[Zawgyi]

နာမည္ႀကီး ေကြ႕တီယိုနဲ႔ ၾကက္ဥေပါင္း စားခ်င္စရာ စံရိပ္ၿငိမ္က SIAMM မွာ

ေကြ႕တီယိုထဲမွာေလ ငယ္ငယ္တုန္းက ယိုးဒယားၾကက္ေပါင္းေခါက္ဆြဲထုပ္ေတြရဲ႕ အိတ္ခြံကပံုလို ၾကက္ေပါင္ႀကီးေတြနဲ႔ ပံုျမင္ၿပီး ရွလြတ္ဆို သြားေရေတာင္က်မိတဲ့ ဆိုင္ေလးတစ္ဆိုင္ စံရိပ္ၿငိမ္မွာ ဟိုးတေလာကမွ နာမည္ႀကီးလာတာ ျမင္ထားလို႔ သိၾကလား ေဘာ္ဒါတို႔ေရ။

၂၄ နာရီစားဖို႔ေသာက္ဖို႔ပဲ အေတြးထဲစိုးမိုးေနက်လူေတြဆိုရင္ေတာ့ သိေလာက္မယ္။ ေကြ႕တီယိုထဲၾကက္ေပါင္ႀကီးနဲ႔ င႐ုတ္သီးမႈန္႔ေတြနဲ႔ ျမင္ရံုနဲ႔တင္ ေျပးစားခ်င္မိတဲ့ SIAMM ဆိုတဲ့ ေကြ႕တီယို အိမ္ဆိုင္ေလး ကို ဒီေန႔ အခရာက သြားစားခဲ့တာေလး ေျပာျပခ်င္လို႔။

Photo Credit

အဲ့ဒီဆိုင္ေလးက ေကြ႕တီယိုတစ္မ်ိဳးတည္းပဲရတာ။ က်န္တာ ဘာမွေထြေထြထူးထူးမရွိတဲ့ဆိုင္ေလး။ ၿပီးေတာ့ ဆိုင္လို႔ေျပာလို႔ကိုမရတာဆို။ ဘာလို႔လဲဆိုေတာ့ အိမ္ေရွ႕မွာေကာ္ခံုေလးေတြခ်ေရာင္းတာကိုး။ အဟုတ္ပဲဗ်ိဳ႕။ တကယ့္အိမ္ဆိုင္မွ အိမ္ဆိုင္ေလး။ ေတာ္ပါေသးရဲ႕ ေကြ႕တီယို ပံုေလး အိမ္ေရွ႕မွာ ခ်ိတ္ထားေပလို႔။

ဆိုင္ေလးကေတာ့ အေပၚမွာေျပာထားတဲ့ “SIAMM” ပါတဲ့။ ဆိုင္ဖြင့္ထားတဲ့ေနရာကလည္း ေတာ္ေတာ္လွ်ိဳ႕ဝွက္ဆန္းၾကယ္ပဲ။ သူမ်ားဆိုင္ေတြလို လမ္းမတန္းေတြ၊ Shopping Mall ေတြမဟုတ္ဘဲ စံရိပ္ၿငိမ္ ဂမုန္းပြင့္ေရွ႕မ်က္ႏွာခ်င္းဆိုင္ဘက္မွာ AYA Bank ႀကီးရွိတယ္မလား? အဲ့ဘဏ္ရဲ႕ ေဘးကပ္ရက္ေလးမွာ လက္ခုပ္ပင္လမ္းဆိုတဲ့ လမ္းက်ဥ္းက်ဥ္းေသးေသးေလး ရွိသတဲ့။ အဲ့လမ္းေလးထဲ ဝင္သြားရင္အလည္ေလးမွာပဲ ဆိုင္ေလးရွိပါတယ္။

ဘာေတြရလဲဆို ၾကက္ေပါင္းနဲ႔ ဝက္သားျပား ေကြ႕တီယို အသုပ္၊အရည္ရယ္၊ ၾကက္ဥကင္ရယ္၊ အေအးရယ္ ဒါဆိုမွ ဒါပဲရပါတယ္လို႔။ ဒါေပမယ့္ သူတို႔ဆိုင္ရဲ႕ နာမည္ႀကီးက ေကြ႕တီယိုဆိုေတာ့ ေကြ႕တီယိုအရည္ေလးကိုပဲ ဝက္သားျပားေလးနဲ႔ စားခ်င္တာမို႔ အဲ့ဒါေလးတစ္ပြဲ၊ ၾကက္ဥကင္ေလးတစ္ပြဲနဲ႔ သရက္သီးေဖ်ာ္ရည္ေလး မွာေသာက္ခဲ့တယ္။

