[Zawgyi]

တန္ဖိုးႀကီးလက္ဝတ္ရတနာေတြကို ထိန္းသိမ္းတတ္ရဲ႕လား

ဒီေန႔ေခတ္မွာ အမ်ဳိးသမီးတိုင္းက လက္ဝတ္ရတနာေတြကို ပဲြတက္တဲ႔အခါမ်ဳိးမွာ တန္ဖိုးထားဝတ္ဆင္ၾကသလို ထသြားထလာမွာလည္း ရုိးရုိးေလးနဲ႔ ေခတ္မီဆန္းျပားတဲ႔ ဒီဇုိင္းမ်ဳိးစံုုျဖစ္ေအာင္ တီထြင္ဖန္တီးကာ ဝတ္ဆင္လာၾကပါတယ္။ ဒီလိုဝတ္ဆင္လာၾကတာနဲ႔အမွ် လက္ဝတ္ရတနာေတြဟာ အမ်ဳိးသမီးတုိုင္းအတြက္ တန္ဖိုးထားရတဲ့ အဖိုးတန္အဆင္တန္ဆာေတြ ျဖစ္လာပါေတာ့တယ္။ ဒီလိုလက္ဝတ္ရတနာေတြကို ပဲြလမ္းသဘင္ရွိလို႔ ဝတ္ဆင္ၿပီးတဲ႔အခါမွာ စနစ္တက်ေလးသန္႔စင္သိမ္းဆည္းထားရင္ သြားစရာလာစရာရွိတဲ့အခါအလြယ္တကူေကာက္ၿပီး ေရြးခ်ယ္ဝတ္ဆင္သြားလိုက္ရုံပါပဲ။ ဒါေၾကာင္႔ လက္ဝတ္ရတနာေတြကိုတာရွည္ခံလွပေစဖုိ႔၊ အရည္အေသြးမက်ဖုိ႔ ဒီအခ်က္ေတြကိုလိုက္နာၾကည္႔ရေအာင္။

Fancy Solvent ေတြနဲ႔ သန္႔စင္ေဆးေတြကို အျမဲသံုးေပးဖို႔ မလိုအပ္ပါဘူး

လက္ဝတ္ရတနာေတြကို သန္႔စင္တဲ႔အခါမွာ ေစ်းႀကီးတဲ႔ Fancy Solvent ေတြနဲ႔ သန္႔စင္ေဆးေတြကို အျမဲအသံုးျပဳေပးစရာမလိုပါဘူး။ အဲဒါေတြကို အသံုးျပဳၿပီးသန္႔စင္တာထက္ ႏူးညံ႔ေပ်ာ့ေပ်ာင္းတဲ႔ သြားပြတ္တံေလးကို အသံုးျပဳၿပီး ဆပ္ျပာပါတဲ႔ေရေႏြးေႏြးနဲ႔ သန္႔စင္ေပးတာက ပိုေကာင္းပါတယ္။ အမ်ားစုကေသာ လက္ဝတ္ရတနာဆိုင္ေတြမွာ လက္ဝတ္ရတနာဝယ္ယူတဲ့အခါမွာ Alcohol အမ်ားၾကီးပါဝင္တဲ႔႔အျပာေရာင္ေဆးရည္ကို ေပးေလ့ရွိၾကပါတယ္။ ဒီလိုေဆးရည္ေတြနဲ႔ ေဆးေၾကာတာထက္ ရုိးရွင္တဲ႔နည္းလမ္းကိုသံုးၿပီး ေဆးေၾကာတာက ပိုေကာင္းပါတယ္။

စိန္မွာ ဆီေတြေပသြားခဲ့ရင္လည္း ပန္းကန္ေဆးဆပ္ျပာရည္ (သို႔မဟုတ္) စိန္သန္႔စင္ေဆးရည္ေတြကိုသံုးၿပီး ဂရုတစိုက္သန္႔စင္ေပးလို႔ရပါတယ္။ “အေရာင္အသြးစံုတဲ႔ ေက်ာက္မ်က္ရတနာေတြကို အေရာင္မွိန္သြားလို႔ အရက္ျပန္လိုမ်ဴိးျပင္းတဲ႔ အေရာင္ခၽြတ္ေဆးနဲ႔ေဆးရင္ ပိုမိုေတာက္ေျပာင္လာမွာပဲဆိုတဲ႔အေတြးမ်ဳိးဟာ အလြန္ဆိုးဝါးတဲ႔ အေတြးမ်ဳိးျဖစ္တယ္လို႔” Rago Arts & Auction Center လက္ဝတ္ရတနာဆိုင္ရဲ႕ ဒါရုိက္တာျဖစ္သူ Katherine Van Dell က ေျပာထားပါတယ္။ ဒါေၾကာင္႔မို႔ ဒီလိုလက္ဝတ္ရတနာအဆင္တန္ဆာေတြကို အရုိးရွင္းဆံုးနည္းလမ္းျဖစ္တဲ့ သြားတိုက္ေဆးနဲ႔ သြားပြတ္တံကိုသံုးၿပီး ေဆးေၾကာေပးတာက အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။

