ျမန္မာႏုိင္ငံမွာရွိတဲ႔ ေဆးရံုေတြမွာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ၂ ဦးမွာ တစ္ဦးဟာ ကိုယ္ဝန္ပ်က္က်မႈေၾကာင့္ ေသဆံုးေနၾကပါတယ္။ ေသဆံုးသူ ကိုယ္ဝန္ေဆာင္အမ်ားစုဟာ လူငယ္အမ်ိဳးသမီးမ်ားျဖစ္ၾကၿပီး အမ်ားစုက အိမ္ေထာင္သည္ေတြမဟုတ္ၾကဘူးလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ျပဳလုပ္တဲ့ စစ္တမ္းမ်ားအရ သိရပါတယ္။ ကိုယ္ဝန္ပ်က္က်မႈေတြျဖစ္ပြားရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းကေတာ့ တရားမဝင္ ကိုယ္ဝန္ ဖ်က္ခ်ျခင္းေတြေၾကာင့္ျဖစ္တယ္လို႔ စစ္တမ္းမ်ားက ဆိုပါတယ္။

လက္ရွိျမန္မာႏိုင္ငံမွာ တရားမဝင္ကိုယ္ဝန္ဖ်က္ခ်မႈေတြ အမ်ားအျပားရွိေနခဲ့ၿပီး နွစ္စဥ္ကိုယ္ဝန္ေဆာင္ ေသဆံုးမႈနႈန္းျမင့္တက္လ်က္ရွိကာ အေရွ႕ေတာင္အာရွနိုင္ငံေတြၾကား ကိုယ္ဝန္ေဆာင္ေသဆံုးမႈနႈန္း ဒုတိယ အျမင့္ဆံုးေနရာက ရပ္တည္ေနေၾကာင္း WHO ရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။ ဘာေၾကာင့္ တရားမဝင္ ကိုယ္ဝန္ဖ်က္ခ်မႈေတြ တစ္စတစ္စမ်ားျပားလာရသလဲဆိုတဲ့အေၾကာင္းအရင္းကို ေလ့လာၾကည့္ၾကရေအာင္။

ျမန္မာအမ်ိဳးသမီးေတြကို တရားမဝင္ကိုယ္ဝန္ဖ်က္ခ်ျခင္းဆီ မေရာက္ေရာက္ေအာင္ တြန္းပို႔ေနတဲ႕ အရာေတြကေတာ့ လိင္ပိုင္းဆိုင္ရာအသိပညာအားနည္းျခင္းနဲ႔ ျပႆနာကိုစနစ္တက်ေျဖရွင္းဖို႔ အရွက္အေၾကာက္တရားႀကီးျခင္းေတြပဲျဖစ္ပါတယ္။ နည္းပညာတိုးတက္လာတာနဲ႔အမွ် လူငယ္ေတြရဲ႕ အသိပညာနဲ႔သင္ယူနိုင္မႈေတြဟာလည္း ျမင့္တက္လာၾကပါတယ္။ ေခတ္စနစ္ရဲ႕ ပြင့္လင္းလာမႈေတြနဲ႔အတူ လူငယ္ေတြအၾကား လက္မထပ္ခင္အတူတကြေနထိုင္ျခင္းကိစၥေတြဟာလည္း မ်ားျပားလာခဲ့ပါတယ္။ ဒါေပမဲ႕ လိင္ပိုင္းဆိုင္ရာနဲ႔ မ်ိဳးပြားျခင္းဆိုင္ရာ အသိပညာေတြကိုေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ မသိၾကေသးပါဘူး။ ေရာဂါ မကူးစက္ေအာင္ကိုယ္ဝန္မရေအာင္ဘယ္လိုေနထိုင္မလဲ၊ အကယ္၍ အကာအကြယ္မသံုးဘဲ အတူေနထိုင္ခဲ့မိရင္ ကိုယ္ဝန္မရေအာင္ဘယ္လိုေျဖရွင္းမလဲ၊ စနစ္တက် ဘယ္လိုသေႏၶတားဆီးၾကမလဲ ဆိုတဲ႔အခ်က္ေတြကို စနစ္တက်သိရွိနားလည္တဲ့အမ်ိဳးသမီးေတြက အရမ္းကိုနည္းပါးေနပါေသးတယ္။

