[Zawgyi]
Stella(Akhayar)
www.akhayar.com
[Unicode]
မိန်းကလေးပရိသတ်တွေကို သဲသဲလှုပ်ဖြစ်သွားစေတဲ့ စိုင်းစိုင်းရဲ့ ပို့စ်တစ်ခု
အနုပညာသက်တမ်းဆယ်စုနှစ်နှစ်ခုနီးပါးရှိပြီဖြစ်တဲ့ အဆိုတော်၊သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာပြည်က မိန်းကလေးပရိသတ်အများဆုံးပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အရွယ်စုံနှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်ဝန်းရံအားပေးမှုတွေရရှိနေသေးတဲ့ စိုင်းစိုင်းတစ်ယောက် အချစ်ရေးနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ အိမ်ထောင်မပြုသေးဘဲ လူပျိုကြီးဘဝနဲ့ ဖြတ်သန်းနေတာဖြစ်ပါတယ်။
အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ စိုင်းစိုင်းကတော့ ဒီနေ့ သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ အသက်(၇၀)အရွယ် အမေရိကန်အဆိုတေ်ာကြီး Steven tyler ကို အားကျနေပုံရပါတယ်။ သူ့ထက်ငယ်တဲ့ ချစ်သူကောင်မလေးကိုရထားတဲ့ Steven tyler က ချစ်သူမွေးနေ့မှာ ကြင်ကြင်နာနာလေးအနမ်းပေးနေတဲ့ ပုံကို အင်စတာဂရမ်မှာ တင်ထားတာဖြစ်ပါတယ်။
အဲ့ဒီအနမ်းပေးနေတဲ့ ပုံကို စိုင်းစိုင်းတစ်ယောက် သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ “I’d like to kiss you in the rain Till 70, And more if I may ၊ ဓာတ်ပုံ Steven Tyler instagram ၊ ဒီနှစ် 70 ပြည့်ထားတာ ဒီပုံက သူ့ရည်းစားမွေးနေ့မှာတဲ့” ဆိုပြီး ချစ်သူကို အသက်(၇၀)ထိ မိုးတွေရွာနေတဲ့အချိန်လေးမှာ အနမ်းခြွေချင်တဲ့အကြောင်း သူ့ခံစားချက်ကိုပါ ပြန်လည်မျှဝေထားပါတယ်။ သူ့ရဲ့ ပို့စ်အောက်မှာတော့ Beauty Blogger နေခြည်ဦးအပါအဝင် မိန်းကလေးပရိသတ်အများစုက စနောက်ထားကြပါတယ်။ စိုင်းစိုင်းရဲ့ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ထွက်ပေါ်လာတဲ့ ချစ်သူကောင်မလေးနဲ့အတူ ပြင်သစ်မှာ လျှောက်လည်ခဲ့တဲ့ ပုံတွေကလည်း လူမှုကွန်ရက်မှာ မိန်းကလေးပရိသတ်တွေကို ဂယက်ထသွားစေခဲ့ပါတယ်။
Photos Credit – Sai Sai Kham Leng
Stella(Akhayar)
www.akhayar.com