Cleaning Jewelry

Cleaning Jewelry

လက္ဝတ္ရတနာေတြ ဝတ္ၿပီးမအိပ္ပါနဲ႔

တစ္ခါတေလပြဲလမ္းသဘင္ကျပန္လာလို႔ ပင္ပန္းေနခ်ိန္မွာ လက္ဝတ္ရတနာေတြကိုခၽြတ္မသိမ္းျဖစ္ဘဲ အိပ္ေပ်ာ္သြားတတ္ၾကပါတယ္။ အဲဒီလိုလက္ဝတ္ရတနာဝတ္ဆင္ၿပီး အိပ္ျခင္းက ခႏၶာကိုယ္ကိုလည္း ထိခိုက္ေစသလုိ ေမ့ၿပီး ဖိအိပ္မိရင္လည္း လက္ဝတ္ရတနာေတြလည္း က်ဳိးပဲ့ပ်က္စီးသြားတတ္ပါတယ္။ ဥပမာအားျဖင္႔ ဟန္းခ်ိန္းကို ဖိအိပ္မိၿပီး ပ်က္စီးတာမ်ဴိး၊ ေက်ာက္ပါတဲ႔လက္ဝတ္ရတနာေတြဆို ေက်ာက္ေတြျပဳတ္သြားတဲ႔အထိ ျဖစ္တတ္ပါတယ္။ ေက်ာက္ကိုကြပ္ထားတဲ႔ ေဘာင္ေတြေကြးသြားတာမ်ဳိးလည္း ျဖစ္တတ္ပါတယ္။ နားကပ္ဝတ္ၿပီးအိပ္မိရင္လည္း နားကိုထိုးမိ ထိခိုက္မိေစႏိုင္ပါတယ္။ ဒါေၾကာင္႔ လက္ဝတ္ရတနာေတြလည္း မပ်က္စီးေအာင္ လူကိုထိခိုက္မိတာမ်ဳိးလည္းမျဖစ္ရေအာင္ ညအိပ္တဲ႔အခါမွာေတာ့ မေမ့မေလ်ာ႔ လက္ဝတ္ရတနာေလးေတြကိုခၽြတ္ၿပီး အိပ္တဲ႔အက်င္႔မ်ဴိး ျပဳလုပ္သင့္ပါတယ္။

သီးျခားစီသိမ္းဆည္းပါ

လက္ဝတ္ရတနာ သိမ္းဆည္းျခင္းအတတ္ပညာကလည္း လက္ဝတ္ရတနာေတြနီးနီး အေရးပါပါတယ္။ အဖိုးထိုက္တန္တဲ႔ ေက်ာက္မ်က္အဆင္တန္ဆာ လက္ဝတ္ရတနာေတြကို ဘယ္လိုသိမ္းဆည္းလဲေပၚမူတည္ၿပီး လက္ဝတ္ရတနာရဲ႕႔တန္ဖိုးေတြကလည္း ကဲြျပားသြားတတ္ပါတယ္။ “သိမ္းဆည္းတဲ႔အခါမွာ လက္ဝတ္ရတနာေတြကို တစ္ခုနဲ႔တစ္ခု ရႈပ္ေထြးၿပီးျငိတာမ်ုဳိးမျဖစ္ရေအာင္ Jewelry Case (သို႔မဟုတ္) Jewelry Box ေလးေတြထဲ သီးျခားစီထည္႔ၿပီး သိမ္းဆည္းတာက အေကာင္းမြန္ဆံုး သိမ္းဆည္းနည္းျဖစ္ပါတယ္” လို႔ ကၽြမ္းက်င္ေရႊပန္းထိမ္ပညာရွင္လည္းျဖစ္ၿပီး Dona Distefano Ltd.ရဲ႕ ပိုင္ရွင္လည္းျဖစ္သူ Donna Distefano က ေျပာျပထားပါတယ္။ မာေက်ာတဲ့ေက်ာက္မ်က္ရတနာေတြကို သိမ္းဆည္းတဲ႔အခါမွာ ျခစ္ရာေတြမျဖစ္ရေလေအာင္ ႏူးညံတဲ႔အရာတစ္ခုခုနဲ႔ခံၿပီး သိမ္းဆည္းသင့္ပါတယ္။ လည္ဆဲြ သို႔မဟုတ္ လက္ေကာက္ႀကိဳးေတြလို ရႈပ္ေထြးႏိုင္တဲ႔ လက္ဝတ္ရတနာေတြကို တစ္ခုစီသီးျခားသိမ္းဆည္းေပးျခင္းအားျဖင္႔ ဝတ္ဆင္လိုတဲ႔အခါမွာ အလြယ္တကူရွာေတြ႔ႏိုင္ပါတယ္။ ရႈပ္ေထြးတာေတြ ျငိတာေတြမျဖစ္ေတာ့တဲ႔အတြက္ က်ဳိးပဲ႔ပ်က္စီးမွာကိုလည္း စိတ္ပူစရာမလိုုေတာ့ပါဘူး။