“အသက္ရွင္ခဲ့ေပမဲ့ ေနာက္ထပ္ကေလးေတာ့ ေမြးခြင့္မရွိေတာ့ဘူး။ ကၽြန္မမ်ိဳးဆက္ကို ကၽြန္မ မေမြးနိုင္ ေတာ့ဘူးေပါ့”လို႔ တရားမဝင္ကိုယ္ဝန္ဖ်က္ခ်ျခင္းေၾကာင့္ သားအိမ္ထုတ္ခဲ့ရတဲ့ မယမင္း (အမည္လႊဲ) က ေျပာပါတယ္။ သူမခ်စ္သူနဲ႕ လက္မထပ္မီ အတူေနခဲ့ၿပီး ကိုယ္ဝန္ရခဲ့ရာမွ ခ်စ္သူကလည္း တာဝန္မယူႏိုင္တာေၾကာင့္ ႀကံရာမရဘဲ တရားမဝင္ ကိုယ္ဝန္ဖ်က္ခ်ခဲ့ရတယ္လို႔ရွင္းျပပါတယ္။

တရားမဝင္ကိုယ္ဝန္ဖ်က္ခ်ရာမွ သားအိမ္ေပါက္သြားခဲ့ၿပီး သားအိမ္ကိုပါ ထုတ္ပစ္လိုက္ရေၾကာင္း ညွိဳးငယ္တဲ႔မ်က္နွာထားန ဲ့ ရွင္းျပပါတယ္။ ျမန္မာနိုင္ငံမွာ ေနာက္ထပ္ မယမင္းလိုအမ်ိဳးသမီးေတြ အမ်ားႀကီး ရွိေနပါေသးတယ္။ ဒီလိုအျဖစ္အပ်က္ေတြက ျမန္မာႏိုင္ငံမွာ လိင္မႈဆိုင္ရာ အသိပညာေပးမႈေတြ အမ်ားအျပားလိုအပ္ေနေသးေၾကာင္း မီးေမာင္းထိုးျပေနပါတယ္။

“ေတာ္ေတာ္မ်ားမ်ားက ကိုယ္ဝန္ဖ်က္ခ်ခ်င္တာပဲသိတယ္။ ကိုယ္ဝန္ကို ဖ်က္ခ်ရင္ ပ်က္က်သြားမယ္ အထိပဲ သိၾကတယ္။ အဲ့ဒီရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြေတာ့ မသိနားမလည္ၾကဘူး”လို႔ သဃန္းကၽြန္း အေထြေထြေရာဂါကုေဆးရံုႀကီးမွာ အထက္တန္းသူနာျပဳဆရာမအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာမ ေဒၚသီရိမြန္မြန္က Akhayar ကို ေျပာပါတယ္။

ေဆးရံုကို ကိုယ္ဝန္ပ်က္က်ၿပီးေရာက္လာတဲ့အမ်ိဳးသမီးဆယ္ေယာက္မွာ ရွစ္ေယာက္ခန္႔ဟာ ကိုယ္ဝန္ဖ်က္ခ်ျခင္းေၾကာင့္ျဖစ္ၿပီး အမ်ားစုမွာ ေသဆံုးေလ့ရွိၾကေၾကာင္း သူမက ဆိုပါတယ္။

ေသဆံုးသူကိုယ္ဝန္ေဆာင္မိခင္မ်ားမွာ ဆယ္ေက်ာ္သက္အရြယ္မ်ားႏွင့္ အသက္(၄၀) ေက်ာ္ မိခင္မ်ားပါဝင္ၿပီးအမ်ားစုမွာ ကိုယ္ဝန္ဖ်က္ခ်စဥ္ အႏၲရာယ္ရွိေစႏုိင္တဲ႔ သံခြၽန္၊ အက္စစ္ဓာတ္ပစၥည္းမ်ားႏွင့္ ျပဳလုပ္ျခင္းေၾကာင့္ေသာ္လည္းေကာင္း၊ ျပင္းထန္စြာႏွိပ္ခ်ျခင္းေၾကာင့္ေသာ္လည္းေကာင္း လူနာမွာ ေရာဂါပိုးမ်ားဝင္ေရာက္ကာ ေသြးအလြန္အကြၽံသြန္ျခင္း၊ ဝမ္းဗိုက္တစ္ခုလံုး၌ မစင္၊ ျပည္ပုပ္မ်ား ျပည့္ႏွက္ေနျခင္း၊ အူေပါက္ျခင္း၊ သားအိမ္ေပါက္ျခင္းမ်ားျဖစ္ေပၚ၍ ေရာက္ရွိလာၾကျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုယ္ဝန္ဖ်က္ခ်ျခင္းကို ျပစ္မႈဆိုင္ရာ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၀၂ အရ ျပင္းျပင္း ထန္ထန္ တားျမစ္ထားပါတယ္။ “မည္သူမဆို ကိုယ္ဝန္ေဆာင္မိန္းမရဲ႕ ကိုယ္ဝန္ကိုပ်က္က်ေစျခင္းျပဳလွ်င္ ေထာင္ဒဏ္သံုးနွစ္နဲ႔ေငြဒဏ္က်ခံဖို႔ သတ္မွတ္ထားၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးက အလိုတူအလိုပါ ဖ်က္ခ် လိုပါက ေထာင္ဒဏ္ခုနစ္နွစ္အထိ ခ်မွတ္နိုင္တယ္”လို႔ သတ္မွတ္ျပဌာန္းထားတယ္လို႔ သိရပါတယ္။

