[Zawgyi]

ဒီအခ်က္ေတြ ကိုယ္မွာျဖစ္လာၿပီးဆို ဆံပင္မျဖစ္မေန တိေပးပါ

ျမန္မာ့ယဥ္ေက်းမႈမွာ မိန္းမတုိ႔ဘုန္းဆံထံုးဆိုတဲ႔ ဆုိရုိးစကားရွိတဲ႔အတြက္ မိန္းကေလးေတာ္ေတာ္မ်ားဟာ ဆံပင္ကို တယုတယနဲ႔ ထိန္းသိမ္းတတ္ၾကပါတယ္။ တခ်ဳိ႕မိန္းကေလးေတြက်ေတာ့လည္း ဆံပင္ကုိ ခ်စ္ျမတ္ႏို္းလို႔ လံုးဝကိုမညွပ္ဘဲ အရွည္ထားကာ ေနတတ္ၾကပါတယ္။ ယဥ္ေက်းမႈအေမြအႏွစ္ကို ထိန္းခ်စ္လို႔ ဆံပင္ရွည္ထားတာပဲ ျဖစ္ျဖစ္၊ ခ်စ္ျမတ္ႏိုးတတ္လို႔ ဆံပင္ရွည္ထားတာပဲျဖစ္ျဖစ္ အရွည္ထားတာက အေရးမႀကီးေပမယ့္ ဆံပင္အရွည္ႀကီးနဲ႔ ပ်က္စီးေနတာမ်ဳိး ျဖစ္ရင္ေတာ့ ၾကည္႔မေကာင္းပါဘူး။ ဆံပင္ရွည္ထားတဲ႔သူကို ပ်က္စီးလို႔ ဆံပင္ညွပ္ခို္င္းရတာကလည္း သူတို႔အျမတ္္တႏိုးထားတဲ႔အရာကို ထိပါးရတာျဖစ္တဲ့အတြက္ မလြယ္ကူပါဘူး။ ပ်က္စီးလာလို႔ ဆံပင္ကို တုိေလာက္ေအာင္ ညွပ္ပစ္လိုက္ရတာမ်ဳိး မျဖစ္ခ်င္ဘူးဆိုရင္ နည္းနည္းပါးပါး ပ်က္စီးေနတဲ႔အခ်ိန္မ်ဳိးေလာက္မွာကတည္းက နည္းနည္းစီတိေပးရင္ အမ်ားႀကီး ညွပ္ထုတ္ပစ္ရတာမ်ဳိး မျဖစ္ႏ္ိုင္ေတာ့ပါဘူး။ အဲဒီလို ညွပ္မထုတ္ရဖို႔အတြက္ ဘယ္အခ်ိန္မွာ ဆံပင္သား ဘယ္္္လိုျဖစ္ေနၿပီးဆို တိေပးရမလဲဆိုတာ သိထားဖို႔လုိအပ္ပါတယ္။

(၁) အဖ်ားႏွစ္ခြျဖစ္ေနျခင္း

ဆံပင္ေတြက ရွည္သင့္သေလာက္ မရွည္လာဘဲ နဂိုအရွည္တုိင္းပဲ ရပ္ေနၿပီဆုိရင္ ကိုယ္ဆံပင္ကို ျပန္လည္ဆန္းစစ္ၾကည့္သင့္ပါတယ္။ ျပန္လည္ဆန္းစစ္ၾကည္႔တဲ႔အခါ အဖ်ားႏွစ္ခြျဖစ္ေနတာကို ေတြ႔ရရင္ ေသခ်ာေပါက္ အဖ်ားေလးေတြကို တိေပးလိုက္ေပးတာက အေကာင္းဆံုးကုသနည္းပါပဲ။ အဖ်ားႏွစ္ခြျဖစ္ျခင္းက ဆံပင္အရွည္ျမန္မႈႏႈန္းကို ထိခုိက္ေစသလို ဆံပင္ကို ပိုမိုပ်က္စီးလာႏိုင္ေစတဲ႔အတြက္ မျဖစ္မေနတိေပးပါ။ ေစ်းကြက္ထဲမွာရွိတဲ႔ တခ်ဳိ႕ ဆံပင္အဖ်ားႏွစ္ခြျဖစ္ျခင္းနဲ႔ ပ်က္စီးျခင္းကို သက္သာေစတဲ႔ ကုန္ပစၥည္းေတြကလည္း ခဏတာသက္သာေစၿပီး ျပန္ျပန္ျဖစ္ေစႏုိင္တဲ႔အတြက္ အဖ်ားႏွစ္ခြေတြကို ညွပ္ထုတ္ပစ္လုိက္တာက အေကာင္းဆံုးပါပဲ။ မညွပ္ဘဲ ဒီ္တုိင္း ဆက္လက္ၿပီးထားခဲ႔မယ္ဆိုရင္ အခ်ိန္ၾကာလာတာနဲ႔အမွ် ေကာင္းေနတဲ႔ ဆံသားတခ်ဳိ႕ကိုပါ ထိခိုက္ပ်က္စီးလာႏိုင္ေစပါတယ္။

