[Zawgyi]

အဆိပ္သင့္လူသားအျဖစ္ တျဖည္းျဖည္း ေျပာင္းလဲလာၿပီလား

လူေတြက တျဖည္းျဖည္းနဲ႔ အရင္ကထက္ စိတ္ေတြၾကမ္းတမ္းလာသလိုပါပဲ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ဆတ္ဆတ္ထိမခံၾကေတာ့ဘဲ Social Media ေပၚမွာေတာင္ ဆဲၾကဆိုၾက အမုန္းပြားၾကနဲ႔ အမုန္းစကားေတြအရမ္းမ်ားလာပါတယ္။ အၿမဲတမ္း ကိုယ့္ကိုယ္ကိုယ္ ပြဲၾကည့္ပရိသတ္လို႔ပဲ ထင္ေနေပမယ့္ ကိုယ္မသိလိုက္တဲ့အခ်ိန္မွာပဲ ကိုယ္ဟာ ဒီလို အႏၱရာယ္ရွိတဲ့လူသားတစ္ေယာက္ တျဖည္းျဖည္း ျဖစ္လာႏိုင္ပါတယ္။ ဒီေတာ့ ကိုယ့္ကိုယ္ကိုယ္ အမုန္းေတြပြားၿပီး အဆိပ္သင့္တဲ့လူသားတစ္ဦးျဖစ္မလာဖို႔အတြက္ ကိုယ့္ကိုယ္ကိုယ္ ျပန္ဆင္ျခင္သံုးသပ္ၾကဖို႔ လိုအပ္ပါတယ္။

ကုိယ့္ျပႆနာမွန္သမွ်ကို သူမ်ားအေပၚအျပစ္ျမင္ေနၿပီလား

ကိုယ္က သတိမထားမိပါဘဲနဲ႔ ကိုယ္ ျပႆနာေတြျဖစ္တိုင္း သူမ်ားအေပၚပံုခ်တတ္တာတို႔၊ သူမ်ားကိုပဲ အျပစ္ျမင္တတ္တာတို႔ တျဖည္းျဖည္းမ်ားျပားလာၿပီဆိုရင္ ေသခ်ာပါတယ္။ သင္ဟာ တျဖည္းျဖည္း အမုန္းသမားျဖစ္လို႔လာပါၿပီ။ ျပႆနာျဖစ္တိုင္း ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ၾကည့္ပါ။ ဒီလိုအေလ့အထမ်ိဳးေတြ ကိုယ့္ကိုယ္ကိုယ္ေတြ႕လာၿပီဆိုရင္ ျမန္ျမန္ျပင္ဆင္ရပါလိမ့္မယ္ေနာ္။

သူမ်ားအေၾကာင္း အတင္းေျပာတတ္ေနၿပီလား

အတင္းေျပာတယ္ဆိုတာ ဘယ္ေခတ္ပဲေရာက္ေရာက္ မေကာင္းပါဘူး။ ကိုယ္လည္း အၾကည္ညိဳပ်က္တယ္။ သူတို႔အတြက္လည္း နစ္နာပါတယ္။ တျခားသူက အတင္းလာေျပာလုိ႔ မလြဲသာလို႔ နားေထာင္ေပးလိုက္တာမ်ိဳးက အဆင္ေျပပါေသးတယ္။ ကိုယ္ကပါ အာေဘာင္အာရင္းသန္သန္ ျပန္ေျပာေနမိၿပီဆိုရင္ေတာ့ ကိုယ့္ကိုယ္ကိုယ္ ထိန္းသိမ္းပါေတာ့။ ဒါမေကာင္းတဲ့အဆိပ္သင့္အက်င့္တစ္ခုပါ။

ကိုယ့္ကိုယ္ကိုယ္ နာမည္ေကာင္းယူတတ္ေနၿပီလား

အေပးအကမ္းရက္ေရာတာက ေကာင္းတဲ့အက်င့္စရိုက္ပါ။ တစ္သက္လံုးထိန္းသိမ္းထားသင့္ပါတယ္။ ဒါေပမယ့္ ကိုယ္မသိလုိက္ခင္အခ်ိန္ေလးမွာပဲ ကိုယ့္ကိုယ္ကိုယ္အထင္ႀကီးၿပီး နည္းနည္းေပး၊ မ်ားမ်ားနာမည္ေကာင္းယူတတ္တဲ့သူေတာ့ မျဖစ္ပါေစနဲ႔။ တစ္ခါတေလ ကိုယ္က ေမွ်ာ္လင့္မထားေပမယ့္ ကိုယ့္အက်င့္စရိုက္က တျဖည္းျဖည္းေျပာင္းလဲလာတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ သတိထားပါေနာ္။

