[Zawgyi]

အမ်ိဳးသားေတြမွာျဖစ္တတ္တဲ့ ရင္သားကင္ဆာလကၡဏာဆိုတာ

ရင္သားကင္ဆာလို႔ေျပာလိုက္ရင္ အမ်ိဳးသမီးေတြမွာပဲျဖစ္တတ္တဲ့ေရာဂါတစ္မ်ိဳးဆိုတာ အားလံုးသိထားၾကေပမယ့္ အမ်ိဳးသားေတြမွာလည္း ရင္သားကင္ဆာျဖစ္တတ္တယ္ဆိုတာကို သတိျပဳရမွာျဖစ္ပါတယ္။ အခုေနာက္ပိုင္း အမ်ိဳးသားေတြမွာ ရင္သားကင္ဆာျဖစ္ပြားမႈႏႈန္းဟာ တစ္ကမာၻလံုးအတိုင္းအတာနဲ႔ယွဥ္ရင္ အေရအတြက္သိသိသာသာတိုးပြားလာသလို ၂၀၁၇ ခုႏွစ္ထဲမွာ အမ်ိဳးသားေတြမွာ ရင္သားကင္ဆာသံသယရွိသူ၂၄၇၀ ဦးအထိရွိခဲ့ၿပီး အဲဒီအထဲက ၄၆၀ ဦးဟာ ဒီေရာဂါနဲ႔ အသက္ဆံုးရံႈးရဖြယ္ ရွိေနပါတယ္။

ဒါေၾကာင့္ အမ်ိဳးသားေတြအေနနဲ႔ ရင္သားနဲ႔ပတ္သက္ၿပီး ဘယ္လိုလကၡဏာေတြခံစားရရင္ သတိျပဳသင့္တယ္ဆိုတာသိရေအာင္ က်န္းမာေရးဗဟုသုတအျဖစ္ ေဖာ္ျပေပးလိုက္ပါတယ္။

ရင္သားအက်ိတ္

အမ်ိဳးသားေတြမွာ ရင္သားကင္ဆာျဖစ္ပြားဖို႔ အစျပဳတဲ့လကၡဏာကေတာ့ ရင္ဘတ္ၾကြက္သားေတြဟာ မနာက်င္ဘဲ အက်ိတ္အခဲပံုစံျဖစ္ေနတတ္ပါတယ္။ အထူးသျဖင့္ ႏို႔သီးေခါင္းနဲ႔အနီးတဝိုက္ကိုစမ္းလိုက္ရင္ အထဲမွာ မာမာခဲခဲအရာကို စမ္းမိႏိုင္ပါတယ္။ အဲဒီလိုစမ္းမိတဲ့အက်ိတ္အခဲဟာ ေရြ႕လ်ားမႈမရွိဘူးဆိုရင္ ရင္သားကင္ဆာရဲ႕ ေရွ႕ေျပးလကၡဏာျဖစ္ေနႏိုင္လို႔ သက္ဆိုင္ရာဆရာဝန္နဲ႔ စမ္းသပ္စစ္ေဆးသင့္ပါတယ္။

ရင္သားပံုစံေျပာင္းလဲျခင္း

အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြလို ရင္သားပံုစံထင္ထင္ရွားရွားမရွိတာေၾကာင့္ ရင္သားပံုစံေျပာင္း လဲတာကို ခ်က္ခ်င္းသတိထားမိမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ရင္ဘတ္ၾကြက္သားေတြမွာ တစ္ခ်က္ တစ္ခ်က္ နာက်င္မႈကိုခံစားရတာပဲျဖစ္ျဖစ္ ရင္သားပံုစံထူးျခားေနတာပဲျဖစ္ျဖစ္ အဲဒီလိုလကၡဏာေတြဟာ ရင္သားကင္ဆာအတြက္ မေပါ့ဆသင့္တဲ့လကၡဏာေတြပဲျဖစ္ပါတယ္္။

