SIM Card ေတြအစား eSIM ေတြျဖစ္လာေတာ့မွာလား?

အလြန္ေသးငယ္တဲ့ အီလက္ထေရာနစ္ပစၥည္းေတြကို သတ္မွတ္ထားတဲ့အရြယ္အစားတစ္ခုထဲမွာထည့္သြင္းတည္ေဆာက္ေတာ့မယ္ဆုိရင္ မလုိအပ္ပဲေနရာပုတ္ေနတယ္လုိ႔ ယူဆရတဲ့အရာေတြအကုန္လံုးကို ျဖဳတ္ပစ္ရမွာျဖစ္ပါတယ္။

အဆုိပါ သတ္မွတ္ခ်က္ဟာ စမတ္ဖုန္းေတြမွာလည္း တူညီျပီး ယခင္ထဲကစမတ္ဖုန္းထုတ္လုပ္သူေတြဟာ SIM Card ေတြကို Mini SIM ၊ MicroSIM ၊ Nano SIM စသျဖင့္ တျဖည္းျဖည္းအရြယ္အစားကိုေလ်ာ႔ခ်ျပီး ဒီ စမတ္ဖုန္းကိုယ္ထည္ထဲမွာ အျခားေသာ Processor နဲ႔ အစိတ္အပိုင္းေတြကို ပိုျပီးထည့္လာႏုိင္ေအာင္ျပဳလုပ္လာၾကတာပဲျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Chip Design Company ျဖစ္တဲ့ ARM ကေန Processor Chip အတင္းမွာ SIM ကိုထည့္သြင္းထားႏုိင္တဲ့ iSIM လုိ႔ နာမည္ေပးထားတဲ့ နည္းပညာကို ထုတ္ျပလုိက္ပါတယ္။

ARM ကေတာ့ အခု iSIM နည္းပညာဟာ စတုရန္း တစ္မီလီမီတာပဲရွိမွာျဖစ္တဲ့အတြက္ လက္ရွိအခ်ိန္မွာ အေသးဆံုးေသာ SIM Card ျဖစ္တဲ့ Nano SIM ရဲ႕ 12.3 × 8.8mm Size နဲ႔ ယွဥ္မယ္ဆုိရင္ သိသိသာသာကို ေသးငယ္သြားတာျဖစ္ပါတယ္။ ARM ရဲ႕ ေျပာၾကားခ်က္အရေတာ့ အရြယ္အစားသာေလ်ာ႔လ်ေပးႏုိင္တာတင္မဟုတ္ပဲ ဖုန္းထုတ္တဲ့သူေတြအတြက္လည္း ျပားဂဏန္းပဲ က်န္က်မွာျဖစ္ျပီး ယခင္ထက္ ၁၀ ပံု တစ္ပံုေလာက္ကို ေလ်ာ႔ခ်ေပးႏုိင္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

အခုလုိမ်ိဳး နည္းပညာေတြဟာ အလြန္ကို ေကာင္းမြန္တယ္ဆုိေပမယ့္ အခုခ်က္ခ်င္းေတာ့ SIM Card ေတြက ေပ်ာက္ကြယ္သြားမွာမဟုတ္ေသးပါဘူး။ အခုနည္းပညာဟာ လက္ရွိအခ်ိန္မွာ အေသးစားအင္တာနက္ကို ခ်ိတ္ဆက္ျပီးအသံုးျပဳႏုိင္တဲ့အရာဝတၳဳေတြအတြက္ ရည္ရြယ္တာျဖစ္ျပီး ေနာက္ႏွစ္ေတြထဲမွာမွသာ အျခားေသာေစ်းကြက္အၾကီးစားေတြကို ဝင္ေရာက္ဖုိ႔ ရည္ရြယ္ထားတယ္လုိ႔ သိရပါတယ္။

ေနာက္တခ်က္အေနနဲ႔ ARM လုိမ်ိဳး Chip Maker ကုမၸဏီၾကီးေတြက iSIM လုိမ်ိဳး Processor မွာ ထည့္သြင္းထားတဲ့ SIM နည္းပညာေတြကို တီထြင္လာတယ္ဆုိေပမယ့္ တကယ္တမ္း ေစ်းကြက္ထဲတြင္က်ယ္လာဖုိ႔ကေတာ့ ဆက္သြယ္ေရးေအာ္ပေရတာေတြရဲ႕ ပူးေပါင္းမႈလည္း လုိအပ္မွာျဖစ္တဲ့အတြက္ အခုလုိမ်ိဳး iSIM လုိမ်ိဳး Electronic SIM ေတြကို အသံုးျပဳႏုိင္ဖုိ႔ကေတာ့ လုိအပ္ဦးမွာျဖစ္ပါတယ္။

Akhayar- Tech ပရိသတ္ၾကီးေရာ အခုလုိ Processor ထဲမွာ တပါတည္းပါဝင္လာမယ့္ SIM နည္းပညာကိုေရာဘယ္လုိသေဘာရပါသလဲ?