(၂) ပ်က္စီးေနတဲ႔ဆံသားမ်ဳိးျဖစ္ေနျခင္း

ျမင့္မားတဲ႔ အပူခ်ိန္ေတြနဲ႔ အျမဲထိေတြ႔ေနၿပီး မီးပူတိုက္ထားလို႔ ကၽြမ္းေနတဲ႔ ဆံသားမ်ဳိး၊ အေရာင္ေတြ ခဏခဏဆိုးလို႔ မဲြေျခာက္ေျခာက္ျဖစ္ေနတဲ႔ ဆံသားမ်ဳိး၊ ေခါင္းၿဖီးတိုင္း ခက္ခက္ခဲခဲနဲ႔ အခ်ိန္အၾကာႀကီး ယူၿပီး ၿဖီးေနရတဲ႔ ဆံသားမ်ဳိး ျဖစ္ေနၿပီးဆိုရင္ ေသခ်ာပါတယ္ သင္ဆံပင္က အေတာ္ကို ပ်က္စီးေနပါၿပီ။ ဘာေၾကာင့္ ပ်က္စီးရလဲဆိုေတာ့ ဆံသားဟာ ပံုမွန္ေပ်ာ့ေဆးမသံုးလိို႔ အလြန္အမင္းေျခာက္ေသြ႔ေနတဲ႔ အတြက္ေၾကာင့္နဲ႔ ေနဒဏ္ေလဒဏ္ေတြေၾကာင့္ ဆံပင္အဆီအႏွစ္ေတြ ေျခာက္ေသြ႔ ရႈပ္ေထြးကာ ပ်က္ဆီးလာျခင္း ျဖစ္ပါတယ္။ အဲဒီလိုပ်က္စီးလာၿပီဆိုရင္ ေျခာက္ေသြ႔ပ်က္စီးေနတဲ႔ ဆံသားအပိုင္းကို ဖယ္ထုတ္ေပးဖို႔ မျဖစ္မေန တိေပးသင့္ပါတယ္။ ပ်က္စီးေနတဲ႔ ဆံသားကို က်န္းမာတဲ႔ ဆံသားမ်ဳိး ျဖစ္ေအာင္ အျမန္ဆံုးနဲ႔ အထိေရာက္ဆံုးကုသနည္းကေတာ့ တိေပးျခင္းပဲ ျဖစ္ပါတယ္။

(၃) ဆံပင္ပံုပ်က္ေနျခင္း

ဆံပင္က လံုးဝမပ်က္စီးဘဲ က်န္းမာသန္စြမ္းေနေပမယ့္ ပံုမက်ပန္းမက်ျဖစ္ေနရင္လည္း အနည္းငယ္တိေပးၿပီး ပံုက်ေအာင္ ျပဳျပင္မႈျပဳလုပ္သင့္ပါတယ္။ ဆံပင္က ႏူးညံေပ်ာ့ေျပာင္းလြန္းေနရင္လည္း Wave ေလးရွိေအာင္ အဖ်ားေလးေတြ တိကာ သြင္းေပးၿပီး ပံုက်တဲ႔ဆံပင္ျဖစ္ေအာင္ ဖန္တီးေပးသင့္ပါတယ္။ ဆံပင္မျဖစ္မေနတိေပးသင့္တဲ႔ ဆံသားအမ်ဳိးအစားေတြထဲမွာလည္း ႏူးညံပါးလ်တဲ႔ ဆံသားအမ်ဳိးအစားလည္း အပါအဝင္ပဲ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏူးညံပါးလ်တဲ႔ ဆံသားဟာ ပံုပ်က္လြယ္တဲ႔ ဆံသားမ်ဳိး ျဖစ္တဲ႔အတြက္ေၾကာင့္ မၾကာခဏတိေပးကာ လွပတဲ႔ ဆံသားမ်ဳိး ျဖစ္ေအာင္ ဖန္တီးေပးသင့္ပါတယ္။