Store it Separately

Store it Separately

ေနာက္ဆံုးမွဝတ္ၿပီး အရင္ဦးဆံုးခၽြတ္ပါ

လက္ဝတ္ရတနာေတြကို ဂရုတစိုက္ထိန္းသိမ္းဖို႔အတြက္ ရုိးရွင္းတဲ႔လမ္းညႊန္ခ်က္တစ္ခုက အျပင္သြားရင္ အကုန္လံုးျပင္ဆင္ၿပီး ေနာက္ဆံုးက်မွ လက္ဝတ္ရတနာေတြကိုဝတ္ဆင္ဖို႔နဲ႔ အိမ္ကို ျပန္ေရာက္လာရင္ေတာ့ အရင္ဦးဆံုးခၽြတ္ၿပီးဖို႔ပါပဲ။ ဘာေၾကာင္႔လဲဆိုေတာ့ အျပင္သြားတဲ႔အခါမွာ ေရေမႊးေတြ၊ Hair Spray ေတြနဲ႔ Lotion ေတြလိမ္းတဲ့အခါမွာ ဒီအရာေတြက လက္ဝတ္ရတနာေတြကို ညစ္ပတ္ေပက်ံေစၿပီး ထိခုိက္ပ်က္စီးေစတတ္လို႔ ျဖစ္ပါတယ္။ အဲဒီလိုပဲ အက်ီၤေတြ၊ဆြယ္တာေတြ ဆဲြခၽြတ္လိုက္တဲ႔အခါမ်ဳိးမွာ ဟန္းခ်ိန္းေတြနဲ႔ျငိျပီး ျပဳတ္က်သြားတာမ်ဳိး၊ နားကပ္ေတြနဲ႔ျငိျပီး ပ်က္စီးသြားတာမ်ဳိး ျဖစ္တတ္ပါတယ္။ Shopping ထြက္တဲ႔အခါမ်ဳိးမွာ အက်ီၤေတြစမ္းဝတ္ၾကည္႔ဖို႔ အစီအစဥ္ရွိရင္ လက္ဝတ္္ရတနာေတြ ဝတ္ဆင္မသြားဘဲ အိမ္မွာထားခဲ႔တာက ေဘးကင္းစိတ္ခ်ရပါတယ္။

Put it on last take it off first

Put it on last take it off first

ေနေရာင္ကိုေရွာင္ၾကဥ္ပါ

တခ်ဳိ႕ေသာလက္ဝတ္ရတနာေတြက ေနေရာင္ျခည္နဲ႔ ထိေတြ႔တဲ႔အခါမွာ အေရာင္ေျပာင္းတာမ်ဳိး ၊ပ်က္စီးတာမ်ဳိးျဖစ္တတ္တဲ႔အတြက္ သူတုိ႔ကိုသိမ္းဆည္းတဲ႔အခါ ေနေရာင္ျခည္နဲ႔ တိုက္ရုိက္မထိေတြ႔ႏုိင္တဲ႔ ေနရာမ်ဳိးမွာ သိမ္းဆည္းေပးပါ။ အခ်ိဳ႕႔ေသာအေရာင္အေသြးရွိတဲ႔ လက္ဝတ္ရတနာေတြက ေနေရာင္နဲ႔ထိေတြ႔တဲ႔အခါမွာ အေရာင္ေျပာင္းသြားတာမ်ဳိးေတြ ျဖစ္္တတ္ပါတယ္။ အပူထြက္တဲ႔ အေပါက္ေတြနဲ႔ အပူအရင္းအျမစ္ရွိတဲ႔ ေနရာမ်ဳိးေတြမွာလည္း လက္ဝတ္ရတနာသိမ္းဆည္္းျခင္းကို ေရွာင္ၾကဥ္သင္႔ပါတယ္။