သူငယ္ခ်င္းေတြ တျဖည္းျဖည္းနည္းသြားၿပီလား

ကိုယ့္ကိုယ္ ၀န္းရံတဲ့သူမ်ားေနသေရြ႕ စိတ္မပူပါနဲ႔။ ကိုယ္က ေကာင္းတဲ့သူတစ္ဦးျဖစ္ေနေသးပါတယ္။ ဒါေပမယ့္ ကိုယ့္အနားမွာ သူငယ္ခ်င္းေတြ တျဖည္းျဖည္း ေရွာင္ခြာေပ်ာက္ဆံုးလာၿပီဆိုရင္ေတာ့ ဒါ တစ္ခုခုမွားလာပါၿပီ။ ကိုယ့္ကိုယ္ကိုယ္ ေန႔စဥ္မျပတ္ ဂရုတစိုက္ၾကည့္ရႈေစာင့္ေရွာက္ေနပါ။ သူငယ္ခ်င္းေတြမ်ားေနေအာင္ပဲ ႀကိဳးစားပါ။

ဒရာမာေတြသိပ္ခ်ိဳးတတ္ေနၿပီလား

အဆိပ္သင့္တဲ့လူတစ္ေယာက္ဆိုတာ သူမ်ားကို မေကာင္းေျပာမွ၊ မေကာင္းႀကံစည္မွမဟုတ္ပါဘူး။ ကိုယ္ဟာ လူေတြ စိတ္ညစ္ေစတဲ့အထိ အေႏွာင့္အယွက္ျဖစ္လာၿပီဆိုရင္လည္း ဒါ တျဖည္းျဖည္း အဆိပ္သင့္လာတာပါပဲ။ ဒရာမာေတြ သိပ္မခ်ိဳးပါနဲ႔။ သူမ်ားသနားခံၿပီးမွ ဘ၀ကိုရွင္သန္ရတာဟာ သိပ္ေပ်ာ္စရာမေကာင္းပါဘူး။ ေနာက္ၿပီးေတာ့ လူေတြဟာ သင့္အေၾကာင္းကို တစ္ခုႏွစ္ခုထက္ပိုၿပီးမ်ားလာရင္ စိတ္၀င္စားမႈရွိေတာ့မွာမဟုတ္ပါဘူး။ တစ္ခါတေလ ဒရာမာခ်ိဳးတာက အခ်စ္ခံရတတ္ပါတယ္။ ဒါေပမယ့္ အၿမဲတမ္းျဖစ္ေနရင္ေတာ့ လူ႔ပတ္၀န္းက်င္ကို အဆိပ္သင့္ေစပါတယ္။

အမုန္းစကားေတြကိုပဲ စိတ္၀င္စားေနၿပီလား

Social Media သံုးတယ္။ လူ႔ပတ္၀န္းက်င္နဲ႔ ဆက္သြယ္တယ္ဆိုတာ ေပ်ာ္ဖို႔ပါ။ စိတ္ခ်မ္းသာဖို႔ပါ။ ဒီလိုမွမဟုတ္ဘဲ အဆိုးျမင္၀ါဒေတြနဲ႔ အမုန္းစကားေတြကိုပဲ စိတ္၀င္စားတယ္။ ဘယ္သူေတြနဲ႔ပဲ ေတြ႕ေတြ႕ ဒီအေၾကာင္းေတြပဲ ေဖာက္သည္ခ်တယ္။ ကိုယ့္ရဲ႕ Social Media စာမ်က္ႏွာမွာလည္း အမုန္းစကားေတြနဲ႔ စိတ္မသတီစရာေတြပဲ ျပည့္ႏွက္ေနတယ္ဆိုရင္လည္း ဒါဟာ အဆိပ္သင့္ျခင္းတစ္မ်ိဳးပါပဲ။

