[Zawgyi]

ကမၻာ့အၾကာဆုံးေလေၾကာင္းခရီးစဥ္ကုိ Singapore Airlines က စတင္ေျပးဆြဲၿပီ

စကၤာပူႏုိင္ငံ Changi Airport ကေန အေမရိကန္ႏုိင္ငံ New York’s Newark Liberty International အထိ ေျပးဆြဲတဲ့ Singapore Airlines ဟာ ကမၻာ့အၾကာဆုံးေလေၾကာင္းခရီးစဥ္အျဖစ္ မွတ္တမ္းဝင္သြားၿပီျဖစ္ပါတယ္။ ေလဆိပ္ႏွစ္ခုအကြာအေဝးဟာ ၁၆,၇ဝဝ ကီလုိမီတာ (၁ဝ,၃၇၇ မုိင္) ရွိၿပီး ပ်ံသန္းခ်ိန္ဟာ (၁၈) နာရီ (၄၅) မိနစ္အထိ ၾကာျမင့္မွာျဖစ္ပါတယ္။

နယူးဇီလန္ႏုိင္ငံ Auckland Airport ကေန ကာတာႏုိင္ငံ Auckland Airport ကုိ ပ်ံသန္းတဲ့ Qatar Airways ဟာ ၁၄,၅၂၉ ကီလုိမီတာရွိၿပီး ၾကာခ်ိန္ (၁၇) နာရီ (၄ဝ) မိနစ္နဲ႔ ကမၻာ့အၾကာဆုံးေလေၾကာင္းခရီးစဥ္အျဖစ္ စံခ်ိ္န္တင္ခဲ့ပါတယ္။ ၂ဝ၁၇ခုႏွစ္ ေဖေဖာ္ဝါရီလ (၅) ရက္ေန႔တုန္းက Qatar Airways တင္ထားတဲ့စံခ်ိန္ကုိ Singapore Airlines က ၂ဝ၁၈ခုႏွစ္ ေအာက္တုိဘာလ (၁၁) ရက္ေန႔မွာ ခ်ိဳးဖ်က္သြားၿပီလုိ႔ ဆုိရမွာပါ။

ေလေၾကာင္းလုိင္းေတြမွာ First Class ၊ Business Class ၊ Premium Economy နဲ႔ Economy Class ဆုိၿပီး ေလးမ်ိဳးခြဲျခားေပမယ့္ လက္ရွိခရီးစဥ္မွာေတာ့ ေစ်းႀကီးလြန္းတဲ့ First Class နဲ႔ ေစ်းခ်ိဳလြန္းတဲ့ Economy Class ကုိ ထည့္သြင္းမထားပါဘူး။ ခရီးသည္ (၁၆၁) ဦးသာ တင္ေဆာင္ႏုိင္ၿပီး Business Class (၆၇) ဦးနဲ႔ Premium Economy (၉၄) ဦး တင္ေဆာင္မွာျဖစ္ပါတယ္။

ေအာက္တုိဘာလ (၁၁) ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ည (၁၁) နာရီ (၃၅) မိနစ္မွာ စကၤာပူႏုိင္ငံ Changi Airport ကေန ထြက္ခြာခဲ့ၿပီး ေအာက္တုိဘာလ (၁၂) ရက္ေန႔ ေဒသစံေတာ္ခ်ိန္ မနက္ (၆) နာရီမွာ အေမရိကန္ႏုိင္ငံ New York’s Newark Liberty International ကုိ ဆင္းသက္မွာျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကမ္ဘာ့အကြာဆုံးလေကြောင်းခရီးစဉ်ကို Singapore Airlines က စတင်ပြေးဆွဲပြီ

စင်္ကာပူနိုင်ငံ Changi Airport ကနေ အမေရိကန်နိုင်ငံ New York’s Newark Liberty International အထိ ပြေးဆွဲတဲ့ Singapore Airlines ဟာ ကမ္ဘာ့အကြာဆုံးလေကြောင်းခရီးစဉ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။ လေဆိပ်နှစ်ခုအကွာအဝေးဟာ ၁၆,၇ဝဝ ကီလိုမီတာ (၁ဝ,၃၇၇ မိုင်) ရှိပြီး ပျံသန်းချိန်ဟာ (၁၈) နာရီ (၄၅) မိနစ်အထိ ကြာမြင့်မှာဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံ Auckland Airport ကနေ ကာတာနိုင်ငံ Auckland Airport ကို ပျံသန်းတဲ့ Qatar Airways ဟာ ၁၄,၅၂၉ ကီလိုမီတာရှိပြီး ကြာချိန် (၁၇) နာရီ (၄ဝ) မိနစ်နဲ့ ကမ္ဘာ့အကြာဆုံးလေကြောင်းခရီးစဉ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ၂ဝ၁၇ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တုန်းက Qatar Airways တင်ထားတဲ့စံချိန်ကို Singapore Airlines က ၂ဝ၁၈ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့မှာ ချိုးဖျက်သွားပြီလို့ ဆိုရမှာပါ။

လေကြောင်းလိုင်းတွေမှာ First Class ၊ Business Class ၊ Premium Economy နဲ့ Economy Class ဆိုပြီး လေးမျိုးခွဲခြားပေမယ့် လက်ရှိခရီးစဉ်မှာတော့ ဈေးကြီးလွန်းတဲ့ First Class နဲ့ ဈေးချိုလွန်းတဲ့ Economy Class ကို ထည့်သွင်းမထားပါဘူး။ ခရီးသည် (၁၆၁) ဦးသာ တင်ဆောင်နိုင်ပြီး Business Class (၆၇) ဦးနဲ့ Premium Economy (၉၄) ဦး တင်ဆောင်မှာဖြစ်ပါတယ်။

အောက်တိုဘာလ (၁၁) ရက်နေ့ ဒေသစံတော်ချိန် ည (၁၁) နာရီ (၃၅) မိနစ်မှာ စင်္ကာပူနိုင်ငံ Changi Airport ကနေ ထွက်ခွာခဲ့ပြီး အောက်တိုဘာလ (၁၂) ရက်နေ့ ဒေသစံတော်ချိန် မနက် (၆) နာရီမှာ အမေရိကန်နိုင်ငံ New York’s Newark Liberty International ကို ဆင်းသက်မှာဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com