[Zawgyi]

သမီးေလးေမြးေန႕မွာ အလွဴလုပ္ခဲ့တဲ့ ေအသင္ခ်ဳိေဆြ

မ်က္လုံး၀ုိင္း၀ုိင္းေလးနဲ႕ ဘုိမရုပ္ေလးတစ္ရုပ္လုိ ခ်စ္စရာေကာင္းတဲ့ မီးမီးေလးကေတာ့  ေမေမျဖစ္သူ အဆုိေတာ္ေအသင္ခ်ဳိေဆြထက္ေတာင္ ဆယ္လီျဖစ္ေနပါျပီ။ ဒီေန႕မွာေတာ့ ေအသင္ရဲ႕ သမီးေလး Ivy ေလးဟာ အသက္တစ္ႏွစ္ျပည့္သြားျပီျဖစ္လုိ႕ ေမေမေအသင္ခ်ိဳေဆြတစ္ေယာက္ သမီးေလးနဲ႕အတူ သန္လ်င္က ဆည္းဆာရိပ္ဂိလာနဘုိးဘြားရိပ္သာမွာ လွဴဒါန္းမႈေတြျပဳလုပ္ခဲ့တယ္လုိ႕သိရပါတယ္။


သမီးေလးကေတာ့ ေမြးေန႕မွာအရမ္းေပ်ာ္ေနျပီး ေမေမ ေအသင္တစ္ေယာက္လည္း ခ်စ္စရာေကာင္းေနတာေတြ႕ရပါတယ္။ လူမႈကြန္ရက္ေပၚမွာ ေအသင္ရဲ႕ သမီးေလးက လူခ်စ္လူခင္မ်ားလ်က္ရွိျပီး အႏုပညာအသိုင္း၀ုိင္းနဲ႕ ပရိသတ္ေတြကပါ ေအသင္တုိ႕သားအမိကုိ အခ်စ္ပုိေနရပါတယ္။ Single Mother တစ္ေယာက္အျဖစ္ သမီးေလးနဲ႕အတူ မားမားမတ္မတ္ရပ္တည္ေနတဲ့ ေအသင္ကေတာ့ တကယ့္ကုိဟန္ေဆာင္မႈကင္းျပီး သူမရဲ႕ျဖစ္တည္မႈကုိပြင့္ပြင့္လင္းလင္းခ်ျပရဲတာမုိ႕လည္း အခုဆုိရင္ သူမရဲ႕စိတ္ဓာတ္ခုိင္မာမႈကုိ ေလးစားအတုယူၾကတဲ့သူေတြလည္းမ်ားေနပါတယ္။


ေအသင္တုိ႕သားအမိအတြက္ ပရိသတ္ၾကီးဆုေတာင္းေပးလုိက္ပါဦးေနာ္။Happy Birthday ပါမီးမီးေလးလည္း ေမေမေအသင္နဲ႕အတူ သက္ဆုံးတုိင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕ လုိတရတဲ့ဘ၀ကုိပုိင္ဆုိင္ရပါေစေနာ္။

Photos Credit – Athen Cho Swe

Stella(Akhayar)

www.akhayar.com

[Unicode]

သမီးလေးမွေးနေ့မှာ အလှူလုပ်ခဲ့တဲ့ အေသင်ချိုဆွေ

မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဘိုမရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းတဲ့ မီးမီးလေးကတော့ မေမေဖြစ်သူ အဆိုတော်အေသင်ချိုဆွေထက်တောင် ဆယ်လီဖြစ်နေပါပြီ။ ဒီနေ့မှာတော့ အေသင်ရဲ့ သမီးလေး Ivy လေးဟာ အသက်တစ်နှစ်ပြည့်သွားပြီဖြစ်လို့ မေမေအေသင်ချိုဆွေတစ်ယောက် သမီးလေးနဲ့အတူ သန်လျင်က ဆည်းဆာရိပ်ဂိလာနဘိုးဘွားရိပ်သာမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


သမီးလေးကတော့ မွေးနေ့မှာအရမ်းပျော်နေပြီး မေမေ အေသင်တစ်ယောက်လည်း ချစ်စရာကောင်းနေတာတွေ့ရပါတယ်။ လူမှုကွန်ရက်ပေါ်မှာ အေသင်ရဲ့ သမီးလေးက လူချစ်လူခင်များလျက်ရှိပြီး အနုပညာအသိုင်းဝိုင်းနဲ့ ပရိသတ်တွေကပါ အေသင်တို့သားအမိကို အချစ်ပိုနေရပါတယ်။ Single Mother တစ်ယောက်အဖြစ် သမီးလေးနဲ့အတူ မားမားမတ်မတ်ရပ်တည်နေတဲ့ အေသင်ကတော့ တကယ့်ကိုဟန်ဆောင်မှုကင်းပြီး သူမရဲ့ဖြစ်တည်မှုကိုပွင့်ပွင့်လင်းလင်းချပြရဲတာမို့လည်း အခုဆိုရင် သူမရဲ့စိတ်ဓာတ်ခိုင်မာမှုကို လေးစားအတုယူကြတဲ့သူတွေလည်းများနေပါတယ်။


အေသင်တို့သားအမိအတွက် ပရိသတ်ကြီးဆုတောင်းပေးလိုက်ပါဦးနော်။Happy Birthday ပါမီးမီးလေးလည်း မေမေအေသင်နဲ့အတူ သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင်နဲ့ လိုတရတဲ့ဘဝကိုပိုင်ဆိုင်ရပါစေနော်။

Photos Credit – Athen Cho Swe

Stella(Akhayar)

www.akhayar.com