လူ႔ေလာကကို ေကာင္းက်ိဳးျပဳတဲ့လူသားေတြအျဖစ္ပဲ ရွင္သန္ၾကတာ မဂၤလာတစ္ပါးပါပဲ။ တစ္ခါတေလ အခုေျပာျပခဲ့တဲ့ အက်င့္စရိုက္ေတြနဲ႔ အျပဳအမူစိတ္ထားေတြက ကိုယ္ လုပ္ယူတာမ်ိဳးမဟုတ္ဘဲ မသိမသာနဲ႔ ေျပာင္းလဲလာတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ ကိုယ္၊ ႏႈတ္၊ အမူအရာသံုးပါးစလံုးကို ဂရုစိုက္ပါ။ အဆိပ္သင့္တဲ့လူေတြအျဖစ္ကေန ရုန္းထြက္ၾကရေအာင္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

အဆိပ်သင့်လူသားအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာပြီလား

လူတွေက တဖြည်းဖြည်းနဲ့ အရင်ကထက် စိတ်တွေကြမ်းတမ်းလာသလိုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ဆတ်ဆတ်ထိမခံကြတော့ဘဲ Social Media ပေါ်မှာတောင် ဆဲကြဆိုကြ အမုန်းပွားကြနဲ့ အမုန်းစကားတွေအရမ်းများလာပါတယ်။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ပွဲကြည့်ပရိသတ်လို့ပဲ ထင်နေပေမယ့် ကိုယ်မသိလိုက်တဲ့အချိန်မှာပဲ ကိုယ်ဟာ ဒီလို အန္တရာယ်ရှိတဲ့လူသားတစ်ယောက် တဖြည်းဖြည်း ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် အမုန်းတွေပွားပြီး အဆိပ်သင့်တဲ့လူသားတစ်ဦးဖြစ်မလာဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်သုံးသပ်ကြဖို့ လိုအပ်ပါတယ်။

ကိုယ့်ပြဿနာမှန်သမျှကို သူများအပေါ်အပြစ်မြင်နေပြီလား

ကိုယ်က သတိမထားမိပါဘဲနဲ့ ကိုယ် ပြဿနာတွေဖြစ်တိုင်း သူများအပေါ်ပုံချတတ်တာတို့၊ သူများကိုပဲ အပြစ်မြင်တတ်တာတို့ တဖြည်းဖြည်းများပြားလာပြီဆိုရင် သေချာပါတယ်။ သင်ဟာ တဖြည်းဖြည်း အမုန်းသမားဖြစ်လို့လာပါပြီ။ ပြဿနာဖြစ်တိုင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြည့်ပါ။ ဒီလိုအလေ့အထမျိုးတွေ ကိုယ့်ကိုယ်ကိုယ်တွေ့လာပြီဆိုရင် မြန်မြန်ပြင်ဆင်ရပါလိမ့်မယ်နော်။

သူများအကြောင်း အတင်းပြောတတ်နေပြီလား

အတင်းပြောတယ်ဆိုတာ ဘယ်ခေတ်ပဲရောက်ရောက် မကောင်းပါဘူး။ ကိုယ်လည်း အကြည်ညိုပျက်တယ်။ သူတို့အတွက်လည်း နစ်နာပါတယ်။ တခြားသူက အတင်းလာပြောလို့ မလွဲသာလို့ နားထောင်ပေးလိုက်တာမျိုးက အဆင်ပြေပါသေးတယ်။ ကိုယ်ကပါ အာဘောင်အာရင်းသန်သန် ပြန်ပြောနေမိပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပါတော့။ ဒါမကောင်းတဲ့အဆိပ်သင့်အကျင့်တစ်ခုပါ။

ကိုယ့်ကိုယ်ကိုယ် နာမည်ကောင်းယူတတ်နေပြီလား

အပေးအကမ်းရက်ရောတာက ကောင်းတဲ့အကျင့်စရိုက်ပါ။ တစ်သက်လုံးထိန်းသိမ်းထားသင့်ပါတယ်။ ဒါပေမယ့် ကိုယ်မသိလိုက်ခင်အချိန်လေးမှာပဲ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး နည်းနည်းပေး၊ များများနာမည်ကောင်းယူတတ်တဲ့သူတော့ မဖြစ်ပါစေနဲ့။ တစ်ခါတလေ ကိုယ်က မျှော်လင့်မထားပေမယ့် ကိုယ့်အကျင့်စရိုက်က တဖြည်းဖြည်းပြောင်းလဲလာတာမျိုးတွေဖြစ်တတ်ပါတယ်။ သတိထားပါနော်။