ေကြ႕တီယို ဆိုင္ေတာ္ေတာ္မ်ားမ်ား စားခဲ့ဖူးတဲ့ ေကြ႕တီယို အႀကိဳက္၊ ေကြ႕တီယိုခေရဇီေတြဆိုရင္ေတာ့ ဒီဆိုင္ေလးက ထင္သေလာက္ မွန္းခ်က္နဲ႔ႏွမ္းထြက္ သိပ္မကိုက္ေလာက္ပါဘူးေနာ္။

ပြဲပမာဏက အရည္ဆိုေတာ့ မ်ားတယ္။ ဝက္သားျပားလည္း အျပားႀကီးႀကီး ၅ျပားေလာက္ပါတယ္။ အရည္ေလးကလည္း ခ်က္ထားတာ ေသာက္ေပ်ာ္တယ္ မဆိုးဘူး။ ဒါေပမယ့္ ေကြ႕တီယိုစားခဲ့တဲ့ထဲ ကန္စြန္း႐ိုးေတြမ်ားေနတာ၊ င႐ုတ္သီးရဲရဲနဲ႔ ေလးေလးစပ္စပ္လို႔ ေကြ႕တီယိုကို အထင္မွားၿပီး လာစားၾကမယ့္သူေတြအတြက္ေတာ့ စိတ္ေက်နပ္မႈျဖည့္ဆည္းေပးႏိုင္မွာမဟုတ္ပါဘူး။

ေစ်းႏႈန္းေလးကလည္း ၂၂၀၀ ဆိုေတာ့ သာမန္ေကြ႕တီယိုတစ္ပြဲထက္စာရင္ ေစ်းမ်ားသလားပဲေနာ့္။ ဒါေပမယ့္ ေကြ႕တီယိုႀကိဳက္တဲ့သူေတြ၊ ခံတြင္းရွင္းရွင္းစားခ်င္တဲ့သူေတြအတြက္ေတာ့ တကူးတကလာၿပီးစားဖူးၾကည့္သင့္တဲ့ထဲပါပါတယ္။ နာမည္ျကီး တစ္ပြဲ ၇၀၀ ဝန္းက်င္နဲ႔ တစ္လုတ္စာဆိုင္ႀကီးထက္စာရင္ အရသာပိုေကာင္းပါတယ္။

အခရာကေတာ့ ေနာက္တေခါက္လမ္းၾကံဳေရာက္ခဲ့ရင္ ၾကက္ေပါင္နဲ႔ တခါလာဆြဲဦးမယ္လို႔ အားခဲခဲ့ေၾကာင္းပါ။ သူနဲ႔ တြဲဖက္လို႔ လိုက္တဲ့အစပ္အဟပ္ေလးက သရက္ဆီနဲ႔ေဖ်ာ္တဲ့ ေဖ်ာ္ရည္ခ်ဥ္ခ်ဥ္ေလး။ တစ္ခြက္ ၆၀၀ နဲ႔ စိတ္တိုင္းက်က် ေသာက္ရတဲ့ထိကို အရသာေကာင္းပါ့။ ေစ်းလည္း မဆိုးဘူး။ လာခ်ေပးတဲ့ခြက္ကေလးကအစ ခ်စ္စရာေလး။ ခြက္က နည္းနည္းညစ္ပတ္ေနတာေလးေတာ့ မိမိ မႀကိဳက္မိပါေနာ္။

