[ Zawgyi ]

SIM Ejector Pin မရွိရင္ေတာင္ ဒီနည္းလမ္းေတြနဲ႔ SIM ကဒ္ကို ထုတ္လို႔ရပါတယ္

အခုဆိုရင္ဖုန္းေတြအားလံုးနီးပါး SIM Card ကို Sim Tray စနစ္နဲ႕အသံုးျပဳလာၾကတဲ့အတြက္ SIM ကဒ္ ထုတ္တာ ၊ လဲတာတို႔ကို ျပဳလုပ္ရာမွာ Ejector Pin မရွိရင္ ထုတ္ဖို႔မလြယ္ကူပါဘူး။ သြားေလရာေဆာင္သြားဖို႔လိုေပမယ့္ တစ္ခါတစ္ေလေတာ့ အမွတ္မထင္ ေမ့က်န္ကာင္းက်န္ခဲ့ႏိုင္ပါတယ္။အဲ့လိုက်န္ခဲ့တဲ့အခါ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ SIM ကဒ္ထုတ္ဖို႔လိုအပ္လာမယ္ဆိုရင္ SIM Ejector Pin အစား အလြယ္တစ္ကူရွာေဖြႏိုင္တဲ့ ဒီလိုအသံုးအေဆာင္ပစၥည္း ၅မ်ိဳးနဲ႔ထုတ္ယူႏုိင္ပါတယ္။

နားကပ္ (သို႔) နားေဖာက္အပ္

နားကပ္ကေတာ့ ကြ်န္ေတာ္တို႔နဲ႔အနီးစပ္ဆံုး Ejector တစ္ခုပါပဲ ကိုယ့္ရဲ႕ေကာင္မေလးမွာပဲျဖစ္ျဖစ္ သူငယ္ခ်င္းမိန္းကေလးစီကေနပဲျဖစ္ျဖစ္ ခဏေလာက္ငွားလို႔လြယ္မယ္ထင္ပါတယ္။( ေပ်ာက္ေတာ့မေပ်ာက္ေစနဲ႔ေပါ့ ) နားေပါက္ကိုျဖတ္ၿပီးအပိတ္နဲ႔ဆက္သြယ္ထားတဲ့ ပိုက္အပ္ဟာ SIM Ejector ေပါက္ထဲထိုးထည့္ဖို႔လံုေလာက္တဲ့အရွည္ရွိပါတယ္။ ဒါေၾကာင့္ သင့္ေကာင္မေလးသာ နားကပ္ ပန္ထားမယ္ဆိုရင္ SIM Ejector Pin အထူးတလည္ေဆာင္ထားဖို႔မလိုေတာ့ဘူးလို႔ဆိုရမွာပါ။

Paperclip

နားကပ္ၿပီးရင္ သင့္ပတ္ဝန္းက်င္မွာရွာလို႔ေဖြလို႔အလြယ္ဆံုးနဲ႔ အေပါဆံုးကေတာ့ စာရြက္ညွပ္တဲ့ Paperclip ပါပဲ။ ရံုးသမားေတြအတြက္ဆိုပိုၿပီးေတာင္လြယ္ပါေသးတယ္။ Paperclip ကိုဆြဲလွန္လိုက္မယ္ဆိုရင္ Ejector အေပါက္နဲ႔ ကြက္တိက်မယ့္ သံခ်ြန္ေလးတစ္ကိုသင္ျမင္ေတြ႔ရမွာပါ။

တြယ္ခ်ိတ္

တြယ္ခ်ိတ္ကေတာ့ ခုေခတ္မွာသိပ္မျမင္ရေတာ့ေပမယ့္ အလြယ္တစ္ကူရွာလို႔ရတဲ့စာရင္းထဲမွာရွိေနပါေသးတယ္။Paperclip ကေတာ့ ပိုၿပီးရွာရလြယ္မယ္ထင္ပါတယ္။

ေဆးထိုးအပ္ သို႔ အဝတ္ခ်ဳပ္အပ္

ေဆးထိုးအပ္ နဲ႔ အဝတ္ခ်ဳပ္အပ္တို႕ကိုသံုးၿပီးေတာ့လည္း SIM Tray ကိုထုတ္ယူႏိုင္ပါတယ္။

Ejector Pin အျဖစ္အသံုးျပဳႏိုင္တဲ့ ပစၥည္းေတြအေၾကာင္းေဖာ္ျပၿပီးရင္ လံုးဝမလုပ္ေဆာင္သင့္တဲ့ အခ်က္တစ္ခ်က္ကိုလည္း သတိေပးပါရေစ။ အဲ့တာကေတာ့ အလြယ္ရေနတဲ့ သြားၾကားထိုးတံလို က်ိဳးပဲ့လြယ္တဲ့ ပစၥည္းေတြနဲ႔ လံုးဝ ( လံုးဝ ) မထုတ္ဖို႔ပါပဲ။ မ်ားေသာအားျဖင့္ အလြယ္ျမင္ၿပီးလုပ္မိလို႔ Ejector အေပါက္ထဲ က်ိဳးက်န္ခဲ့ၿပီး ဖုန္းပါဖြင့္လိုက္ရတဲ့အျဖစ္ေတြအမ်ားႀကီး ဒုနဲ႔ေဒးပါ။ ဆင္ဖိုးထက္ ခြ်န္းဖိုးပိုၾကီးမယ့္ကိစၥျဖစ္လို႔ ဒီလိုမ်ိဳးမလုပ္မိေစဖို႔အထပ္ထပ္ အခါခါ သတိေပးလိုက္ရပါတယ္။

