[Zawgyi]
Stella(Akhayar)
www.Akhayar.com 
[Unicode]
ပရိသတ်အချစ်တော် အိစိကွေး ဘယ်ကောင်မလေးကိုများ မေးခွန်းထုတ်လိုက်တာလဲ
အိစိကွေး ဆိုတာနဲ့ နာမည်ထက် လူကိုမြင်ရင် မသိတဲ့သူမရှိလောက်အောင် နာမည်ကြီးတဲ့ ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ကလေးဘဝထဲက ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး အရွယ်နဲ့မလိုက်အောင် အနုပညာအရည်အသွေးရှိသူမို့ လူကြီးလူငယ်မရွေးချစ်ခင်အားပေးခြင်းခံရသူလေးဖြစ်ပါတယ်။ အရွယ်ရောက်လာပြီးနောက်မှာပိုပြီး ခန့်ချောလေးဖြစ်လာတဲ့ အိစိကွေးတစ်ယောက် ဒီနေ့ သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာတော့ အရုပ်လေးတွေကိုင်ထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေထားပါတယ်။အရုပ်တွေ တစ်ပွေ့တစ်ပိုက်ကြီးကောက်ပြီး လိုချင်တာရလို့ ပျော်နေပုံကတော့ တကယ့်ကို ချစ်စရာကောင်းနေတာဖြစ်ပါတယ်။
“အရုပ်လေးတွေလိုချင်လိုက်တိုင်း ရတယ် အရမ်းချစ်တတ်တဲ့နှလုံးသားလေးကိုလိုချင်ရင်ရော ရနိင်မလား?””လို့ Romantic ဆန်ဆန်လေး မေးခွန်းထုတ်လိုက်ပုံကတော့ကောင်မလေးတွေကို အသဲခိုက်အောင်လုပ်လိုက်သလိုပါပဲ။ သရုပ်ဆောင်အိစိကွေးဟာ သီချင်းလေးတွေလည်း မကြာမကြာ သီဆိုလေ့ရှိပြီး အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်နေရတာဖြစ်ပါတယ်။
တစ်ခါတစ်လေ သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ ပျော်ရွှင်ရယ်မောဖွယ်ဟာသလေးတွေနဲ့ ခံစားချက်စာတိုလေးတွေကိုလည်း မျှဝေလေ့ရှိတာမို့ပရိသတ်နဲ့မျက်ခြေမပြတ်တဲ့ သူလေးပါပဲ။ ကလေးဘဝထဲက ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး အရွယ်နဲ့မလိုက်အောင် အနုပညာအရည်အသွေးရှိသူမို့ လူကြီးလူငယ်မရွေးချစ်ခင်အားပေးခြင်းခံရသူလေးဖြစ်ပါတယ်။
Photos Credit –  Eisikway facebook
Stella(Akhayar)
www.Akhayar.com