ဒီေနရာမွာ ရွိတာအကုန္ခ် စားမဟလို႔ ၾကံရြယ္ေနတဲ့ အစားတလိုင္းေတြ ၾကက္ဥကင္ကိုပါ မွာၿပီဆိုရင္ စားေသာက္စရာ အရသာပ်က္သြားမွာစိုးလို႔ နည္းနည္းၫႊန္းပါရေစေနာ္။ ေကြ႕တီယိုရဲ႕ သေဘာသဘာဝက အရည္ေမႊးေမႊးခပ္ေပါ့ေပါ့ေလးနဲ႔ ခံတြင္းရွင္းရွင္း ရွလြတ္ရွလြတ္ဆိုၿပီး စားရတာမ်ိဳးေလ။ အဲ့ေကြ႕တီယိုအရသာကိုက ေပါ့တာဆိုေတာ့ ၾကက္ဥေပါင္းက အရင္ေရာက္လာတဲ့အခါ ေကြ႕တီယိုကို အရင္စားၿပီးကုန္မွ ၾကက္ဥေပါင္းဆက္စားဖို႔ အၾကံေပးခ်င္လို႔ပါ။ ဘာလို႔လဲဆို ၾကက္ဥေပါင္းကအရသာေလး ခပ္ေလးေလးနဲ႔ဆိုေတာ့ သူ႔ကိုစားၿပီးမွ ေကြ႕တီယိုစားမယ္ဆို ေကြ႕တီယိုရဲ႕ အရသာပ်က္သြားမွာစိုးလို႔ပါ။

အခရာစားခဲ့ေတာ့ ေကြ႕တီယိုစားရင္းၾကက္ဥေပါင္းပါသြပ္တာ ေကြ႕တီယိုျပန္စားေတာ့ ခပ္ေပါ့ေပါ့ႀကီးျဖစ္သြားတယ္။ အဲ့ဒါေၾကာင့္ပါ။ ဘာပဲျဖစ္ျဖစ္ နာမည္ျကီးေနတဲ့ဆိုင္ဆိုေတာ့ တေခါက္ေလာက္ေတာ့ မေရာက္မျဖစ္သြားစားၾကည့္ဖို႔ ေကြ႕တီယိုသမားေတြကို ၫႊန္ေပးလိုက္တယ္ေနာ္။

ေတာ္ရံုသိပ္မႀကိဳက္ရင္ေတာ့ ေဝးေဝးလံလံတကူးတကသြားစားဖို႔ထိ မတိုက္တြန္းပါဘူးေနာ္။ ပံုမွန္အရသာပဲမို႔ပါ။ ဒီေလာက္ဆို အခရာက စားခဲ့တဲ့အရသာကို အရွိအရွိအတိုင္း အမွန္ေသခ်ာေရးေပးထားတာမို႔ သြားစားဖို႔ုျကံေနသူေတြ ဒီReview ေလးေသခ်ာဖတ္ၿပီးမွ သြားစားႏိုင္ၾကပါၿပီလို႔။

“SIAMM”ပါတဲ႔ေနာ္။ မနက္ ၁၁ နာရီေလာက္ကေန ကုန္တဲ့အခ်ိန္ထိေရာင္းပါသတဲ့ေနာ္။ ဘတ္စ္နဲ႔ဆို စံရိပ္ၿငိမ္ ဂမုန္းပြင့္ကိုေရာက္တဲ့ ဘယ္ YBS မဆို စီးလို႔ရပါတယ္လို႔။

ခ်စ္လွစြာေသာ

FoodieEi (Akhayar)

[Unicode]

နာမည်ကြီး ကွေ့တီယိုနဲ့ ကြက်ဥပေါင်း စားချင်စရာ စံရိပ်ငြိမ်က SIAMM မှာ

ကွေ့တီယိုထဲမှာလေ ငယ်ငယ်တုန်းက ယိုးဒယားကြက်ပေါင်းခေါက်ဆွဲထုပ်တွေရဲ့ အိတ်ခွံကပုံလို ကြက်ပေါင်ကြီးတွေနဲ့ ပုံမြင်ပြီး ရှလွတ်ဆို သွားရေတောင်ကျမိတဲ့ ဆိုင်လေးတစ်ဆိုင် စံရိပ်ငြိမ်မှာ ဟိုးတလောကမှ နာမည်ကြီးလာတာ မြင်ထားလို့ သိကြလား ဘော်ဒါတို့ရေ။

၂၄ နာရီစားဖို့သောက်ဖို့ပဲ အတွေးထဲစိုးမိုးနေကျလူတွေဆိုရင်တော့ သိလောက်မယ်။ ကွေ့တီယိုထဲကြက်ပေါင်ကြီးနဲ့ ငရုတ်သီးမှုန့်တွေနဲ့ မြင်ရုံနဲ့တင် ပြေးစားချင်မိတဲ့ SIAMM ဆိုတဲ့ ကွေ့တီယို အိမ်ဆိုင်လေး ကို ဒီနေ့ အခရာက သွားစားခဲ့တာလေး ပြောပြချင်လို့။

