[Zawgyi]






Stella(Akhayar)

www.akhayar.com

[Unicode]

ဆံပင်တုလေးတွေမျိုးစုံနဲ့ အရမ်းချစ်စရာကောင်းနေတဲ့ စန္ဒီမြင့်လွင်

မိန်းကလေးတွေပရိသတ်တွေရင်ထဲ ထိရှစေတဲ့ အသဲကွဲသီချင်းလေးတွေကြောင့် နာမည်ကြီးလာတဲ့ သရုပ်ဆောင်၊အဆိုတော် စန္ဒီမြင့်လွင်ကတော့ လွန်ခဲ့တဲ့ လအနည်းငယ်က သီလရှင်ဝတ်ရင်းကုသိုလ်ယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ကတုံးဆံပင်ပေါက်လေးနဲ့လည်း ဒီးဒီကို တွေ့ရတတ်သလို ပွဲတက်အပြင်ထွက်တဲ့အခါမှာလည်း ဆံပင်တုလေးတွေမျိုးစုံဝတ်ရင်း ချစ်စရာကောင်းနေတတ်တာကိုတွေ့ရပါတယ်။

ဒီးဒီကတော့ တစ်နာရီအကြာလောက်က သူမရဲ့လူမှုကွန်ရက်မှာ သူမသဘောကျတဲ့ ဆိုင်ကိုသွားရင်း ဆံပင်တုလေးတွေကို ပြန်လည်ပုံသွင်းညှပ်ခဲ့တဲ့အကြောင်း မျှဝေထားပါတယ်။အိမ်ထောင်ပြုထားတာမကြာသေးတဲ့ ဒီးဒီးဟာ အရင်ကထက်ပိုလှလာသလို ချစ်ရတဲ့သူနဲ့အတူ စိတ်ချမ်းသာဖွယ်ရာအိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

သူမဟာ PAPI ဆိုတဲ့ သီချင်းသစ်လေးကို MTV ရိုက်ကူးဖို့စီစဉ်လျက်ရှိပြီး ဒီသီချင်းလးဟာ ပရိသတ်တွေကို ဖမ်းစားနိုင်ဦးမှာသေချာပါတယ်။ ဆံပင်တုလေးတွေနဲ့လိုက်ဖက်တဲ့ ဒီးဒီရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photos Credit – Sandi Myint Lwin

Stella(Akhayar)

www.akhayar.com