[Zawgyi]

ေရာက္ရွိေနတဲ့ေနရာမွာ ႀကိဳးစားရင္ႀကိဳးစားသလို ေအာင္ျမင္မႈရႏိုင္ပါတယ္ဆိုတဲ့ အမြန္း

လူငယ္မ်ိဳးဆက္သစ္အဆိုေတာ္တစ္ဦးျဖစ္တဲ့ အမြန္းက လူငယ္ေတြအေနနဲ႔ ကိုယ္ေရာက္ရွိေနတဲ့ေနရာမွာ ႀကိဳးစားရင္ႀကိဳးစားသလို ေအာင္ျမင္မႈရႏုိင္ေၾကာင္းကို ေျပာျပလာပါတယ္။ “လူငယ္ေတြကို အမြန္းတစ္ခုေလာက္ ေျပာခ်င္တယ္။ ကိုယ္ဘယ္ေနရာမွာ ရွိေနတယ္ဆိုတာကို အျပစ္မတင္ပါနဲ႔။ ကိုယ္ရွိတဲ့ေနရာမွာ ႀကိဳးစားရင္ ႀကိဳးစားသလို ေအာင္ျမင္မႈရႏိုင္ပါတယ္။ ေက်ာင္းေတြကသင္ေပးတာ၊ သဘာဝတရားႀကီးကသင္ေပးတာနဲ႔ မလံုေလာက္ဘူးထင္ရင္ ကိုယ္တိုင္ေလ့လာလို႔ရပါတယ္။ အမြန္းကိုယ္တိုင္လည္း ပညာေရးနဲ႔ပတ္သက္ၿပီး ေက်ာင္းကျပန္လာရင္ အဂၤလိပ္သီခ်င္းေတြ နားေထာင္တယ္။ ျပင္သစ္စာေတြ ေလ့လာတယ္။ ျပင္သစ္သီခ်င္းေတြ နားေထာင္တယ္။ ေဟာလိဝုဒ္က႐ုပ္ရွင္ေတြ ၾကည့္တယ္။ နားမလည္ေသးခင္က စာသားနဲ႔ၾကည့္တယ္။ နားလည္လာေတာ့ စာသားေဖ်ာက္ၿပီး ၾကည့္ တယ္။ ဘာလို႔လဲဆိုေတာ့ ကိုယ္က တတ္ကြၽမ္းခ်င္တာ၊ နားလည္ခ်င္တာ။ အဲဒီလိုနည္းေတြနဲ႔ ႀကိဳးစားခဲ့ပါတယ္။ ၿပီးေတာ့ ကိုယ္ဝါသနာပါတဲ့အရာေတြ တေယာ၊ စႏၵရား၊ ဘာသာစကား၊ အားကစား ကိုယ္တိုင္ေလ့လာပါ။ လူငယ္ေတြကိုယ္တိုင္လည္း ကိုယ္ရွာေဖြခ်င္တဲ့ ပညာရပ္ေတြကို ကိုယ္တိုင္ေလ့လာရွာေဖြပါလို႔ ေျပာခ်င္ပါတယ္။ ကိုယ္ရွိေနတဲ့ အေျခအေနနဲ႔ ပတ္ဝန္းက်င္ကို အျပစ္မတင္ပါနဲ႔။ ကိုယ့္ရဲ႕ဘဝ၊ ကိုယ့္အေျခအေန၊ ကိုယ့္လမ္းေၾကာင္းကို ကုိယ္တိုင္ဖန္တီးယူရမယ္ဆိုတဲ့ အသိကို ထည့္ထားၿပီး ႀကိဳးစားမယ္ဆိုရင္ ေအာင္ျမင္မွာပါ။ ကိုယ့္နယ္ပယ္မွာ ကိုယ္ႀကိဳးစားရင္ ေတာက္ပတဲ့ ၾကယ္ပြင့္ေလးေတြျဖစ္ႏိုင္ပါတယ္” လို႔ အမြန္းက မ်ိဳးဆက္သစ္လူငယ္ေတြ ကိုယ္ဝါသနာပါရာအေၾကာင္းအရာေတြကို ေလ့လာဖို႔ တိုက္တြန္းေျပာျပထားပါတယ္။

ေတးသံရွင္အမြန္းပါဝင္ရိုက္ကူးထားတဲ့ ”ဒု႒ဝတီကုိလြန္၍” ရုပ္ရွင္ဇာတ္ကားႀကီးကလည္း ေမလ ၄ ရက္ေန႔မွစတင္ကာ ျမန္မာတစ္ႏုိင္ငံလံုးမွာရွိိတဲ့ ရုပ္ရွင္ရံုႀကီးမ်ားမွာ ျပသေပးသြားေတာ့မွာျဖစ္ပါတယ္။ အဲဒီရုပ္ရွင္ဇာတ္ကားႀကီးကို လူငယ္ဒါရိုက္တာတစ္ဦးျဖစ္သူ ဒါရိုက္တာအာကာက ပံုေဖာ္ရိုက္ကူးထားတာျဖစ္ၿပီး ႏုိင္းႏုိင္းနဲ႔ အမြန္းတို႔က အဓိကပါဝင္သရုပ္ေဆာင္ထားပါတယ္။ ေတးသံရွင္အမြန္းအေနနဲ႔လည္း မၾကာေသးခင္ကမွ FORBES မဂၢဇင္းရဲ႕ အသက္ ၃ဝႏွစ္ေအာက္ ထူးခြၽန္လူငယ္စာရင္းမွာ ပါဝင္ၿပီး အသိအမွတ္ျပဳခံခဲ့ရသူတစ္ဦးျဖစ္ပါတယ္။