Photo Credit

အဲ့ဒီဆိုင်လေးက ကွေ့တီယိုတစ်မျိုးတည်းပဲရတာ။ ကျန်တာ ဘာမှထွေထွေထူးထူးမရှိတဲ့ဆိုင်လေး။ ပြီးတော့ ဆိုင်လို့ပြောလို့ကိုမရတာဆို။ ဘာလို့လဲဆိုတော့ အိမ်ရှေ့မှာကော်ခုံလေးတွေချရောင်းတာကိုး။ အဟုတ်ပဲဗျို့။ တကယ့်အိမ်ဆိုင်မှ အိမ်ဆိုင်လေး။ တော်ပါသေးရဲ့ ကွေ့တီယို ပုံလေး အိမ်ရှေ့မှာ ချိတ်ထားပေလို့။

ဆိုင်လေးကတော့ အပေါ်မှာပြောထားတဲ့ “SIAMM” ပါတဲ့။ ဆိုင်ဖွင့်ထားတဲ့နေရာကလည်း တော်တော်လျှို့ဝှက်ဆန်းကြယ်ပဲ။ သူများဆိုင်တွေလို လမ်းမတန်းတွေ၊ Shopping Mall တွေမဟုတ်ဘဲ စံရိပ်ငြိမ် ဂမုန်းပွင့်ရှေ့မျက်နှာချင်းဆိုင်ဘက်မှာ AYA Bank ကြီးရှိတယ်မလား? အဲ့ဘဏ်ရဲ့ ဘေးကပ်ရက်လေးမှာ လက်ခုပ်ပင်လမ်းဆိုတဲ့ လမ်းကျဉ်းကျဉ်းသေးသေးလေး ရှိသတဲ့။ အဲ့လမ်းလေးထဲ ဝင်သွားရင်အလည်လေးမှာပဲ ဆိုင်လေးရှိပါတယ်။

ဘာတွေရလဲဆို ကြက်ပေါင်းနဲ့ ဝက်သားပြား ကွေ့တီယို အသုပ်၊အရည်ရယ်၊ ကြက်ဥကင်ရယ်၊ အအေးရယ် ဒါဆိုမှ ဒါပဲရပါတယ်လို့။ ဒါပေမယ့် သူတို့ဆိုင်ရဲ့ နာမည်ကြီးက ကွေ့တီယိုဆိုတော့ ကွေ့တီယိုအရည်လေးကိုပဲ ဝက်သားပြားလေးနဲ့ စားချင်တာမို့ အဲ့ဒါလေးတစ်ပွဲ၊ ကြက်ဥကင်လေးတစ်ပွဲနဲ့ သရက်သီးဖျော်ရည်လေး မှာသောက်ခဲ့တယ်။

ကွေ့တီယို ဆိုင်တော်တော်များများ စားခဲ့ဖူးတဲ့ ကွေ့တီယို အကြိုက်၊ ကွေ့တီယိုခရေဇီတွေဆိုရင်တော့ ဒီဆိုင်လေးက ထင်သလောက် မှန်းချက်နဲ့နှမ်းထွက် သိပ်မကိုက်လောက်ပါဘူးနော်။

ပွဲပမာဏက အရည်ဆိုတော့ များတယ်။ ဝက်သားပြားလည်း အပြားကြီးကြီး ၅ပြားလောက်ပါတယ်။ အရည်လေးကလည်း ချက်ထားတာ သောက်ပျော်တယ် မဆိုးဘူး။ ဒါပေမယ့် ကွေ့တီယိုစားခဲ့တဲ့ထဲ ကန်စွန်းရိုးတွေများနေတာ၊ ငရုတ်သီးရဲရဲနဲ့ လေးလေးစပ်စပ်လို့ ကွေ့တီယိုကို အထင်မှားပြီး လာစားကြမယ့်သူတွေအတွက်တော့ စိတ်ကျေနပ်မှုဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါဘူး။

ဈေးနှုန်းလေးကလည်း ၂၂၀၀ ဆိုတော့ သာမန်ကွေ့တီယိုတစ်ပွဲထက်စာရင် ဈေးများသလားပဲနော့်။ ဒါပေမယ့် ကွေ့တီယိုကြိုက်တဲ့သူတွေ၊ ခံတွင်းရှင်းရှင်းစားချင်တဲ့သူတွေအတွက်တော့ တကူးတကလာပြီးစားဖူးကြည့်သင့်တဲ့ထဲပါပါတယ်။ နာမည်ကြီး တစ်ပွဲ ၇၀၀ ဝန်းကျင်နဲ့ တစ်လုတ်စာဆိုင်ကြီးထက်စာရင် အရသာပိုကောင်းပါတယ်။