ကိုယ္ဝန္ဖ်က္ခ်ျခင္းနဲ႔ပတ္သတ္ၿပီး အတိုင္းအတာတစ္ခုအထိ ရာဇဝတ္မႈမေျမာက္ေစတဲ့ ဥပေဒၾကမ္း ကို ေရးဆြဲျပင္ဆင္ခဲ့ေသာ္လည္း ဘာသာေရးနဲ႔လူမႈေရးဆိုင္ရာစံနႈန္းေတြေၾကာင့္ ေအာင္ျမင္မႈမရေသးေၾကာင္း အခရာ အမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားမႈအဖြဲ႔တည္ေထာင္သူ ေဒၚထားထားက ေျပာပါတယ္။

ကမာၻေပၚမွာ ဥပေဒအရ တရားဝင္ကိုယ္ဝန္ဖ်က္ခ်ခြင့္ျပဳထားတဲ့ နိုင္ငံေတြအမ်ားအျပားရွိပါတယ္။ အီရန္နိုင္ငံမွာဆိုရင္ ၁၉၇၈ခုနွစ္ကတည္းက ကိုယ္ဝန္ဖ်က္ခ်ခြင့္ဥပေဒကို ျပဌာန္းထားပါတယ္။ ေတာင္အာဖရိကနိုင္ငံေတာ္ေတာ္မ်ားမ်ားမွာလည္း တရားဝင္ကိုယ္ဝန္ဖ်က္ခ်ခြင့္ျပဳထားပါတယ္။ ဂ်ပန္ႏိုင္ငံမွာ ေတာ့ ကိုယ္ဝန္ဖ်က္ခ်ျခင္းကို တားျမစ္ထားေပမဲ့ မုဒိန္းမႈနဲ႔စပ္ဆက္ၿပီး ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႕ ရရွိလာတဲ့ကိုယ္ဝန္ျဖစ္ေၾကာင္း ဆရာဝန္ရဲ႕ေထာက္ခံခ်က္ပါခဲ့ရင္ေတာ့ တရားဝင္ဖ်က္ခ်ခြင့္ ရွိပါတယ္။

ၿဗိတိန္ႏိုင္ငံမွာဆိုရင္လည္း ကိုယ္ဝန္ေဆာင္ကာလ ၂၈ ပတ္ေအာက္ကိုယ္ဝန္ေတြကို တရားဝင္ ဖ်က္ခ်ခြင့္ျပဳထားပါတယ္။ တရားဝင္ကိုယ္ဝန္ဖ်က္ခ်ခြင့္ျပဳထားတဲ့ နိုင္ငံေတြမွာ အျခားတားျမစ္ထားတဲ့ ႏိုင္ငံေတြထက္ ကိုယ္ဝန္ေဆာင္ ေသဆံုးမႈရာခိုင္ႏႈန္း သိသိသာသာကို နည္းပါးေနတာကို ေတြ႔ရပါတယ္။ ဒီလိုဥပေဒေတြ ျပဌာန္းထားတဲ့အတြက္ သံုးတဲ့ေဆးေတြ၊ နည္းလမ္းေတြကအစ အႏၲရာယ္ကင္းၿပီး မလိုအပ္ဘဲ ေသဆံုးမႈေတြ ရွိမလာေတာ့ဘူးလို႔ ကၽြမ္းက်င္သူေတြက ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ လူမႈပတ္ဝန္းက်င္စံထားမႈေတြ၊ ဘာသာေရး တန္ဖိုးထားမႈေတြအရ ဒီလိုဥပေဒကို ျပဌာန္းဖို႔ ခက္ခဲေနပါေသးတယ္။ ဒါေပမဲ့ အျခားလုပ္ေဆာင္မႈေတြ ဥပမာ သားဆက္ျခား ပညာေပး လုပ္ငန္းေတြ ၊ လိင္မႈဆိုင္ရာ အသိပညာေပးျခင္းေတြ ၊ တရားမဝင္ေဆးဝါးေတြနဲ႕ တရားမဝင္သားဆက္ျခား နည္းေတြေၾကာင့္ ေနာက္ဆက္တြဲ ျဖစ္ေပၚလာႏုိင္တဲ့ အႏၲရာယ္ေတြကို က်ယ္က်ယ္ျပန္ျပန္႔ လူအမ်ားသိလာ ေအာင္ လုပ္ေဆာင္ဖို႔လိုအပ္ေနပါတယ္။

