[Zawgyi]

Mission:Impossible ဇာတ္ကားေတြေအာင္ျမင္ရတဲ့ အေၾကာင္းကို ေျပာျပခဲ့တဲ့ Simon Pegg

ကမာၻေက်ာ္အက္ရွင္မင္းသား Tom Cruise ရဲ ႔Mission: Impossible အခန္းဆက္ရုပ္ရွင္ဇာတ္ကားေတြ(Sequel Movie) ေအာင္ျမင္ရျခင္း အဓိကအေၾကာင္းအရင္းကို ဘယ္အင္တာဗ်ဴးေတြမွာပဲေမးေမး Tom က အားလံုးရဲ ႔ႀကိဳးပမ္းေဆာင္ရြတ္မႈ ေၾကာင့္လို႔သာေျဖေလ့ရွိပါတယ္။

Simon-Pegg

Simon Pegg ၊ Tom Cruise နဲ႔ Henry Cavill

ဒါေပမယ့္ မၾကာေသးမီက ကိုရီးယားနာမည္ေက်ာ္ ရုပ္သံအစီအစဥ္ Running Man ကို Tom Cruise ၊ Henry Cavill နဲ႔ Simon Pegg လာေရာက္လည္ပတ္စဥ္မွာ Simon က ဒီ Mission : Impossible ဇာတ္ကားေတြေအာင္ျမင္ရတာနဲ႔ ပတ္သက္ၿပီး သူ႔ရဲ ႔အျမင္ကိုေျပာျပခဲ့ပါတယ္။

Tom ဟာ သူ႔ ရဲ ႔အသက္ကိုမငဲ႔ ၊ Double Stunt မသံုးဘဲ သက္စြန္႔ဆန္ဖ်ား သရုပ္ေဆာင္ခဲ့မႈေတြေၾကာင့္ ေအာင္ျမင္မႈရတာျဖစ္တယ္လို႕ Simon သူ႔အျမင္ကိုေျပာပါတယ္။ MI ဇာတ္ကားေတြထဲမွာ ရဟတ္ယာဥ္ေမာင္းတဲ့ ဇာတ္ဝင္ခန္းေတြပါတဲ့ အတြက္ Tom ဟာ Pilot သင္တန္းတက္ေရာက္ခဲ့ၿပီး ကိုယ္တိုင္ရဟတ္ယာဥ္ေမာင္းျပခဲ့ပါတယ္။ ဆိုင္ကယ္နဲ႔ေမာ္ေတာ္ကား စတန္႔ျပကြက္ေတြကိုလည္း မင္းသားႀကီး Tom Cruise ကလူစားမထိုးဘဲ သရုပ္ေဆာင္ခဲ့တာနဲ႔ပတ္သက္ၿပီး Tom က ပရိသတ္ကို တကယ့္အစစ္အမွန္ေတြ ျပသခ်င္တဲ့ ေစတနာေၾကာင့္ စြန္႔စားခဲ့တယ္ဆိုတာကိုေတာ့ ပရိသတ္က အထူးေျပာစရာမလိုေအာင္သိၿပီးသားျဖစ္ပါတယ္။

အခုေနာက္ဆံုးထြက္ရွိထားတဲ့ Mission:Impossible Fallout(2018) ကိုေတာ့ ျပင္သစ္နိုင္ငံ မွာဇူလိုင္လ ၁၂  ရက္ေန႔က စတင္ျပသခဲ့တာျဖစ္ၿပီး အေမရိကန္နိုင္ငံနဲ႔ ျမန္မာနိုင္ငံမွာေတာ့ ဇူလိုင္လ ၂၇ ရက္ေန႔မွာ တၿပိဳင္နက္ရံုတင္ျပသသြားမွာလည္း ျဖစ္ပါတယ္။

Photo Credit:NY Daily News

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

Mission:Impossible ဇာတ်ကားတွေအောင်မြင်ရတဲ့ အကြောင်းကို ပြောပြခဲ့တဲ့ Simon Pegg

ကမ္ဘာကျော်အက်ရှင်မင်းသား Tom Cruise ရဲ့Mission: Impossible အခန်းဆက်ရုပ်ရှင်ဇာတ်ကားတွေ(Sequel Movie) အောင်မြင်ရခြင်း အဓိကအကြောင်းအရင်းကို ဘယ်အင်တာဗျူးတွေမှာပဲမေးမေး Tom က အားလုံးရဲ့ကြိုးပမ်းဆောင်ရွတ်မှု ကြောင့်လို့သာဖြေလေ့ရှိပါတယ်။

Simon-Pegg

Simon Pegg ၊ Tom Cruise နဲ့ Henry Cavill

ဒါပေမယ့် မကြာသေးမီက ကိုရီးယားနာမည်ကျော် ရုပ်သံအစီအစဉ် Running Man ကို Tom Cruise ၊ Henry Cavill နဲ့ Simon Pegg လာရောက်လည်ပတ်စဉ်မှာ Simon က ဒီ Mission : Impossible ဇာတ်ကားတွေအောင်မြင်ရတာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။

Tom ဟာ သူ့ ရဲ့အသက်ကိုမငဲ့ ၊ Double Stunt မသုံးဘဲ သက်စွန့်ဆန်ဖျား သရုပ်ဆောင်ခဲ့မှုတွေကြောင့် အောင်မြင်မှုရတာဖြစ်တယ်လို့ Simon သူ့အမြင်ကိုပြောပါတယ်။ MI ဇာတ်ကားတွေထဲမှာ ရဟတ်ယာဉ်မောင်းတဲ့ ဇာတ်ဝင်ခန်းတွေပါတဲ့ အတွက် Tom ဟာ Pilot သင်တန်းတက်ရောက်ခဲ့ပြီး ကိုယ်တိုင်ရဟတ်ယာဉ်မောင်းပြခဲ့ပါတယ်။ ဆိုင်ကယ်နဲ့မော်တော်ကား စတန့်ပြကွက်တွေကိုလည်း မင်းသားကြီး Tom Cruise ကလူစားမထိုးဘဲ သရုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး Tom က ပရိသတ်ကို တကယ့်အစစ်အမှန်တွေ ပြသချင်တဲ့ စေတနာကြောင့် စွန့်စားခဲ့တယ်ဆိုတာကိုတော့ ပရိသတ်က အထူးပြောစရာမလိုအောင်သိပြီးသားဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်ရှိထားတဲ့ Mission:Impossible Fallout(2018) ကိုတော့ ပြင်သစ်နိုင်ငံ မှာဇူလိုင်လ ၁၂ ရက်နေ့က စတင်ပြသခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာတော့ ဇူလိုင်လ ၂၇ ရက်နေ့မှာ တပြိုင်နက်ရုံတင်ပြသသွားမှာလည်း ဖြစ်ပါတယ်။

Photo Credit:NY Daily News

ကြည်သာ (Akhayar)

www.akhayar.com