Avoid the sun

Avoid the sun

လက္ဝတ္ရတနာဒီဇိုင္းေတြရဲ႕ရည္ရြယ္ခ်က္ကိုသိထားသင့္ပါတယ္

တခ်ဳိ႕ေသာေငြထည္ပစၥည္းေတြကို ေၾကးညိွတက္တဲ့ အစက္အေပ်ာက္ပံုစံမ်ဴိးနဲ႔ ဒီဇုိင္းေဖာ္ထားတာမ်ဳိးျဖစ္တဲ႔အတြက္ ဒါကိုညစ္ပတ္ေနတယ္ဆိုၿပီး ေျပာင္လက္ေအာင္ တိုက္ခၽြတ္တာမ်ဳိး မျပဳလုပ္သင့္ပါဘူး။ လက္ဝတ္ရတနာဒီဇုိင္းေတြရဲ႕ ဖန္တီးမႈေတြကို နားမလည္ဘဲ ေျပာင္လက္ေအာင္သန္႔စင္ျခင္းျပဳလုပ္တာက လက္ဝတ္ရတနာကုိ ဖ်က္ဆီးတာနဲ႔ အတူတူပါပဲ။

ပုလဲကို ျပန္႔ျပန္႔ေလးသိမ္းဆည္းပါ

ပုလဲလိုမ်ဳိးလက္ဝတ္ရတနာေတြကုိ သိမ္းဆည္းတဲ့အခါမွာ ေခါက္တာမ်ဳိး၊ရစ္ပတ္တာမ်ဳိးတို႔လုပ္ၿပီး မသိမ္းသင္႔႔ပါဘူး။ လက္ဝတ္ရတနာဘူးထဲမွာ သိမ္းရင္လည္း ျပန္႔ုျပန္႔ေလးခင္းၿပီးသိမ္းတာမ်ဳိး၊ လက္ဝတ္ရတနာဘူးရဲ႕ ခ်ိတ္ေလးမွာ ခ်ိတ္ဆဲြၿပီး သိမ္းတာမ်ဳိး ျပဳလုပ္သင္႔ပါတယ္။ ပုလဲဆဲြႀကိဳးေတြ (သုိ႔မဟုတ္) ပုတီးေစ့ေတြလိုမ်ဳိးသီကံုးထားတဲ႔ လက္ဝတ္ရတနာေတြကို သိမ္းတဲ႔အခါမွာ ပိုးသား(သို႔မဟုတ္) ပိုးခ်ည္နဲ႔တဲြကာ ဆန္႔ဆန္႔ေလးျဖစ္ေအာင္ ခ်ိတ္ဆဲြ သိမ္းဆည္းသင္႔ပါတယ္။ ပုလဲေတြက ႀကိဳးနဲ႔သီၿပီးဝတ္ဆင္ရတဲဲ့ လက္ဝတ္ရတနာမ်ဳိးျဖစ္တဲ႔အတြက္ ပဲြလမ္းသဘင္ရွိလို႔ ဝတ္ဆင္ခါနီးက်ရင္ ခိုင္ျမဲမႈရွိမရွိစစ္ေဆးသင့္ပါတယ္။

ေရေျမာင္းေတြကိုသတိထားပါ

လက္ဝတ္ရတနာကို ဝတ္ဆင္ၿပီးလို႔ ျပန္ခၽြတ္တဲ႔အခါမ်ဳိးမွာ ခၽြတ္ရခက္တာမ်ဳိးေတြ ျဖစ္ဖူးၾကမွာပါ။ အဲဒီအခါမ်ဳိးမွာ ေဘစင္မွာ ဆပ္ျပာနဲ႔ေဆးျပီး လက္ဝတ္ရတနာေတြကို ခၽြတ္တတ္ၾကပါတယ္။အဲလိုေဆးတဲ႔အခါမ်ဳိးမွာ ဆပ္ျပာနဲ႔ေခ်ာ္ၿပီး လက္ဝတ္ရတနာေတြက ေရေျမာင္းထဲကို ျပဳတ္က်သြားတတ္ပါတယ္။ ဒါေၾကာင္႔အလြန္သတိထားသင္႔ပါတယ္။ ျပန္ေကာက္လို႔ ရလာရင္လည္း ေရညိွေတြနဲ႔ အညစ္အေၾကးေတြ ေပက်ံလာလို႔ နဂိုမူလကအတိုင္း လက္ဝတ္ရတနာေတြ သစ္လြင္ေတာက္ပေနမွာ မဟုတ္တာေသခ်ာပါတယ္။