လက္ရွိ ျမန္မာႏုိင္ငံမွာ သားဆက္ျခားကိစၥေတြအတြက္ မာရီစတုတ္တို႔ Myanmar Medical Association တို႔လို အဖြဲ႕အစည္းေတြ အမ်ားႀကီးရွိပါတယ္။ ဖုန္းဆက္ၿပီး သိလိုတဲ့အခ်က္ေတြ ေမးျမန္းတာ၊ သားဆက္ျခားေဆး ၊ ပစၥည္းမ်ားအခမဲ့ရယူတာေတြ လုပ္လို႔ရပါတယ္။ ဒါ့အျပင္ အခမဲ့အြန္လိုင္းဝန္ေဆာင္မႈေတြ လုပ္ေဆာင္ေပးေနတာမ်ိဳးလည္းရွိပါတယ္။

ဒါေၾကာင့္ အမ်ိဳးသမီးေတြအေနနဲ႔ အသိပညာေပးအဖြဲ႕အစည္းေတြနဲ႔အၿမဲထိေတြ႔ၿပီး က်န္းမာေရးဗဟုသုတေတြ ရွိလာေအာင္ လုပ္ေဆာင္သင့္ပါတယ္။ တစ္ခုခု ျဖစ္ပြားခဲ့ရင္လည္း ကၽြမ္းက်င္သူ ပညာရွင္မ်ားရဲ႕ အႀကံဥာဏ္ေတြကို ရယူေဆာင္ရြက္သင့္ပါတယ္။ ဒါမွ ေပ်ာ္ရႊင္က်န္းမာတဲ့ လူ႕ေဘာင္အဖြဲ႔အစည္း ကို ဖန္တီးလာႏိုင္မွာျဖစ္ပါတယ္။

မိမိရဲ႕က်န္းမာေရးဗဟုသုတအသိဥာဏ္နဲ ့ တန္ဖိုးရွိတဲ့ အသက္ေတြကို အလဟႆမဆံုးရႈံးေအာင္ ကာကြယ္ၾကပါစို႔။

Ref:    ျမန္မာႏုိင္ငံ ရာဇာသတ္ႀကီးဥပေဒ

National Women’s Health Network | A Voice For Women, A Network For Change

“World Abortion Policies 2013” (PDF). United Nations Department of Economic and Social Affairs, Population Division.

Gordon, Sarah Barringer. “Law and Everyday Death: Infanticide and the Backlash

against Woman’s Rights after the Civil War.”

Abortion Rights is the only national grass roots membership-based campaign

ေနာ္ဘတ္တီဟန္(အခရာ)

