[ZawGyi]

ဆိုင္လွလွေလးမွာ စားခ်င္စရာ ဦးေရႊ႐ိုးခ်က္တဲ့ လက္ရာ၊ ဦးေရႊ႐ိုး ခ်က္တဲ့ မနက္စာ။

ျမန္မာလူမ်ိဳးေတြဆိုတာက ဘယ္ဘိုစာ၊ ဘာေကာင္းေကာင္း မနက္ခင္းအိပ္ရာႏိုးခ်ိန္ေတာ့ ျမန္မာ့မနက္စာေလးစားလိုက္ရမွ အာသာေျပတဲ့ အမ်ိဳးေတြမဟုတ္လား?
ဘယ္အစားအစာေတြ ဘယ္လိုေပၚလာေပၚလာ ထမင္းေၾကာ္ပူပူေလးနဲ႔ အက်ရည္ေကာင္းေကာင္းႏွပ္ထားတဲ့ လက္ဖက္ရည္တစ္ခြက္ေလာက္ ကိုယ့္မနက္ခင္းေတြကို ဆြဲေဆာင္ႏိုင္မွာ မဟုတ္ပါဘူး။

ဒီလို မနက္စာ ေကာင္းေကာင္းကို အစံုရႏိုင္မယ္၊ က်န္းမာေရးနဲ႔လည္း ညီၫြတ္မယ္၊ သန္႔ျပန္႔ေနတဲ့အျပင္အဆင္နဲ႔ အဆင့္အတန္းမီမီစားဖို႔ ျမန္မာ့လက္ရာနဲ႔ မနက္စာအစံုရႏိုင္တဲ့ ခ်စ္စရာဆိုင္ေလးတစ္ဆိုင္ ရန္ကုန္မွာ တိုးလာပါၿပီတဲ့။

ဆိုင္ေလးက ေရႊ႐ိုး Tea House တဲ့ေနာ္။ Facebook ေပၚမွာ ဦးေရႊ႐ိုးလက္ရာေလးေတြဆိုၿပီး ေနရာယူလာတာမၾကာေသးပါဘူး။

ဆိုင္အျပင္ဆင္က ၂ထပ္ရွိၿပီး တစ္ဆိုင္လံုးကို Black and White Theme ေလးနဲ႔ လွလွေလး ဒီဇိုင္းဆြဲထားပါတယ္။ ေအာက္ထပ္ ဝင္ဝင္ျခင္း ဘယ္ဘက္ နံရံမွာေတာ့ ဒီဇိုင္းဆရာငယ္ငယ္ေလးရဲ႕ ေျပာင္ေျမာက္အထာက်လြန္းတဲ့ ဦးေရႊ႐ိုး ၃ ကိုယ္ခြဲကိုေတြ႕ႏိုင္ၿပီး တစ္ဖက္ျခမ္းနံရံမွာေတာ့ ျမန္မာ့ဓေလ့၊ျမန္မာ့စာဟန္ေလးေတြကို ေဘာင္ေလးေတြနဲ႔ ခ်ိတ္ထားတာ ေႂကြခ်င္စရာပါ။ အေပၚထပ္မွာေတာ့ လက္ဖက္ရည္ဆိုင္မွာထိုင္ရတဲ့ ပံုစံေလး ခင္းက်င္းထားပါတယ္။

ဦးဦးဖ်ားဖ်ား သတိထားမိတာ သန္႔ရွင္းမႈပါ။ အစားအေသာက္ေရာ၊ အျပင္အဆင္ေရာ သန္႔သန္႔ရွင္းရွင္း က်န္းမာေရးနဲ႔ ညီတယ္လို႔ ပထမဦးဆံုး ခံစားရေစပါတယ္။

အစားအေသာက္ေတြထဲမွာေတာ့ အႀကိဳက္တကာ့အႀကိဳက္ဆံုးဆို-

(၁) ပုစြန္ဆီထမင္းေၾကာ္
ထမင္းကို ပုစြန္ဆီဆမ္းၿပီး အသီး၊အရြက္၊ ၾကက္ဥေလးေတြနဲ႔ေၾကာ္ထားတဲ့ အရသာက ငယ္ငယ္က အိမ္မွာ အေမနယ္ေကြ်းခဲ့တဲ့ ထမင္းေလးကို ျပန္အမွတ္ရေစမွာပါ။ ပုစြန္ဆီနံ႔ေလးသင္းၿပီး ဆိမ့္ေမႊးေနတဲ့ ဒီထမင္းကေတာ့ ပမာဏအမ်ားႀကီး တစ္ပြဲဆို တစ္ပြဲေျပာင္သြားမယ့္အရသာပါ။ ၃၀၀၀ က်ပ္ပါ။

(၂) ပဲေခါက္ဆြဲ
ေခါက္ဆြဲသားအိအိေလးကို ပဲငံျပာရည္ေကာင္းေကာင္း အသားအိအိေလးနဲ႔ ကိုရီးယားစတိုင္မဟုတ္တဲ့ သူ႕နည္းလ်ာအသစ္နဲ႔ ခ်က္ထားတဲ့ပံုစံပါ။ ခ်ိဳျမျမေမႊးေမႊးေလးနဲ႔ စားေကာင္းပါတယ္။ ၂၅၀၀ က်ပ္ပါ။