သူငယ်ချင်းတွေ တဖြည်းဖြည်းနည်းသွားပြီလား

ကိုယ့်ကိုယ် ဝန်းရံတဲ့သူများနေသရွေ့ စိတ်မပူပါနဲ့။ ကိုယ်က ကောင်းတဲ့သူတစ်ဦးဖြစ်နေသေးပါတယ်။ ဒါပေမယ့် ကိုယ့်အနားမှာ သူငယ်ချင်းတွေ တဖြည်းဖြည်း ရှောင်ခွာပျောက်ဆုံးလာပြီဆိုရင်တော့ ဒါ တစ်ခုခုမှားလာပါပြီ။ ကိုယ့်ကိုယ်ကိုယ် နေ့စဉ်မပြတ် ဂရုတစိုက်ကြည့်ရှုစောင့်ရှောက်နေပါ။ သူငယ်ချင်းတွေများနေအောင်ပဲ ကြိုးစားပါ။

ဒရာမာတွေသိပ်ချိုးတတ်နေပြီလား

အဆိပ်သင့်တဲ့လူတစ်ယောက်ဆိုတာ သူများကို မကောင်းပြောမှ၊ မကောင်းကြံစည်မှမဟုတ်ပါဘူး။ ကိုယ်ဟာ လူတွေ စိတ်ညစ်စေတဲ့အထိ အနှောင့်အယှက်ဖြစ်လာပြီဆိုရင်လည်း ဒါ တဖြည်းဖြည်း အဆိပ်သင့်လာတာပါပဲ။ ဒရာမာတွေ သိပ်မချိုးပါနဲ့။ သူများသနားခံပြီးမှ ဘဝကိုရှင်သန်ရတာဟာ သိပ်ပျော်စရာမကောင်းပါဘူး။ နောက်ပြီးတော့ လူတွေဟာ သင့်အကြောင်းကို တစ်ခုနှစ်ခုထက်ပိုပြီးများလာရင် စိတ်ဝင်စားမှုရှိတော့မှာမဟုတ်ပါဘူး။ တစ်ခါတလေ ဒရမ်မာချိုးတာက အချစ်ခံရတတ်ပါတယ်။ ဒါပေမယ့် အမြဲတမ်းဖြစ်နေရင်တော့ လူ့ပတ်ဝန်းကျင်ကို အဆိပ်သင့်စေပါတယ်။

အမုန်းစကားတွေကိုပဲ စိတ်ဝင်စားနေပြီလား

Social Media သုံးတယ်။ လူ့ပတ်ဝန်းကျင်နဲ့ ဆက်သွယ်တယ်ဆိုတာ ပျော်ဖို့ပါ။ စိတ်ချမ်းသာဖို့ပါ။ ဒီလိုမှမဟုတ်ဘဲ အဆိုးမြင်ဝါဒတွေနဲ့ အမုန်းစကားတွေကိုပဲ စိတ်ဝင်စားတယ်။ ဘယ်သူတွေနဲ့ပဲ တွေ့တွေ့ ဒီအကြောင်းတွေပဲ ဖောက်သည်ချတယ်။ ကိုယ့်ရဲ့ Social Media စာမျက်နှာမှာလည်း အမုန်းစကားတွေနဲ့ စိတ်မသတီစရာတွေပဲ ပြည့်နှက်နေတယ်ဆိုရင်လည်း ဒါဟာ အဆိပ်သင့်ခြင်းတစ်မျိုးပါပဲ။

လူ့လောကကို ကောင်းကျိုးပြုတဲ့လူသားတွေအဖြစ်ပဲ ရှင်သန်ကြတာ မင်္ဂလာတစ်ပါးပါပဲ။ တစ်ခါတလေ အခုပြောပြခဲ့တဲ့ အကျင့်စရိုက်တွေနဲ့ အပြုအမူစိတ်ထားတွေက ကိုယ် လုပ်ယူတာမျိုးမဟုတ်ဘဲ မသိမသာနဲ့ ပြောင်းလဲလာတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်၊ နှုတ်၊ အမူအရာသုံးပါးစလုံးကို ဂရုစိုက်ပါ။ အဆိပ်သင့်တဲ့လူတွေအဖြစ်ကနေ ရုန်းထွက်ကြရအောင်။

Moethaesay (Akhayar)

www.akhayar.com