အခရာကတော့ နောက်တခေါက်လမ်းကြုံရောက်ခဲ့ရင် ကြက်ပေါင်နဲ့ တခါလာဆွဲဦးမယ်လို့ အားခဲခဲ့ကြောင်းပါ။ သူနဲ့ တွဲဖက်လို့ လိုက်တဲ့အစပ်အဟပ်လေးက သရက်ဆီနဲ့ဖျော်တဲ့ ဖျော်ရည်ချဉ်ချဉ်လေး။ တစ်ခွက် ၆၀၀ နဲ့ စိတ်တိုင်းကျကျ သောက်ရတဲ့ထိကို အရသာကောင်းပါ့။ ဈေးလည်း မဆိုးဘူး။ လာချပေးတဲ့ခွက်ကလေးကအစ ချစ်စရာလေး။ ခွက်က နည်းနည်းညစ်ပတ်နေတာလေးတော့ မိမိ မကြိုက်မိပါနော်။

ဒီနေရာမှာ ရှိတာအကုန်ချ စားမဟလို့ ကြံရွယ်နေတဲ့ အစားတလိုင်းတွေ ကြက်ဥကင်ကိုပါ မှာပြီဆိုရင် စားသောက်စရာ အရသာပျက်သွားမှာစိုးလို့ နည်းနည်းညွှန်းပါရစေနော်။ ကွေ့တီယိုရဲ့ သဘောသဘာဝက အရည်မွှေးမွှေးခပ်ပေါ့ပေါ့လေးနဲ့ ခံတွင်းရှင်းရှင်း ရှလွတ်ရှလွတ်ဆိုပြီး စားရတာမျိုးလေ။ အဲ့ကွေ့တီယိုအရသာကိုက ပေါ့တာဆိုတော့ ကြက်ဥပေါင်းက အရင်ရောက်လာတဲ့အခါ ကွေ့တီယိုကို အရင်စားပြီးကုန်မှ ကြက်ဥပေါင်းဆက်စားဖို့ အကြံပေးချင်လို့ပါ။ ဘာလို့လဲဆို ကြက်ဥပေါင်းကအရသာလေး ခပ်လေးလေးနဲ့ဆိုတော့ သူ့ကိုစားပြီးမှ ကွေ့တီယိုစားမယ်ဆို ကွေ့တီယိုရဲ့ အရသာပျက်သွားမှာစိုးလို့ပါ။

အခရာစားခဲ့တော့ ကွေ့တီယိုစားရင်းကြက်ဥပေါင်းပါသွပ်တာ ကွေ့တီယိုပြန်စားတော့ ခပ်ပေါ့ပေါ့ကြီးဖြစ်သွားတယ်။ အဲ့ဒါကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် နာမည်ကြီးနေတဲ့ဆိုင်ဆိုတော့ တခေါက်လောက်တော့ မရောက်မဖြစ်သွားစားကြည့်ဖို့ ကွေ့တီယိုသမားတွေကို ညွှန်ပေးလိုက်တယ်နော်။

တော်ရုံသိပ်မကြိုက်ရင်တော့ ဝေးဝေးလံလံတကူးတကသွားစားဖို့ထိ မတိုက်တွန်းပါဘူးနော်။ ပုံမှန်အရသာပဲမို့ပါ။ ဒီလောက်ဆို အခရာက စားခဲ့တဲ့အရသာကို အရှိအရှိအတိုင်း အမှန်သေချာရေးပေးထားတာမို့ သွားစားဖို့ကြံနေသူတွေ ဒီReview လေးသေချာဖတ်ပြီးမှ သွားစားနိုင်ကြပါပြီလို့။

“SIAMM”ပါတဲ့နော်။ မနက် ၁၁ နာရီလောက်ကနေ ကုန်တဲ့အချိန်ထိရောင်းပါသတဲ့နော်။ ဘတ်စ်နဲ့ဆို စံရိပ်ငြိမ် ဂမုန်းပွင့်ကိုရောက်တဲ့ ဘယ် YBS မဆို စီးလို့ရပါတယ်လို့။

ချစ်လှစွာသော

FoodieEi (Akhayar)