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

အလွန်သေးငယ်တဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို သတ်မှတ်ထားတဲ့အရွယ်အစားတစ်ခုထဲမှာထည့်သွင်းတည်ဆောက်တော့မယ်ဆိုရင် မလိုအပ်ပဲနေရာပုတ်နေတယ်လို့ ယူဆရတဲ့အရာတွေအကုန်လုံးကို ဖြုတ်ပစ်ရမှာဖြစ်ပါတယ်။

အဆိုပါ သတ်မှတ်ချက်ဟာ စမတ်ဖုန်းတွေမှာလည်း တူညီပြီး ယခင်ထဲကစမတ်ဖုန်းထုတ်လုပ်သူတွေဟာ SIM Card တွေကို Mini SIM ၊ MicroSIM ၊ Nano SIM စသဖြင့် တဖြည်းဖြည်းအရွယ်အစားကိုလျော့ချပြီး ဒီ စမတ်ဖုန်းကိုယ်ထည်ထဲမှာ အခြားသော Processor နဲ့ အစိတ်အပိုင်းတွေကို ပိုပြီးထည့်လာနိုင်အောင်ပြုလုပ်လာကြတာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Chip Design Company ဖြစ်တဲ့ ARM ကနေ Processor Chip အတင်းမှာ SIM ကိုထည့်သွင်းထားနိုင်တဲ့ iSIM လို့ နာမည်ပေးထားတဲ့ နည်းပညာကို ထုတ်ပြလိုက်ပါတယ်။

ARM ကတော့ အခု iSIM နည်းပညာဟာ စတုရန်း တစ်မီလီမီတာပဲရှိမှာဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ အသေးဆုံးသော SIM Card ဖြစ်တဲ့ Nano SIM ရဲ့ 12.3 × 8.8mm Size နဲ့ ယှဉ်မယ်ဆိုရင် သိသိသာသာကို သေးငယ်သွားတာဖြစ်ပါတယ်။ ARM ရဲ့ ပြောကြားချက်အရတော့ အရွယ်အစားသာလျော့လျပေးနိုင်တာတင်မဟုတ်ပဲ ဖုန်းထုတ်တဲ့သူတွေအတွက်လည်း ပြားဂဏန်းပဲ ကျန်ကျမှာဖြစ်ပြီး ယခင်ထက် ၁၀ ပုံ တစ်ပုံလောက်ကို လျော့ချပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး နည်းပညာတွေဟာ အလွန်ကို ကောင်းမွန်တယ်ဆိုပေမယ့် အခုချက်ချင်းတော့ SIM Card တွေက ပျောက်ကွယ်သွားမှာမဟုတ်သေးပါဘူး။ အခုနည်းပညာဟာ လက်ရှိအချိန်မှာ အသေးစားအင်တာနက်ကို ချိတ်ဆက်ပြီးအသုံးပြုနိုင်တဲ့အရာဝတ္ထုတွေအတွက် ရည်ရွယ်တာဖြစ်ပြီး နောက်နှစ်တွေထဲမှာမှသာ အခြားသောဈေးကွက်အကြီးစားတွေကို ဝင်ရောက်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

နောက်တချက်အနေနဲ့ ARM လိုမျိုး Chip Maker ကုမ္ပဏီကြီးတွေက iSIM လိုမျိုး Processor မှာ ထည့်သွင်းထားတဲ့ SIM နည်းပညာတွေကို တီထွင်လာတယ်ဆိုပေမယ့် တကယ်တမ်း ဈေးကွက်ထဲတွင်ကျယ်လာဖို့ကတော့ ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ ပူးပေါင်းမှုလည်း လိုအပ်မှာဖြစ်တဲ့အတွက် အခုလိုမျိုး iSIM လိုမျိုး Electronic SIM တွေကို အသုံးပြုနိုင်ဖို့ကတော့ လိုအပ်ဦးမှာဖြစ်ပါတယ်။

Akhayar- Tech ပရိသတ်ကြီးရော အခုလို Processor ထဲမှာ တပါတည်းပါဝင်လာမယ့် SIM နည်းပညာကိုရောဘယ်လိုသဘောရပါသလဲ?

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com