ႏို႔သီးေခါင္းပံုစံေျပာင္းျခင္း

ရင္သားကင္ဆာေရာဂါလကၡဏာရဲ႕ ၅၀ရာခိုင္ႏႈန္းေလာက္ဟာ ႏို႔သီးေခါင္းတဝိုက္အေျခအေနေျပာင္းလဲရာကေန စတင္သိႏိုင္တာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ႏို႔သီးေခါင္းရဲ႕အေျခအေနကိုလည္း အၿမဲမျပတ္သတိထားၾကည့္ဖို႔လိုပါတယ္။ ႏို႔သီးေခါင္းက ပံုမွန္ထက္အရြယ္အစားႀကီးလာတာ၊ နီျမန္းတာ၊ က်ံဳ႕ဝင္သြားတာေတြက ရင္သားကင္ဆာရဲ႕ လကၡဏာေတြပဲျဖစ္ပါတယ္။

ပံုမွန္မဟုတ္တဲ့ အေရျပား

အမ်ိဳးသားေတြမွာျဖစ္ေလ့ရွိတဲ့ ရင္သားကင္ဆာလကၡဏာေတြကေတာ့ အေရျပားမွာ ပံုမွန္မဟုတ္ဘဲ ယားယံျခင္း၊ ေဖာေယာင္ျခင္းနဲ႔ အနီစက္လိုအဖုအပိမ့္ေတြ ထြက္ျခင္းအျပင္ ရင္ဘတ္ၾကြက္သားေတြ မွာျဖစ္တဲ့ အဖုအပိမ့္ေတြမွာ အရည္ထြက္တာအျပင္ ေရာဂါပိုးဝင္တာမ်ိဳးေတြျဖစ္တဲ့အထိ ခံစားရႏိုင္ပါ တယ္။ ဒါ့အျပင္ ခ်ိဳင္းနဲ႔ ရင္ဘတ္ၾကြက္သားေတြမွာ အက်ိတ္ထြက္တာ၊ အဲဒီလိုအက်ိတ္ထြက္ရင္လည္း မခံမရပ္ႏိုင္ေအာင္နာက်င္တာမ်ိဳးေတြ ခံစားရႏိုင္တာေၾကာင့္ မေပါ့ဆသင့္ဘဲ အျမန္ဆံုးေဆးကုသမႈခံ ယူသင့္ပါတယ္။

ရင္သားကင္ဆာဟာ အမ်ိဳးသမီးေတြသာမက အမ်ိဳးသားေတြပါ ျဖစ္ပြားမႈႏႈန္းဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ျမင့္တက္လာတဲ့အတြက္ မေပါ့ဆသင့္တဲ့ ေရာဂါတစ္ခုအျဖစ္ အေမရိကန္ Providence Saint John’s Health Center ရဲ႕ ရင္သားကင္ဆာက်န္းမာေရးဌာနမွ အတည္ျပဳေျပာၾကားထားပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အမျိုးသားတွေမှာဖြစ်တတ်တဲ့ ရင်သားကင်ဆာလက္ခဏာဆိုတာ

ရင်သားကင်ဆာလို့ပြောလိုက်ရင် အမျိုးသမီးတွေမှာပဲဖြစ်တတ်တဲ့ရောဂါတစ်မျိုးဆိုတာ အားလုံးသိထားကြပေမယ့် အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်တတ်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။ အခုနောက်ပိုင်း အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ယှဉ်ရင် အရေအတွက်သိသိသာသာတိုးပွားလာသလို ၂၀၁၇ ခုနှစ်ထဲမှာ အမျိုးသားတွေမှာ ရင်သားကင်ဆာသံသယရှိသူ၂၄၇၀ ဦးအထိရှိခဲ့ပြီး အဲဒီအထဲက ၄၆၀ ဦးဟာ ဒီရောဂါနဲ့ အသက်ဆုံးရှုံးရဖွယ် ရှိနေပါတယ်။

ဒါကြောင့် အမျိုးသားတွေအနေနဲ့ ရင်သားနဲ့ပတ်သက်ပြီး ဘယ်လိုလက္ခဏာတွေခံစားရရင် သတိပြုသင့်တယ်ဆိုတာသိရအောင် ကျန်းမာရေးဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