ဆံပင္တိတယ္ဆိုတာ ဆံပင္ခ်စ္ျမတ္ႏိုးသူေတြအတြက္ ခက္ခဲတဲ႔အလုပ္မ်ဳိး ျဖစ္တာမွန္ေပမယ့္လည္း မတိဘဲ ပ်က္စီးေနတဲ႔ ဆံသားေတြ ဒီအတိုင္းအခ်ိန္အၾကာႀကီးထားျခင္းကလည္း ဆံသားကို ရက္စက္ရာ ၾကပါတယ္။ ဆံပင္အရွည္ျမန္ၿပီး က်န္းမာသန္စြမ္း ပံုက်လွပတဲ႔ ဆံေကသာကိုရဖို႔ဆိုရင္ တိသင့္တဲ႔ လကၡဏာေလးေတြျဖစ္ေပၚလာတုိင္း ပံုမွန္ညွပ္ေနက် Hair Stylist နဲ႔ ရက္ခ်ိန္းယူၿပီး ဒုတိယမ်က္ႏွာျဖစ္တဲ႔ ဆံသားေလးေတြကို မွန္မွန္တိကာ ဂရုစိုက္လိုက္ပါ။

H.H(Akhayar)

www.akhayar.com

[Unicode]

ဒီအချက်တွေ ကိုယ်မှာဖြစ်လာပြီးဆို ဆံပင်မဖြစ်မနေ တိပေးပါ

မြန်မာ့ယဉ်ကျေးမှုမှာ မိန်းမတို့ဘုန်းဆံထုံးဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတွက် မိန်းကလေးတော်တော်များဟာ ဆံပင်ကို တယုတယနဲ့ ထိန်းသိမ်းတတ်ကြပါတယ်။ တချို့မိန်းကလေးတွေကျတော့လည်း ဆံပင်ကို ချစ်မြတ်နိုးလို့ လုံးဝကိုမညှပ်ဘဲ အရှည်ထားကာ နေတတ်ကြပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းချစ်လို့ ဆံပင်ရှည်ထားတာပဲ ဖြစ်ဖြစ်၊ ချစ်မြတ်နိုးတတ်လို့ ဆံပင်ရှည်ထားတာပဲဖြစ်ဖြစ် အရှည်ထားတာက အရေးမကြီးပေမယ့် ဆံပင်အရှည်ကြီးနဲ့ ပျက်စီးနေတာမျိုး ဖြစ်ရင်တော့ ကြည့်မကောင်းပါဘူး။ ဆံပင်ရှည်ထားတဲ့သူကို ပျက်စီးလို့ ဆံပင်ညှပ်ခိုင်းရတာကလည်း သူတို့အမြတ်တနိုးထားတဲ့အရာကို ထိပါးရတာဖြစ်တဲ့အတွက် မလွယ်ကူပါဘူး။ ပျက်စီးလာလို့ ဆံပင်ကို တိုလောက်အောင် ညှပ်ပစ်လိုက်ရတာမျိုး မဖြစ်ချင်ဘူးဆိုရင် နည်းနည်းပါးပါး ပျက်စီးနေတဲ့အချိန်မျိုးလောက်မှာကတည်းက နည်းနည်းစီတိပေးရင် အများကြီး ညှပ်ထုတ်ပစ်ရတာမျိုး မဖြစ်နိုင်တော့ပါဘူး။ အဲဒီလို ညှပ်မထုတ်ရဖို့အတွက် ဘယ်အချိန်မှာ ဆံပင်သား ဘယ်လိုဖြစ်နေပြီးဆို တိပေးရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

(၁) အဖျားနှစ်ခွဖြစ်နေခြင်း

ဆံပင်တွေက ရှည်သင့်သလောက် မရှည်လာဘဲ နဂိုအရှည်တိုင်းပဲ ရပ်နေပြီဆိုရင် ကိုယ်ဆံပင်ကို ပြန်လည်ဆန်းစစ်ကြည့်သင့်ပါတယ်။ ပြန်လည်ဆန်းစစ်ကြည့်တဲ့အခါ အဖျားနှစ်ခွဖြစ်နေတာကို တွေ့ရရင် သေချာပေါက် အဖျားလေးတွေကို တိပေးလိုက်ပေးတာက အကောင်းဆုံးကုသနည်းပါပဲ။ အဖျားနှစ်ခွဖြစ်ခြင်းက ဆံပင်အရှည်မြန်မှုနှုန်းကို ထိခိုက်စေသလို ဆံပင်ကို ပိုမိုပျက်စီးလာနိုင်စေတဲ့အတွက် မဖြစ်မနေတိပေးပါ။ ဈေးကွက်ထဲမှာရှိတဲ့ တချို့ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းနဲ့ ပျက်စီးခြင်းကို သက်သာစေတဲ့ ကုန်ပစ္စည်းတွေကလည်း ခဏတာသက်သာစေပြီး ပြန်ပြန်ဖြစ်စေနိုင်တဲ့အတွက် အဖျားနှစ်ခွတွေကို ညှပ်ထုတ်ပစ်လိုက်တာက အကောင်းဆုံးပါပဲ။ မညှပ်ဘဲ ဒီ်တိုင်း ဆက်လက်ပြီးထားခဲ့မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကောင်းနေတဲ့ ဆံသားတချို့ကိုပါ ထိခိုက်ပျက်စီးလာနိုင်စေပါတယ်။