ဒီေလာက္ဆိုရင္ေတာ႔ လက္ဝတ္ရတနာေတြကို ထိန္းသိမ္းပံုနဲ႔ သိမ္းဆည္းပံုေတြကို ေတာ္ေတာ္မ်ားမ်ား သိသြားေလာက္ၿပီလို႔ ထင္ပါတယ္ေနာ္။ ကိုယ္သိထားတဲ႔ ထိန္းသိမ္းနည္းေလးေတြရွိရင္လည္း မွ်ေဝခဲ႔ပါဦးေနာ္။

H.H(Akhayar)

www.akhayar.com 

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

တန်ဖိုးကြီးလက်ဝတ်ရတနာတွေကို ထိန်းသိမ်းတတ်ရဲ့လား

ဒီနေ့ခေတ်မှာ အမျိုးသမီးတိုင်းက လက်ဝတ်ရတနာတွေကို ပွဲတက်တဲ့အခါမျိုးမှာ တန်ဖိုးထားဝတ်ဆင်ကြသလို ထသွားထလာမှာလည်း ရိုးရိုးလေးနဲ့ ခေတ်မီဆန်းပြားတဲ့ ဒီဇိုင်းမျိုးစုံဖြစ်အောင် တီထွင်ဖန်တီးကာ ဝတ်ဆင်လာကြပါတယ်။ ဒီလိုဝတ်ဆင်လာကြတာနဲ့အမျှ လက်ဝတ်ရတနာတွေဟာ အမျိုးသမီးတိုင်းအတွက် တန်ဖိုးထားရတဲ့ အဖိုးတန်အဆင်တန်ဆာတွေ ဖြစ်လာပါတော့တယ်။ ဒီလိုလက်ဝတ်ရတနာတွေကို ပွဲလမ်းသဘင်ရှိလို့ ဝတ်ဆင်ပြီးတဲ့အခါမှာ စနစ်တကျလေးသန့်စင်သိမ်းဆည်းထားရင် သွားစရာလာစရာရှိတဲ့အခါအလွယ်တကူကောက်ပြီး ရွေးချယ်ဝတ်ဆင်သွားလိုက်ရုံပါပဲ။ ဒါကြောင့် လက်ဝတ်ရတနာတွေကိုတာရှည်ခံလှပစေဖို့၊ အရည်အသွေးမကျဖို့ ဒီအချက်တွေကိုလိုက်နာကြည့်ရအောင်။

Fancy Solvent တွေနဲ့ သန့်စင်ဆေးတွေကို အမြဲသုံးပေးဖို့ မလိုအပ်ပါဘူး

လက်ဝတ်ရတနာတွေကို သန့်စင်တဲ့အခါမှာ ဈေးကြီးတဲ့ Fancy Solvent တွေနဲ့ သန့်စင်ဆေးတွေကို အမြဲအသုံးပြုပေးစရာမလိုပါဘူး။ အဲဒါတွေကို အသုံးပြုပြီးသန့်စင်တာထက် နူးညံ့ပျော့ပျောင်းတဲ့ သွားပွတ်တံလေးကို အသုံးပြုပြီး ဆပ်ပြာပါတဲ့ရေနွေးနွေးနဲ့ သန့်စင်ပေးတာက ပိုကောင်းပါတယ်။ အများစုကသော လက်ဝတ်ရတနာဆိုင်တွေမှာ လက်ဝတ်ရတနာဝယ်ယူတဲ့အခါမှာ Alcohol အများကြီးပါဝင်တဲ့အပြာရောင်ဆေးရည်ကို ပေးလေ့ရှိကြပါတယ်။ ဒီလိုဆေးရည်တွေနဲ့ ဆေးကြောတာထက် ရိုးရှင်တဲ့နည်းလမ်းကိုသုံးပြီး ဆေးကြောတာက ပိုကောင်းပါတယ်။

