးလို့ ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်တို့သီချင်းတစ်ပုဒ်ကိုဆိုတဲ့အခါမှာ တေးရေးရှိတယ်။ ထုတ်လုပ်သူရှိတယ်။ အသံဖမ်းအင်ဂျင်နီယာတွေရှိတယ်။ အဲဒီတော့ သီချင်းတစ်ပုဒ်ကို ကိုယ်ပဲရောင်းထားသလိုလိုနဲ့သူပဲရောင်းထားသလိုလိုနဲ့သံသယလေးတွေဝင်လာကြပါပြီ။ ကျွန်တော့်ကိုရေးပေးထားတဲ့ ဒေါက်တာစိုင်းခမ်းလိတ်ကအစ ကျန်တဲ့တေးရေးတွေကအစ ကျွန်တော်တို့အပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် သံသယရှိသွားရင် လောကအတွက် မကောင်းတဲ့အခြေအနေတစ်ခု အနေနဲ့ အဆိုးဘက်ကိုသွားတဲ့ အကြောင်းတရားတစ်ခုဖြစ်နေပါတယ်” လို့ ဆိုပါတယ်။

ဒီလိုတွေဖြစ်နေတဲ့အပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်သံသယမရှိအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။ “ဒီနေ့ဒီချိန်ထိ ကျွန်တော်တစ်ယောက်တည်း သဘောထားနဲ့ ဘယ်သီချင်းတစ်ပုဒ်မှမရောင်းခဲ့ဘူးပါဘူး။ တေးသံရှင်တော်တော်များများကလည်း မိမိတို့ရဲ့ သီချင်းတစ်ပုဒ်ကို အားလုံးရေးထားတဲ့ တီးထားတဲ့အသံဖမ်းထားတဲ့ Producer ရှိတဲ့ ဒီလူတွေရဲ့သဘောတူညီချက် ဆုံးဖြတ်ချက်မရပဲနဲ့ မိမိသဘောနဲ့မိမိ ဘယ်တော့မှရောင်းမှာမဟုတ်ပါဘူးလို့ ထင်ပါတယ်။ အခုဟာက ပိုက်ဆံရခြင်းမရခြင်းထက် ကျွန်တော်တို့အပေါ်ထားတဲ့တန်ဖိုးက တော်တော်လေးကို ဆိုးရွားပါတယ်။ အဲဒီ့အတွက်လည်း တကယ်ကို စိတ်မကောင်းပါဘူး။ ကျွန်တော့်ဘဝမှာ သီချင်းအပုဒ်ရေ ၁၂၀ ကျော် ဆိုခဲ့ဖူးပါတယ်။ သီချင်းခြောက်ဆယ်ကျော်လောက်က အခိုးခံနေရပါတယ်” ဆိုပြီး ရင်ဖွင့်ခဲ့ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။