Ref;Android Pit

Photo credit to Android Pit

Phone Hay Ko ( Akhayar )

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[ Unicode ]

SIM Ejector Pin မရှိရင်တောင် ဒီနည်းလမ်းတွေနဲ့ SIM ကဒ်ကို ထုတ်လို့ရပါတယ်

အခုဆိုရင်ဖုန်းတွေအားလုံးနီးပါး SIM Card ကို Sim Tray စနစ်နဲ့အသုံးပြုလာကြတဲ့အတွက် SIM ကဒ် ထုတ်တာ ၊ လဲတာတို့ကို ပြုလုပ်ရာမှာ Ejector Pin မရှိရင် ထုတ်ဖို့မလွယ်ကူပါဘူး။ သွားလေရာဆောင်သွားဖို့လိုပေမယ့် တစ်ခါတစ်လေတော့ အမှတ်မထင် မေ့ကျန်ကာင်းကျန်ခဲ့နိုင်ပါတယ်။အဲ့လိုကျန်ခဲ့တဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် SIM ကဒ်ထုတ်ဖို့လိုအပ်လာမယ်ဆိုရင် SIM Ejector Pin အစား အလွယ်တစ်ကူရှာဖွေနိုင်တဲ့ ဒီလိုအသုံးအဆောင်ပစ္စည်း ၅မျိုးနဲ့ထုတ်ယူနိုင်ပါတယ်။

နားကပ် (သို့) နားဖောက်အပ်

နားကပ်ကတော့ ကျွန်တော်တို့နဲ့အနီးစပ်ဆုံး Ejector တစ်ခုပါပဲ ကိုယ့်ရဲ့ကောင်မလေးမှာပဲဖြစ်ဖြစ် သူငယ်ချင်းမိန်းကလေးစီကနေပဲဖြစ်ဖြစ် ခဏလောက်ငှားလို့လွယ်မယ်ထင်ပါတယ်။( ပျောက်တော့မပျောက်စေနဲ့ပေါ့ ) နားပေါက်ကိုဖြတ်ပြီးအပိတ်နဲ့ဆက်သွယ်ထားတဲ့ ပိုက်အပ်ဟာ SIM Ejector ပေါက်ထဲထိုးထည့်ဖို့လုံလောက်တဲ့အရှည်ရှိပါတယ်။ ဒါကြောင့် သင့်ကောင်မလေးသာ နားကပ် ပန်ထားမယ်ဆိုရင် SIM Ejector Pin အထူးတလည်ဆောင်ထားဖို့မလိုတော့ဘူးလို့ဆိုရမှာပါ။

Paperclip

နားကပ်ပြီးရင် သင့်ပတ်ဝန်းကျင်မှာရှာလို့ဖွေလို့အလွယ်ဆုံးနဲ့ အပေါဆုံးကတော့ စာရွက်ညှပ်တဲ့ Paperclip ပါပဲ။ ရုံးသမားတွေအတွက်ဆိုပိုပြီးတောင်လွယ်ပါသေးတယ်။ Paperclip ကိုဆွဲလှန်လိုက်မယ်ဆိုရင် Ejector အပေါက်နဲ့ ကွက်တိကျမယ့် သံချွန်လေးတစ်ကိုသင်မြင်တွေ့ရမှာပါ။

တွယ်ချိတ်

တွယ်ချိတ်ကတော့ ခုခေတ်မှာသိပ်မမြင်ရတော့ပေမယ့် အလွယ်တစ်ကူရှာလို့ရတဲ့စာရင်းထဲမှာရှိနေပါသေးတယ်။Paperclip ကတော့ ပိုပြီးရှာရလွယ်မယ်ထင်ပါတယ်။

ဆေးထိုးအပ် သို့ အဝတ်ချုပ်အပ်

ဆေးထိုးအပ် နဲ့ အဝတ်ချုပ်အပ်တို့ကိုသုံးပြီးတော့လည်း SIM Tray ကိုထုတ်ယူနိုင်ပါတယ်။

Ejector Pin အဖြစ်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေအကြောင်းဖော်ပြပြီးရင် လုံးဝမလုပ်ဆောင်သင့်တဲ့ အချက်တစ်ချက်ကိုလည်း သတိပေးပါရစေ။ အဲ့တာကတော့ အလွယ်ရနေတဲ့ သွားကြားထိုးတံလို ကျိုးပဲ့လွယ်တဲ့ ပစ္စည်းတွေနဲ့ လုံးဝ ( လုံးဝ ) မထုတ်ဖို့ပါပဲ။ များသောအားဖြင့် အလွယ်မြင်ပြီးလုပ်မိလို့ Ejector အပေါက်ထဲ ကျိုးကျန်ခဲ့ပြီး ဖုန်းပါဖွင့်လိုက်ရတဲ့အဖြစ်တွေအများကြီး ဒုနဲ့ဒေးပါ။ ဆင်ဖိုးထက် ချွန်းဖိုးပိုကြီးမယ့်ကိစ္စဖြစ်လို့ ဒီလိုမျိုးမလုပ်မိစေဖို့အထပ်ထပ် အခါခါ သတိပေးလိုက်ရပါတယ်။

Ref;Android Pit

Photo credit to Android Pit

Phone Hay Ko ( Akhayar )

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။