စိန်မှာ ဆီတွေပေသွားခဲ့ရင်လည်း ပန်းကန်ဆေးဆပ်ပြာရည် (သို့မဟုတ်) စိန်သန့်စင်ဆေးရည်တွေကိုသုံးပြီး ဂရုတစိုက်သန့်စင်ပေးလို့ရပါတယ်။ “အရောင်အသွးစုံတဲ့ ကျောက်မျက်ရတနာတွေကို အရောင်မှိန်သွားလို့ အရက်ပြန်လိုမျိူးပြင်းတဲ့ အရောင်ချွတ်ဆေးနဲ့ဆေးရင် ပိုမိုတောက်ပြောင်လာမှာပဲဆိုတဲ့အတွေးမျိုးဟာ အလွန်ဆိုးဝါးတဲ့ အတွေးမျိုးဖြစ်တယ်လို့” Rago Arts & Auction Center လက်ဝတ်ရတနာဆိုင်ရဲ့ ဒါရိုက်တာဖြစ်သူ Katherine Van Dell က ပြောထားပါတယ်။ ဒါကြောင့်မို့ ဒီလိုလက်ဝတ်ရတနာအဆင်တန်ဆာတွေကို အရိုးရှင်းဆုံးနည်းလမ်းဖြစ်တဲ့ သွားတိုက်ဆေးနဲ့ သွားပွတ်တံကိုသုံးပြီး ဆေးကြောပေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

Cleaning Jewelry

Cleaning Jewelry

လက်ဝတ်ရတနာတွေ ဝတ်ပြီးမအိပ်ပါနဲ့

တစ်ခါတလေပွဲလမ်းသဘင်ကပြန်လာလို့ ပင်ပန်းနေချိန်မှာ လက်ဝတ်ရတနာတွေကိုချွတ်မသိမ်းဖြစ်ဘဲ အိပ်ပျော်သွားတတ်ကြပါတယ်။ အဲဒီလိုလက်ဝတ်ရတနာဝတ်ဆင်ပြီး အိပ်ခြင်းက ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေသလို မေ့ပြီး ဖိအိပ်မိရင်လည်း လက်ဝတ်ရတနာတွေလည်း ကျိုးပဲ့ပျက်စီးသွားတတ်ပါတယ်။ ဥပမာအားဖြင့် ဟန်းချိန်းကို ဖိအိပ်မိပြီး ပျက်စီးတာမျိူး၊ ကျောက်ပါတဲ့လက်ဝတ်ရတနာတွေဆို ကျောက်တွေပြုတ်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။ ကျောက်ကိုကွပ်ထားတဲ့ ဘောင်တွေကွေးသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ နားကပ်ဝတ်ပြီးအိပ်မိရင်လည်း နားကိုထိုးမိ ထိခိုက်မိစေနိုင်ပါတယ်။ ဒါကြောင့် လက်ဝတ်ရတနာတွေလည်း မပျက်စီးအောင် လူကိုထိခိုက်မိတာမျိုးလည်းမဖြစ်ရအောင် ညအိပ်တဲ့အခါမှာတော့ မမေ့မလျော့ လက်ဝတ်ရတနာလေးတွေကိုချွတ်ပြီး အိပ်တဲ့အကျင့်မျိူး ပြုလုပ်သင့်ပါတယ်။