(၂) ပျက်စီးနေတဲ့ဆံသားမျိုးဖြစ်နေခြင်း

မြင့်မားတဲ့ အပူချိန်တွေနဲ့ အမြဲထိတွေ့နေပြီး မီးပူတိုက်ထားလို့ ကျွမ်းနေတဲ့ ဆံသားမျိုး၊ အရောင်တွေ ခဏခဏဆိုးလို့ မွဲခြောက်ခြောက်ဖြစ်နေတဲ့ ဆံသားမျိုး၊ ခေါင်းဖြီးတိုင်း ခက်ခက်ခဲခဲနဲ့ အချိန်အကြာကြီး ယူပြီး ဖြီးနေရတဲ့ ဆံသားမျိုး ဖြစ်နေပြီးဆိုရင် သေချာပါတယ် သင်ဆံပင်က အတော်ကို ပျက်စီးနေပါပြီ။ ဘာကြောင့် ပျက်စီးရလဲဆိုတော့ ဆံသားဟာ ပုံမှန်ပျော့ဆေးမသုံးလို့ အလွန်အမင်းခြောက်သွေ့နေတဲ့ အတွက်ကြောင့်နဲ့ နေဒဏ်လေဒဏ်တွေကြောင့် ဆံပင်အဆီအနှစ်တွေ ခြောက်သွေ့ ရှုပ်ထွေးကာ ပျက်ဆီးလာခြင်း ဖြစ်ပါတယ်။ အဲဒီလိုပျက်စီးလာပြီဆိုရင် ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားအပိုင်းကို ဖယ်ထုတ်ပေးဖို့ မဖြစ်မနေ တိပေးသင့်ပါတယ်။ ပျက်စီးနေတဲ့ ဆံသားကို ကျန်းမာတဲ့ ဆံသားမျိုး ဖြစ်အောင် အမြန်ဆုံးနဲ့ အထိရောက်ဆုံးကုသနည်းကတော့ တိပေးခြင်းပဲ ဖြစ်ပါတယ်။

(၃) ဆံပင်ပုံပျက်နေခြင်း

ဆံပင်က လုံးဝမပျက်စီးဘဲ ကျန်းမာသန်စွမ်းနေပေမယ့် ပုံမကျပန်းမကျဖြစ်နေရင်လည်း အနည်းငယ်တိပေးပြီး ပုံကျအောင် ပြုပြင်မှုပြုလုပ်သင့်ပါတယ်။ ဆံပင်က နူးညံပျော့ပြောင်းလွန်းနေရင်လည်း Wave လေးရှိအောင် အဖျားလေးတွေ တိကာ သွင်းပေးပြီး ပုံကျတဲ့ဆံပင်ဖြစ်အောင် ဖန်တီးပေးသင့်ပါတယ်။ ဆံပင်မဖြစ်မနေတိပေးသင့်တဲ့ ဆံသားအမျိုးအစားတွေထဲမှာလည်း နူးညံပါးလျတဲ့ ဆံသားအမျိုးအစားလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နူးညံပါးလျတဲ့ ဆံသားဟာ ပုံပျက်လွယ်တဲ့ ဆံသားမျိုး ဖြစ်တဲ့အတွက်ကြောင့် မကြာခဏတိပေးကာ လှပတဲ့ ဆံသားမျိုး ဖြစ်အောင် ဖန်တီးပေးသင့်ပါတယ်။

ဆံပင်တိတယ်ဆိုတာ ဆံပင်ချစ်မြတ်နိုးသူတွေအတွက် ခက်ခဲတဲ့အလုပ်မျိုး ဖြစ်တာမှန်ပေမယ့်လည်း မတိဘဲ ပျက်စီးနေတဲ့ ဆံသားတွေ ဒီအတိုင်းအချိန်အကြာကြီးထားခြင်းကလည်း ဆံသားကို ရက်စက်ရာ ကြပါတယ်။ ဆံပင်အရှည်မြန်ပြီး ကျန်းမာသန်စွမ်း ပုံကျလှပတဲ့ ဆံကေသာကိုရဖို့ဆိုရင် တိသင့်တဲ့ လက္ခဏာလေးတွေဖြစ်ပေါ်လာတိုင်း ပုံမှန်ညှပ်နေကျ Hair Stylist နဲ့ ရက်ချိန်းယူပြီး ဒုတိယမျက်နှာဖြစ်တဲ့ ဆံသားလေးတွေကို မှန်မှန်တိကာ ဂရုစိုက်လိုက်ပါ။

H.H(Akhayar)

www.akhayar.com