www.akhayar.com

Unicode

မြန်မာနိုင်ငံမှာရှိတဲ့ ဆေးရုံတွေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ဦးမှာ တစ်ဦးဟာ ကိုယ်ဝန်ပျက်ကျမှုကြောင့် သေဆုံးနေကြပါတယ်။ သေဆုံးသူ ကိုယ်ဝန်ဆောင်အများစုဟာ လူငယ်အမျိုးသမီးများဖြစ်ကြပြီး အများစုက အိမ်ထောင်သည်တွေမဟုတ်ကြဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြုလုပ်တဲ့ စစ်တမ်းများအရ သိရပါတယ်။ ကိုယ်ဝန်ပျက်ကျမှုတွေဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ တရားမဝင် ကိုယ်ဝန် ဖျက်ချခြင်းတွေကြောင့်ဖြစ်တယ်လို့ စစ်တမ်းများက ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ တရားမဝင်ကိုယ်ဝန်ဖျက်ချမှုတွေ အများအပြားရှိနေခဲ့ပြီး နှစ်စဉ်ကိုယ်ဝန်ဆောင် သေဆုံးမှုနှုန်းမြင့်တက်လျက်ရှိကာ အရှေ့တောင်အာရှနိုင်ငံတွေကြား ကိုယ်ဝန်ဆောင်သေဆုံးမှုနှုန်း ဒုတိယ အမြင့်ဆုံးနေရာက ရပ်တည်နေကြောင်း WHO ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဘာကြောင့် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုတွေ တစ်စတစ်စများပြားလာရသလဲဆိုတဲ့အကြောင်းအရင်းကို လေ့လာကြည့်ကြရအောင်။
မြန်မာအမျိုးသမီးတွေကို တရားမဝင်ကိုယ်ဝန်ဖျက်ချခြင်းဆီ မရောက်ရောက်အောင် တွန်းပို့နေတဲ့ အရာတွေကတော့ လိင်ပိုင်းဆိုင်ရာအသိပညာအားနည်းခြင်းနဲ့ ပြဿနာကိုစနစ်တကျဖြေရှင်းဖို့ အရှက်အကြောက်တရားကြီးခြင်းတွေပဲဖြစ်ပါတယ်။ နည်းပညာတိုးတက်လာတာနဲ့အမျှ လူငယ်တွေရဲ့ အသိပညာနဲ့သင်ယူနိုင်မှုတွေဟာလည်း မြင့်တက်လာကြပါတယ်။ ခေတ်စနစ်ရဲ့ ပွင့်လင်းလာမှုတွေနဲ့အတူ လူငယ်တွေအကြား လက်မထပ်ခင်အတူတကွနေထိုင်ခြင်းကိစ္စတွေဟာလည်း များပြားလာခဲ့ပါတယ်။ ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးပွားခြင်းဆိုင်ရာ အသိပညာတွေကိုတော့ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးပါဘူး။ ရောဂါ မကူးစက်အောင်ကိုယ်ဝန်မရအောင်ဘယ်လိုနေထိုင်မလဲ၊ အကယ်၍ အကာအကွယ်မသုံးဘဲ အတူနေထိုင်ခဲ့မိရင် ကိုယ်ဝန်မရအောင်ဘယ်လိုဖြေရှင်းမလဲ၊ စနစ်တကျ ဘယ်လိုသန္ဓေတားဆီးကြမလဲ ဆိုတဲ့အချက်တွေကို စနစ်တကျသိရှိနားလည်တဲ့အမျိုးသမီးတွေက အရမ်းကိုနည်းပါးနေပါသေးတယ်။
“အသက်ရှင်ခဲ့ပေမဲ့ နောက်ထပ်ကလေးတော့ မွေးခွင့်မရှိတော့ဘူး။ ကျွန်မမျိုးဆက်ကို ကျွန်မ မမွေးနိုင် တော့ဘူးပေါ့”လို့ တရားမဝင်ကိုယ်ဝန်ဖျက်ချခြင်းကြောင့် သားအိမ်ထုတ်ခဲ့ရတဲ့ မယမင်း (အမည်လွှဲ) က ပြောပါတယ်။ သူမချစ်သူနဲ့ လက်မထပ်မီ အတူနေခဲ့ပြီး ကိုယ်ဝန်ရခဲ့ရာမှ ချစ်သူကလည်း တာဝန်မယူနိုင်တာကြောင့် ကြံရာမရဘဲ တရားမဝင် ကိုယ်ဝန်ဖျက်ချခဲ့ရတယ်လို့ရှင်းပြပါတယ်။
တရားမဝင်ကိုယ်ဝန်ဖျက်ချရာမှ သားအိမ်ပေါက်သွားခဲ့ပြီး သားအိမ်ကိုပါ ထုတ်ပစ်လိုက်ရကြောင်း ညှိုးငယ်တဲ့မျက်နှာထားန ဲ့ ရှင်းပြပါတယ်။ မြန်မာနိုင်ငံမှာ နောက်ထပ် မယမင်းလိုအမျိုးသမီးတွေ အများကြီး ရှိနေပါသေးတယ်။ ဒီလိုအဖြစ်အပျက်တွေက မြန်မာနိုင်ငံမှာ လိင်မှုဆိုင်ရာ အသိပညာပေးမှုတွေ အများအပြားလိုအပ်နေသေးကြောင်း မီးမောင်းထိုးပြနေပါတယ်။