(၃) ေခါက္ဆြဲေပါင္း
သူ႔တစ္ဆိုင္တည္းမွာပဲ ရႏိုင္တဲ့ အစားအစာပါ။ ဆန္ေခါက္ဆြဲ ကို အျပားလိုက္ ျဖန္႔ခင္း ၾကက္ဥအႏွစ္အလႊာလိုက္ဆမ္းၿပီး၊ အထဲက အသားတံုးေလးေတြနဲ႔ ေပါင္းထားတာပါ။ အေပၚကမွ ပဲအခ်ိဳရည္ျပန္ဆမ္းထားတာပါ။ သူလည္း ၂၅၀၀ က်ပ္ပါ။ လူႀကီးေတြအတြက္ ပိုသင့္ေတာ္ပါတယ္။

(၄) ဆိတ္စြပ္ပလာတာ
ဆိတ္စြပ္အနံ႔ေရာ အရသာေရာ အမွတ္ျပည့္ေပးပါတယ္။ ပဲကိုေၾကေနေအာင္ ခ်က္ထားၿပီး မဆလာႏိုင္နင္းတာကိုေတြ႕ရပါတယ္။ ပလာတာေလး နည္းနည္းဆီအိေနတာေလးပါပဲ။ စားေကာင္းလြန္းလို႔ ဆိတ္႐ိုးေလး နည္းနည္းပိုပါေစခ်င္မိတယ္။ သူက ၂၇၀၀ ပါ။

(၅) ဦးေရႊ႐ိုး ေဒၚမိုးသုပ္
နာမည္ေလးဆန္းလို႔ မွာၾကည့္တာ သူက ေခါက္ဆြဲနဲ႔ပဲၾကာဆံကို ျမန္မာ့လက္သုပ္ပံုစံေလးသုပ္ထားတာပါ။ ေမႊးေမႊးဆိမ့္ဆိမ့္ေလးနဲ႔ စားေကာင္းတယ္။ ၁၈၀၀ က်ပ္ပါ။

ေနာက္ ႀကိဳက္လြန္းတာကေတာ့ လက္ဖက္ရည္ပါ။ သူ႕ထူးျခားခ်က္က မွာမွ အက်ရည္ကို ေသေသခ်ာခ်ာႏွပ္ၿပီး Drip Coffee ဆန္ဆန္ စနစ္တက်အရသာဝင္ေအာင္ေဖ်ာ္ေပးတာပါ။ လူႀကီးႀကိဳက္၊ လူငယ္ႀကိဳက္ အရသာပါ။ လက္ဖက္ေျခာက္ရဲ႕ လတ္ဆတ္မႈပါခံစားရပါတယ္။ တစ္ခြက္မွ ၈၀၀ က်ပ္ပါတဲ့။

စားခ်င္တာစားၿပီး ကယ္လိုရီက်၊ အအီေျပခ်င္သူေတြအတြက္ေတာ့ အသီးစစ္စစ္ေတြနဲ႔ခ်ည္း ဘာသၾကား၊ ဘာတျခားအေရာအေႏွာမွမပါတဲ့ Detox Juice စစ္စစ္ေတြရပါတယ္။ ထင္ထားတဲ့အရသာက ေပါ့ရႊတ္ရႊတ္အဖတ္ေတြနဲ႔ထင္ခဲ့တာ ေသာက္ၾကည့္မွခ်ိဳခ်ဥ္ရွိန္းေမႊး ေသာက္ေကာင္းခ်က္။

သူ႔အျပင္အဆင္နဲ႔ သူ႔ေစ်းနႈန္းဆို ရန္ကုန္က နာမည္ႀကီး ေစ်းႀကီးႀကီးဆိုင္ေတြလက္ရာအတိုင္း၊ သန္႔ရွင္းမႈအတိုင္း ထပ္တူက်ေအာင္ ဖန္တီးထားၿပီး ေစ်းႏႈန္းကိုေတာ့ လူတိုင္းစားႏိုင္ေအာင္ စီစဥ္ေပးထားတာ သေဘာက်စရာပါ။ က်န္းမာသန္႔ရွင္းတဲ့ ျမန္မာ့လက္ရာစစ္စစ္ကို စားရတာမို႔ ေက်နပ္စရာပါ။

အၾကံေပးရရင္ေတာ့ နန္းႀကီးသုပ္တို႔လိုမ်ိဳး တစ္ခုတစ္ေလက် အရသာပိုင္း ေသခ်ာျပန္စစ္ၿပီး အစားအစာအားလံုးကို တစ္ခုစီတိုင္း အရသာေကာင္းေစခ်င္ပါတယ္။ လူစည္ကားတဲ့ပတ္ဝန္းက်င္မို႔ ျခင္၊ ယင္ အားလံုး ဂ႐ုစိုက္ေစခ်င္ပါတယ္။ က်န္တာကေတာ့ ေနာက္တေခါက္ ထပ္လာစားခ်င္မိတဲ့ ဆိုင္ေလးပါ။

