[Zawgyi]



David-Silva

David-Silva


REF: BBC Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စပိန်လက်ရွေးစင်အသင်းကနေ အနားယူခဲ့တဲ့ဒေးဗစ်ဆေးဗားလ် David Silva

မန်စီးတီးအသင်းရဲ့ စပိန်ကွင်းလယ်လူ ဒေးဗစ်ဆေးဗားလ် David Silva ဟာ နိုင်ငံလက်ရွေးစင်ကစားသမားဘ၀ ကနေ အနားယူခဲ့ပြီပဲဖြစ်ပါတယ်။ ဒေးဗစ်ဆေးဗားလ် David Silva ဟာ စပိန်သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းတွေမှာ ဆက်တိုက်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ၂၀၀၆ ခုနှစ်အရောက်မှာတော့ စပိန်လက်ရွေးစင်အသင်းကြီးရဲ့ ရွေးချယ်ခြင်းကိုခံခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ်အရောက် အသက်(၃၂)နှစ်အရွယ်မှာတော့ ဒေးဗစ်ဆေးဗားလ် David Silva ဟာ စပိန်လက်ရွေးစင်အသင်းကနေ အနားယူခဲ့ပါတယ်။

David-Silva

David-Silva

ဒေးဗစ်ဆေးဗားလ် David Silva ဟာ စပိန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၁၂၅)ပွဲကစားခဲ့ပြီး သွင်းဂိုး(၃၅)ဂိုးသွင်းယူခဲ့သလို အသင်းနဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဆု ၊ ၂၀၀၈ နဲ့ ၂၀၁၂ ဥရောပဖလားချန်ပီယံဆုတွေကို ရရှိခဲ့ပါတယ်။ ဒေးဗစ်ဆေးဗားလ် David Silva က ” ကျွန်တော့် ရဲ့ စပိန်ကစားသမားဘဝဟာဂုဏ်ယူစရာပါ အသင်းကနေ အနားယူဖို့ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်က ကျွန်တော့် ကစားသမားဘဝရဲ့အခက်ခဲဆုံး ဆုံးဖြတ်ချက်တစ်ခုပါ ” လို့ ပြောကြားခဲ့ပါတယ်။

REF: BBC Sport
Photo: Pinterest, Bollywood
Ko Kyue(Akhayar)
www.akhayar.com