“တော်တော်များများက ကိုယ်ဝန်ဖျက်ချချင်တာပဲသိတယ်။ ကိုယ်ဝန်ကို ဖျက်ချရင် ပျက်ကျသွားမယ် အထိပဲ သိကြတယ်။ အဲ့ဒီရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေတော့ မသိနားမလည်ကြဘူး”လို့ သဃန်းကျွန်း အထွေထွေရောဂါကုဆေးရုံကြီးမှာ အထက်တန်းသူနာပြုဆရာမအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ ဒေါ်သီရိမွန်မွန်က Akhayar ကို ပြောပါတယ်။
ဆေးရုံကို ကိုယ်ဝန်ပျက်ကျပြီးရောက်လာတဲ့အမျိုးသမီးဆယ်ယောက်မှာ ရှစ်ယောက်ခန့်ဟာ ကိုယ်ဝန်ဖျက်ချခြင်းကြောင့်ဖြစ်ပြီး အများစုမှာ သေဆုံးလေ့ရှိကြကြောင်း သူမက ဆိုပါတယ်။
သေဆုံးသူကိုယ်ဝန်ဆောင်မိခင်များမှာ ဆယ်ကျော်သက်အရွယ်များနှင့် အသက်(၄၀) ကျော် မိခင်များပါဝင်ပြီးအများစုမှာ ကိုယ်ဝန်ဖျက်ချစဉ် အန္တရာယ်ရှိစေနိုင်တဲ့ သံချွန်၊ အက်စစ်ဓာတ်ပစ္စည်းများနှင့် ပြုလုပ်ခြင်းကြောင့်သော်လည်းကောင်း၊ ပြင်းထန်စွာနှိပ်ချခြင်းကြောင့်သော်လည်းကောင်း လူနာမှာ ရောဂါပိုးများဝင်ရောက်ကာ သွေးအလွန်အကျွံသွန်ခြင်း၊ ဝမ်းဗိုက်တစ်ခုလုံး၌ မစင်၊ ပြည်ပုပ်များ ပြည့်နှက်နေခြင်း၊ အူပေါက်ခြင်း၊ သားအိမ်ပေါက်ခြင်းများဖြစ်ပေါ်၍ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခြင်းကို ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ အရ ပြင်းပြင်း ထန်ထန် တားမြစ်ထားပါတယ်။ “မည်သူမဆို ကိုယ်ဝန်ဆောင်မိန်းမရဲ့ ကိုယ်ဝန်ကိုပျက်ကျစေခြင်းပြုလျှင် ထောင်ဒဏ်သုံးနှစ်နဲ့ငွေဒဏ်ကျခံဖို့ သတ်မှတ်ထားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးက အလိုတူအလိုပါ ဖျက်ချ လိုပါက ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်နိုင်တယ်”လို့ သတ်မှတ်ပြဌာန်းထားတယ်လို့ သိရပါတယ်။
ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သတ်ပြီး အတိုင်းအတာတစ်ခုအထိ ရာဇဝတ်မှုမမြောက်စေတဲ့ ဥပဒေကြမ်း ကို ရေးဆွဲပြင်ဆင်ခဲ့သော်လည်း ဘာသာရေးနဲ့လူမှုရေးဆိုင်ရာစံနှုန်းတွေကြောင့် အောင်မြင်မှုမရသေးကြောင်း အခရာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုအဖွဲ့တည်ထောင်သူ ဒေါ်ထားထားက ပြောပါတယ်။
ကမ္ဘာပေါ်မှာ ဥပဒေအရ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ပြုထားတဲ့ နိုင်ငံတွေအများအပြားရှိပါတယ်။ အီရန်နိုင်ငံမှာဆိုရင် ၁၉၇၈ခုနှစ်ကတည်းက ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေကို ပြဌာန်းထားပါတယ်။ တောင်အာဖရိကနိုင်ငံတော်တော်များများမှာလည်း တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ပြုထားပါတယ်။ ဂျပန်နိုင်ငံမှာ တော့ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားပေမဲ့ မုဒိန်းမှုနဲ့စပ်ဆက်ပြီး နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ရရှိလာတဲ့ကိုယ်ဝန်ဖြစ်ကြောင်း ဆရာဝန်ရဲ့ထောက်ခံချက်ပါခဲ့ရင်တော့ တရားဝင်ဖျက်ချခွင့် ရှိပါတယ်။