ရင်သားအကျိတ်

အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ပွားဖို့ အစပြုတဲ့လက္ခဏာကတော့ ရင်ဘတ်ကြွက်သားတွေဟာ မနာကျင်ဘဲ အကျိတ်အခဲပုံစံဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် နို့သီးခေါင်းနဲ့အနီးတဝိုက်ကိုစမ်းလိုက်ရင် အထဲမှာ မာမာခဲခဲအရာကို စမ်းမိနိုင်ပါတယ်။ အဲဒီလိုစမ်းမိတဲ့အကျိတ်အခဲဟာ ရွေ့လျားမှုမရှိဘူးဆိုရင် ရင်သားကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နေနိုင်လို့ သက်ဆိုင်ရာဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးသင့်ပါတယ်။

ရင်သားပုံစံပြောင်းလဲခြင်း

အမျိုးသားတွေဟာ အမျိုးသမီးတွေလို ရင်သားပုံစံထင်ထင်ရှားရှားမရှိတာကြောင့် ရင်သားပုံစံပြောင်း လဲတာကို ချက်ချင်းသတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ရင်ဘတ်ကြွက်သားတွေမှာ တစ်ချက် တစ်ချက် နာကျင်မှုကိုခံစားရတာပဲဖြစ်ဖြစ် ရင်သားပုံစံထူးခြားနေတာပဲဖြစ်ဖြစ် အဲဒီလိုလက္ခဏာတွေဟာ ရင်သားကင်ဆာအတွက် မပေါ့ဆသင့်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

နို့သီးခေါင်းပုံစံပြောင်းခြင်း

ရင်သားကင်ဆာရောဂါလက္ခဏာရဲ့ ၅၀ရာခိုင်နှုန်းလောက်ဟာ နို့သီးခေါင်းတဝိုက်အခြေအနေပြောင်းလဲရာကနေ စတင်သိနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် နို့သီးခေါင်းရဲ့အခြေအနေကိုလည်း အမြဲမပြတ်သတိထားကြည့်ဖို့လိုပါတယ်။ နို့သီးခေါင်းက ပုံမှန်ထက်အရွယ်အစားကြီးလာတာ၊ နီမြန်းတာ၊ ကျုံ့ဝင်သွားတာတွေက ရင်သားကင်ဆာရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

ပုံမှန်မဟုတ်တဲ့ အရေပြား

အမျိုးသားတွေမှာဖြစ်လေ့ရှိတဲ့ ရင်သားကင်ဆာလက္ခဏာတွေကတော့ အရေပြားမှာ ပုံမှန်မဟုတ်ဘဲ ယားယံခြင်း၊ ဖောယောင်ခြင်းနဲ့ အနီစက်လိုအဖုအပိမ့်တွေ ထွက်ခြင်းအပြင် ရင်ဘတ်ကြွက်သားတွေ မှာဖြစ်တဲ့ အဖုအပိမ့်တွေမှာ အရည်ထွက်တာအပြင် ရောဂါပိုးဝင်တာမျိုးတွေဖြစ်တဲ့အထိ ခံစားရနိုင်ပါ တယ်။ ဒါ့အပြင် ချိုင်းနဲ့ ရင်ဘတ်ကြွက်သားတွေမှာ အကျိတ်ထွက်တာ၊ အဲဒီလိုအကျိတ်ထွက်ရင်လည်း မခံမရပ်နိုင်အောင်နာကျင်တာမျိုးတွေ ခံစားရနိုင်တာကြောင့် မပေါ့ဆသင့်ဘဲ အမြန်ဆုံးဆေးကုသမှုခံ ယူသင့်ပါတယ်။

ရင်သားကင်ဆာဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ဖြစ်ပွားမှုနှုန်းဟာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာတဲ့အတွက် မပေါ့ဆသင့်တဲ့ ရောဂါတစ်ခုအဖြစ် အမေရိကန် Providence Saint John’s Health Center ရဲ့ ရင်သားကင်ဆာကျန်းမာရေးဌာနမှ အတည်ပြုပြောကြားထားပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။