သီးခြားစီသိမ်းဆည်းပါ

လက်ဝတ်ရတနာ သိမ်းဆည်းခြင်းအတတ်ပညာကလည်း လက်ဝတ်ရတနာတွေနီးနီး အရေးပါပါတယ်။ အဖိုးထိုက်တန်တဲ့ ကျောက်မျက်အဆင်တန်ဆာ လက်ဝတ်ရတနာတွေကို ဘယ်လိုသိမ်းဆည်းလဲပေါ်မူတည်ပြီး လက်ဝတ်ရတနာရဲ့တန်ဖိုးတွေကလည်း ကွဲပြားသွားတတ်ပါတယ်။ “သိမ်းဆည်းတဲ့အခါမှာ လက်ဝတ်ရတနာတွေကို တစ်ခုနဲ့တစ်ခု ရှုပ်ထွေးပြီးငြိတာမျိုုးမဖြစ်ရအောင် Jewelry Case (သို့မဟုတ်) Jewelry Box လေးတွေထဲ သီးခြားစီထည့်ပြီး သိမ်းဆည်းတာက အကောင်းမွန်ဆုံး သိမ်းဆည်းနည်းဖြစ်ပါတယ်” လို့ ကျွမ်းကျင်ရွှေပန်းထိမ်ပညာရှင်လည်းဖြစ်ပြီး Dona Distefano Ltd.ရဲ့ ပိုင်ရှင်လည်းဖြစ်သူ Donna Distefano က ပြောပြထားပါတယ်။ မာကျောတဲ့ကျောက်မျက်ရတနာတွေကို သိမ်းဆည်းတဲ့အခါမှာ ခြစ်ရာတွေမဖြစ်ရလေအောင် နူးညံတဲ့အရာတစ်ခုခုနဲ့ခံပြီး သိမ်းဆည်းသင့်ပါတယ်။ လည်ဆွဲ သို့မဟုတ် လက်ကောက်ကြိုးတွေလို ရှုပ်ထွေးနိုင်တဲ့ လက်ဝတ်ရတနာတွေကို တစ်ခုစီသီးခြားသိမ်းဆည်းပေးခြင်းအားဖြင့် ဝတ်ဆင်လိုတဲ့အခါမှာ အလွယ်တကူရှာတွေ့နိုင်ပါတယ်။ ရှုပ်ထွေးတာတွေ ငြိတာတွေမဖြစ်တော့တဲ့အတွက် ကျိုးပဲ့ပျက်စီးမှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။

Store it Separately

Store it Separately

နောက်ဆုံးမှဝတ်ပြီး အရင်ဦးဆုံးချွတ်ပါ

လက်ဝတ်ရတနာတွေကို ဂရုတစိုက်ထိန်းသိမ်းဖို့အတွက် ရိုးရှင်းတဲ့လမ်းညွှန်ချက်တစ်ခုက အပြင်သွားရင် အကုန်လုံးပြင်ဆင်ပြီး နောက်ဆုံးကျမှ လက်ဝတ်ရတနာတွေကိုဝတ်ဆင်ဖို့နဲ့ အိမ်ကို ပြန်ရောက်လာရင်တော့ အရင်ဦးဆုံးချွတ်ပြီးဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ အပြင်သွားတဲ့အခါမှာ ရေမွှေးတွေ၊ Hair Spray တွေနဲ့ Lotion တွေလိမ်းတဲ့အခါမှာ ဒီအရာတွေက လက်ဝတ်ရတနာတွေကို ညစ်ပတ်ပေကျံစေပြီး ထိခိုက်ပျက်စီးစေတတ်လို့ ဖြစ်ပါတယ်။ အဲဒီလိုပဲ အကျီၤတွေ၊ဆွယ်တာတွေ ဆွဲချွတ်လိုက်တဲ့အခါမျိုးမှာ ဟန်းချိန်းတွေနဲ့ငြိပြီး ပြုတ်ကျသွားတာမျိုး၊ နားကပ်တွေနဲ့ငြိပြီး ပျက်စီးသွားတာမျိုး ဖြစ်တတ်ပါတယ်။ Shopping ထွက်တဲ့အခါမျိုးမှာ အကျီၤတွေစမ်းဝတ်ကြည့်ဖို့ အစီအစဉ်ရှိရင် လက်ဝတ်ရတနာတွေ ဝတ်ဆင်မသွားဘဲ အိမ်မှာထားခဲ့တာက ဘေးကင်းစိတ်ချရပါတယ်။

Put it on last take it off first

Put it on last take it off first

နေရောင်ကိုရှောင်ကြဉ်ပါ

တချို့သောလက်ဝတ်ရတနာတွေက နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါမှာ အရောင်ပြောင်းတာမျိုး ၊ပျက်စီးတာမျိုးဖြစ်တတ်တဲ့အတွက် သူတို့ကိုသိမ်းဆည်းတဲ့အခါ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့နိုင်တဲ့ နေရာမျိုးမှာ သိမ်းဆည်းပေးပါ။ အချို့သောအရောင်အသွေးရှိတဲ့ လက်ဝတ်ရတနာတွေက နေရောင်နဲ့ထိတွေ့တဲ့အခါမှာ အရောင်ပြောင်းသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အပူထွက်တဲ့ အပေါက်တွေနဲ့ အပူအရင်းအမြစ်ရှိတဲ့ နေရာမျိုးတွေမှာလည်း လက်ဝတ်ရတနာသိမ်းဆည်းခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

