[Zawgyi]

ကေလးႏွစ္ေယာက္အေမလား ကေလးေလးလားမသဲကြဲေအာင္ ႏုပ်ိဳေနတဲ့ ခ်စ္သုေ၀

အဆုိေတာ္သရုပ္ေဆာင္ခ်စ္သုေ၀ကေတာ့ အိမ္ေထာင္က်ျပီး အျမႊာသမီးေလးေတြရဲ႕ မိခင္တစ္ေယာက္လုိ႕ မထင္ရေလာက္ေအာင္ ႏုပ်ိဳလန္းဆန္းေနဆဲျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ေခတ္ေလးနဲ႕ သစ္ေလးရဲ႕ ေမေမ ထရီဇာကေတာ့ မိခင္ဘ၀ေရာက္ခ်ိန္ထဲက သူမ၀ါသနာပါရာ ဆရာ၀န္အလုပ္နဲ႕အႏုပညာအလုပ္ကုိ ရပ္နားခဲ့ျပီး အဆုိေတာ္လင္းလင္းနဲ႕သမီးေလးေတြနဲ႕အတူ သာယာေပ်ာ္ရႊင္ဖြယ္မိသားစုဘ၀ေလးျဖတ္သန္းေနရတာပါ။

လတ္တေလာမွာေတာ့ လူမႈကြန္ရက္မွာ သူမရဲ႕ တရုတ္ျပည္ေရာက္ ပုံရိပ္ေတြက ေရပန္းစားလုိ႕ေနပါတယ္။ ထရီဇာ တစ္ေယာက္ တရုတ္ရုိးရာ၀တ္စုံေလး၀တ္ဆင္ထားျပီး ရွန္ဟုိင္းလမ္းမေပၚမွာ လြတ္လပ္ေပ့ါပါးစြာ ေလွ်ာက္လည္ေနတဲ့ပုံေလးေတြက ကေလးေလးတစ္ေယာက္လုိအျပစ္ကင္းစင္လြန္းလုိ႕ အႏုပညာရွင္အခ်ိဳ႕နဲ႕ ပရိသတ္ေတြကပါ သေဘာက်လ်က္ရွိေနပါတယ္။

တစ္သားေမြးတစ္ေသြးလွေနတဲ့ ေမေမထဲကတစ္ေယာက္အပါအ၀င္ျဖစ္တဲ့ ထရီဇာ တစ္ေယာက္ ကေလးအေမလုိ႕ကုိထင္ရက္စရာမရွိေလာက္ေအာင္ လွပႏုပ်ိဳေနသူျဖစ္ပါတယ္။ ဒါေၾကာင့္ ပရိသတ္ၾကီးလည္း ထရီဇာရဲ႕ ပုံေလးေတြကုိ ခ်စ္သြားျပီလား ။

Photos Credit – Chit Thu Wai

Stella(Akhayar)

www.akhayar.com

ကလေးနှစ်ယောက်အမေလား ကလေးလေးလားမသဲကွဲအောင် နုပျိုနေတဲ့ ချစ်သုေ၀

အဆိုတော်သရုပ်ဆောင်ချစ်သုဝေကတော့ အိမ်ထောင်ကျပြီး အမြွှာသမီးလေးတွေရဲ့ မိခင်တစ်ယောက်လို့ မထင်ရလောက်အောင် နုပျိုလန်းဆန်းနေဆဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် ခေတ်လေးနဲ့ သစ်လေးရဲ့ မေမေ ထရီဇာကတော့ မိခင်ဘဝရောက်ချိန်ထဲက သူမဝါသနာပါရာ ဆရာဝန်အလုပ်နဲ့အနုပညာအလုပ်ကို ရပ်နားခဲ့ပြီး အဆိုတော်လင်းလင်းနဲ့သမီးလေးတွေနဲ့အတူ သာယာပျော်ရွှင်ဖွယ်မိသားစုဘဝလေးဖြတ်သန်းနေရတာပါ။

လတ်တလောမှာတော့ လူမှုကွန်ရက်မှာ သူမရဲ့ တရုတ်ပြည်ရောက် ပုံရိပ်တွေက ရေပန်းစားလို့နေပါတယ်။ ထရီဇာ တစ်ယောက် တရုတ်ရိုးရာဝတ်စုံလေးဝတ်ဆင်ထားပြီး ရှန်ဟိုင်းလမ်းမပေါ်မှာ လွတ်လပ်ပေ့ါပါးစွာ လျှောက်လည်နေတဲ့ပုံလေးတွေက ကလေးလေးတစ်ယောက်လိုအပြစ်ကင်းစင်လွန်းလို့ အနုပညာရှင်တချို့နဲ့ ပရိသတ်တွေကပါ သဘောကျလျက်ရှိနေပါတယ်။

တစ်သားမွေးတစ်သွေးလှနေတဲ့ မေမေထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့ ထရီဇာ တစ်ယောက် ကလေးအမေလို့ကိုထင်ရက်စရာမရှိလောက်အောင် လှပနုပျိုနေသူဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်ကြီးလည်း ထရီဇာရဲ့ ပုံလေးတွေကို ချစ်သွားပြီလား ။

Photos Credit – Chit Thu Wai

Stella(Akhayar)

www.akhayar.com