ဗြိတိန်နိုင်ငံမှာဆိုရင်လည်း ကိုယ်ဝန်ဆောင်ကာလ ၂၈ ပတ်အောက်ကိုယ်ဝန်တွေကို တရားဝင် ဖျက်ချခွင့်ပြုထားပါတယ်။ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ပြုထားတဲ့ နိုင်ငံတွေမှာ အခြားတားမြစ်ထားတဲ့ နိုင်ငံတွေထက် ကိုယ်ဝန်ဆောင် သေဆုံးမှုရာခိုင်နှုန်း သိသိသာသာကို နည်းပါးနေတာကို တွေ့ရပါတယ်။ ဒီလိုဥပဒေတွေ ပြဌာန်းထားတဲ့အတွက် သုံးတဲ့ဆေးတွေ၊ နည်းလမ်းတွေကအစ အန္တရာယ်ကင်းပြီး မလိုအပ်ဘဲ သေဆုံးမှုတွေ ရှိမလာတော့ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ လူမှုပတ်ဝန်းကျင်စံထားမှုတွေ၊ ဘာသာရေး တန်ဖိုးထားမှုတွေအရ ဒီလိုဥပဒေကို ပြဌာန်းဖို့ ခက်ခဲနေပါသေးတယ်။ ဒါပေမဲ့ အခြားလုပ်ဆောင်မှုတွေ ဥပမာ သားဆက်ခြား ပညာပေး လုပ်ငန်းတွေ ၊ လိင်မှုဆိုင်ရာ အသိပညာပေးခြင်းတွေ ၊ တရားမဝင်ဆေးဝါးတွေနဲ့ တရားမဝင်သားဆက်ခြား နည်းတွေကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ကျယ်ကျယ်ပြန်ပြန့် လူအများသိလာ အောင် လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ သားဆက်ခြားကိစ္စတွေအတွက် မာရီစတုတ်တို့ Myanmar Medical Association တို့လို အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ဖုန်းဆက်ပြီး သိလိုတဲ့အချက်တွေ မေးမြန်းတာ၊ သားဆက်ခြားဆေး ၊ ပစ္စည်းများအခမဲ့ရယူတာတွေ လုပ်လို့ရပါတယ်။ ဒါ့အပြင် အခမဲ့အွန်လိုင်းဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးနေတာမျိုးလည်းရှိပါတယ်။
ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အသိပညာပေးအဖွဲ့အစည်းတွေနဲ့အမြဲထိတွေ့ပြီး ကျန်းမာရေးဗဟုသုတတွေ ရှိလာအောင် လုပ်ဆောင်သင့်ပါတယ်။ တစ်ခုခု ဖြစ်ပွားခဲ့ရင်လည်း ကျွမ်းကျင်သူ ပညာရှင်များရဲ့ အကြံဉာဏ်တွေကို ရယူဆောင်ရွက်သင့်ပါတယ်။ ဒါမှ ပျော်ရွှင်ကျန်းမာတဲ့ လူ့ဘောင်အဖွဲ့အစည်း ကို ဖန်တီးလာနိုင်မှာဖြစ်ပါတယ်။
မိမိရဲ့ကျန်းမာရေးဗဟုသုတအသိဉာဏ်နဲ့ တန်ဖိုးရှိတဲ့ အသက်တွေကို အလဟဿမဆုံးရှုံးအောင် ကာကွယ်ကြပါစို့။

Ref:    မြန်မာနိုင်ငံ ရာဇာသတ်ကြီးဥပဒေ
National Women’s Health Network | A Voice For Women, A Network For Change
“World Abortion Policies 2013” (PDF). United Nations Department of Economic and Social Affairs, Population Division.
Gordon, Sarah Barringer. “Law and Everyday Death: Infanticide and the Backlash
against Woman’s Rights after the Civil War.”
Abortion Rights is the only national grass roots membership-based campaign

ေနာ္ဘတ္္တီဟန္(အခရာ)

www.akhayar.com