Avoid the sun

Avoid the sun

လက်ဝတ်ရတနာဒီဇိုင်းတွေရဲ့ရည်ရွယ်ချက်ကိုသိထားသင့်ပါတယ်

တချို့သောငွေထည်ပစ္စည်းတွေကို ကြေးညှိတက်တဲ့ အစက်အပျောက်ပုံစံမျိူးနဲ့ ဒီဇိုင်းဖော်ထားတာမျိုးဖြစ်တဲ့အတွက် ဒါကိုညစ်ပတ်နေတယ်ဆိုပြီး ပြောင်လက်အောင် တိုက်ချွတ်တာမျိုး မပြုလုပ်သင့်ပါဘူး။ လက်ဝတ်ရတနာဒီဇိုင်းတွေရဲ့ ဖန်တီးမှုတွေကို နားမလည်ဘဲ ပြောင်လက်အောင်သန့်စင်ခြင်းပြုလုပ်တာက လက်ဝတ်ရတနာကို ဖျက်ဆီးတာနဲ့ အတူတူပါပဲ။

ပုလဲကို ပြန့်ပြန့်လေးသိမ်းဆည်းပါ

ပုလဲလိုမျိုးလက်ဝတ်ရတနာတွေကို သိမ်းဆည်းတဲ့အခါမှာ ခေါက်တာမျိုး၊ရစ်ပတ်တာမျိုးတို့လုပ်ပြီး မသိမ်းသင့့်ပါဘူး။ လက်ဝတ်ရတနာဘူးထဲမှာ သိမ်းရင်လည်း ပြန့်ုပြန့်လေးခင်းပြီးသိမ်းတာမျိုး၊ လက်ဝတ်ရတနာဘူးရဲ့ ချိတ်လေးမှာ ချိတ်ဆွဲပြီး သိမ်းတာမျိုး ပြုလုပ်သင့်ပါတယ်။ ပုလဲဆွဲကြိုးတွေ (သို့မဟုတ်) ပုတီးစေ့တွေလိုမျိုးသီကုံးထားတဲ့ လက်ဝတ်ရတနာတွေကို သိမ်းတဲ့အခါမှာ ပိုးသား(သို့မဟုတ်) ပိုးချည်နဲ့တွဲကာ ဆန့်ဆန့်လေးဖြစ်အောင် ချိတ်ဆွဲ သိမ်းဆည်းသင့်ပါတယ်။ ပုလဲတွေက ကြိုးနဲ့သီပြီးဝတ်ဆင်ရတဲ့ လက်ဝတ်ရတနာမျိုးဖြစ်တဲ့အတွက် ပွဲလမ်းသဘင်ရှိလို့ ဝတ်ဆင်ခါနီးကျရင် ခိုင်မြဲမှုရှိမရှိစစ်ဆေးသင့်ပါတယ်။

ရေမြောင်းတွေကိုသတိထားပါ

လက်ဝတ်ရတနာကို ဝတ်ဆင်ပြီးလို့ ပြန်ချွတ်တဲ့အခါမျိုးမှာ ချွတ်ရခက်တာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ အဲဒီအခါမျိုးမှာ ဘေစင်မှာ ဆပ်ပြာနဲ့ဆေးပြီး လက်ဝတ်ရတနာတွေကို ချွတ်တတ်ကြပါတယ်။အဲလိုဆေးတဲ့အခါမျိုးမှာ ဆပ်ပြာနဲ့ချော်ပြီး လက်ဝတ်ရတနာတွေက ရေမြောင်းထဲကို ပြုတ်ကျသွားတတ်ပါတယ်။ ဒါကြောင့်အလွန်သတိထားသင့်ပါတယ်။ ပြန်ကောက်လို့ ရလာရင်လည်း ရေညှိတွေနဲ့ အညစ်အကြေးတွေ ပေကျံလာလို့ နဂိုမူလကအတိုင်း လက်ဝတ်ရတနာတွေ သစ်လွင်တောက်ပနေမှာ မဟုတ်တာသေချာပါတယ်။

ဒီလောက်ဆိုရင်တော့ လက်ဝတ်ရတနာတွေကို ထိန်းသိမ်းပုံနဲ့ သိမ်းဆည်းပုံတွေကို တော်တော်များများ သိသွားလောက်ပြီလို့ ထင်ပါတယ်နော်။ ကိုယ်သိထားတဲ့ ထိန်းသိမ်းနည်းလေးတွေရှိရင်လည်း မျှဝေခဲ့ပါဦးနော်။

H.H(Akhayar)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။