Photo Credit:Ah Moon

www.akhayar.com

[Unicode]

ရောက်ရှိနေတဲ့နေရာမှာ ကြိုးစားရင်ကြိုးစားသလို အောင်မြင်မှုရနိုင်ပါတယ်ဆိုတဲ့ အမွန်း

လူငယ်မျိုးဆက်သစ်အဆိုတော်တစ်ဦးဖြစ်တဲ့ အမွန်းက လူငယ်တွေအနေနဲ့ ကိုယ်ရောက်ရှိနေတဲ့နေရာမှာ ကြိုးစားရင်ကြိုးစားသလို အောင်မြင်မှုရနိုင်ကြောင်းကို ပြောပြလာပါတယ်။ “လူငယ်တွေကို အမွန်းတစ်ခုလောက် ပြောချင်တယ်။ ကိုယ်ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို အပြစ်မတင်ပါနဲ့။ ကိုယ်ရှိတဲ့နေရာမှာ ကြိုးစားရင် ကြိုးစားသလို အောင်မြင်မှုရနိုင်ပါတယ်။ ကျောင်းတွေကသင်ပေးတာ၊ သဘာဝတရားကြီးကသင်ပေးတာနဲ့ မလုံလောက်ဘူးထင်ရင် ကိုယ်တိုင်လေ့လာလို့ရပါတယ်။ အမွန်းကိုယ်တိုင်လည်း ပညာရေးနဲ့ပတ်သက်ပြီး ကျောင်းကပြန်လာရင် အင်္ဂလိပ်သီချင်းတွေ နားထောင်တယ်။ ပြင်သစ်စာတွေ လေ့လာတယ်။ ပြင်သစ်သီချင်းတွေ နားထောင်တယ်။ ဟောလိဝုဒ်ကရုပ်ရှင်တွေ ကြည့်တယ်။ နားမလည်သေးခင်က စာသားနဲ့ကြည့်တယ်။ နားလည်လာတော့ စာသားဖျောက်ပြီး ကြည့် တယ်။ ဘာလို့လဲဆိုတော့ ကိုယ်က တတ်ကျွမ်းချင်တာ၊ နားလည်ချင်တာ။ အဲဒီလိုနည်းတွေနဲ့ ကြိုးစားခဲ့ပါတယ်။ ပြီးတော့ ကိုယ်ဝါသနာပါတဲ့အရာတွေ တယော၊ စန္ဒရား၊ ဘာသာစကား၊ အားကစား ကိုယ်တိုင်လေ့လာပါ။ လူငယ်တွေကိုယ်တိုင်လည်း ကိုယ်ရှာဖွေချင်တဲ့ ပညာရပ်တွေကို ကိုယ်တိုင်လေ့လာရှာဖွေပါလို့ ပြောချင်ပါတယ်။ ကိုယ်ရှိနေတဲ့ အခြေအနေနဲ့ ပတ်ဝန်းကျင်ကို အပြစ်မတင်ပါနဲ့။ ကိုယ့်ရဲ့ဘဝ၊ ကိုယ့်အခြေအနေ၊ ကိုယ့်လမ်းကြောင်းကို ကိုယ်တိုင်ဖန်တီးယူရမယ်ဆိုတဲ့ အသိကို ထည့်ထားပြီး ကြိုးစားမယ်ဆိုရင် အောင်မြင်မှာပါ။ ကိုယ့်နယ်ပယ်မှာ ကိုယ်ကြိုးစားရင် တောက်ပတဲ့ ကြယ်ပွင့်လေးတွေဖြစ်နိုင်ပါတယ်” လို့ အမွန်းက မျိုးဆက်သစ်လူငယ်တွေ ကိုယ်ဝါသနာပါရာအကြောင်းအရာတွေကို လေ့လာဖို့ တိုက်တွန်းပြောပြထားပါတယ်။

တေးသံရှင်အမွန်းပါဝင်ရိုက်ကူးထားတဲ့ ”ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မေလ ၄ ရက်နေ့မှစတင်ကာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံကြီးများမှာ ပြသပေးသွားတော့မှာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားကြီးကို လူငယ်ဒါရိုက်တာတစ်ဦးဖြစ်သူ ဒါရိုက်တာအာကာက ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး နိုင်းနိုင်းနဲ့ အမွန်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေအတွက် ထူးခြားစေမယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တယ်လို့လည်း သိရပါတယ်။ တေးသံရှင်အမွန်းအနေနဲ့လည်း မကြာသေးခင်ကမှ FORBES မဂ္ဂဇင်းရဲ့ အသက် ၃ဝနှစ်အောက် ထူးချွန်လူငယ်စာရင်းမှာ ပါဝင်ပြီး အသိအမှတ်ပြုခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။

Photo Credit:Ah Moon

www.akhayar.com