လ္ပ္စာကေတာ့ အမွတ္ ၁၈၁၊ အေနာ္ရထာလမ္း၊ လမ္းမေတာ္ၿမိဳ႕နယ္၊ ရန္ကုန္ပါ။ စံျပမွတ္တိုင္အနားမွာေနာ္။

မနက္ ၆ နာရီမွ ည ၁၀ နာရီထိ ဖြင့္ပါတယ္ေနာ္။

[Unicode]

ဆိုင်လှလှလေးမှာ စားချင်စရာ ဦးရွှေရိုးချက်တဲ့ လက်ရာ၊ ဦးရွှေရိုး ချက်တဲ့ မနက်စာ။

မြန်မာလူမျိုးတွေဆိုတာက ဘယ်ဘိုစာ၊ ဘာကောင်းကောင်း မနက်ခင်းအိပ်ရာနိုးချိန်တော့ မြန်မာ့မနက်စာလေးစားလိုက်ရမှ အာသာပြေတဲ့ အမျိုးတွေမဟုတ်လား?
ဘယ်အစားအစာတွေ ဘယ်လိုပေါ်လာပေါ်လာ ထမင်းကြော်ပူပူလေးနဲ့ အကျရည်ကောင်းကောင်းနှပ်ထားတဲ့ လက်ဖက်ရည်တစ်ခွက်လောက် ကိုယ့်မနက်ခင်းတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။

ဒီလို မနက်စာ ကောင်းကောင်းကို အစုံရနိုင်မယ်၊ ကျန်းမာရေးနဲ့လည်း ညီညွတ်မယ်၊ သန့်ပြန့်နေတဲ့အပြင်အဆင်နဲ့ အဆင့်အတန်းမီမီစားဖို့ မြန်မာ့လက်ရာနဲ့ မနက်စာအစုံရနိုင်တဲ့ ချစ်စရာဆိုင်လေးတစ်ဆိုင် ရန်ကုန်မှာ တိုးလာပါပြီတဲ့။

ဆိုင်လေးက ရွှေရိုး Tea House တဲ့နော်။ Facebook ပေါ်မှာ ဦးရွှေရိုးလက်ရာလေးတွေဆိုပြီး နေရာယူလာတာမကြာသေးပါဘူး။

ဆိုင်အပြင်ဆင်က ၂ထပ်ရှိပြီး တစ်ဆိုင်လုံးကို Black and White Theme လေးနဲ့ လှလှလေး ဒီဇိုင်းဆွဲထားပါတယ်။ အောက်ထပ် ဝင်ဝင်ခြင်း ဘယ်ဘက် နံရံမှာတော့ ဒီဇိုင်းဆရာငယ်ငယ်လေးရဲ့ ပြောင်မြောက်အထာကျလွန်းတဲ့ ဦးရွှေရိုး ၃ ကိုယ်ခွဲကိုတွေ့နိုင်ပြီး တစ်ဖက်ခြမ်းနံရံမှာတော့ မြန်မာ့ဓလေ့၊မြန်မာ့စာဟန်လေးတွေကို ဘောင်လေးတွေနဲ့ ချိတ်ထားတာ ကြွေချင်စရာပါ။ အပေါ်ထပ်မှာတော့ လက်ဖက်ရည်ဆိုင်မှာထိုင်ရတဲ့ ပုံစံလေး ခင်းကျင်းထားပါတယ်။

ဦးဦးဖျားဖျား သတိထားမိတာ သန့်ရှင်းမှုပါ။ အစားအသောက်ရော၊ အပြင်အဆင်ရော သန့်သန့်ရှင်းရှင်း ကျန်းမာရေးနဲ့ ညီတယ်လို့ ပထမဦးဆုံး ခံစားရစေပါတယ်။

အစားအသောက်တွေထဲမှာတော့ အကြိုက်တကာ့အကြိုက်ဆုံးဆို-

(၁) ပုစွန်ဆီထမင်းကြော်
ထမင်းကို ပုစွန်ဆီဆမ်းပြီး အသီး၊အရွက်၊ ကြက်ဥလေးတွေနဲ့ကြော်ထားတဲ့ အရသာက ငယ်ငယ်က အိမ်မှာ အမေနယ်ကျွေးခဲ့တဲ့ ထမင်းလေးကို ပြန်အမှတ်ရစေမှာပါ။ ပုစွန်ဆီနံ့လေးသင်းပြီး ဆိမ့်မွှေးနေတဲ့ ဒီထမင်းကတော့ ပမာဏအများကြီး တစ်ပွဲဆို တစ်ပွဲပြောင်သွားမယ့်အရသာပါ။ ၃၀၀၀ ကျပ်ပါ။

(၂) ပဲခေါက်ဆွဲ
ခေါက်ဆွဲသားအိအိလေးကို ပဲငံပြာရည်ကောင်းကောင်း အသားအိအိလေးနဲ့ ကိုရီးယားစတိုင်မဟုတ်တဲ့ သူ့နည်းလျာအသစ်နဲ့ ချက်ထားတဲ့ပုံစံပါ။ ချိုမြမြမွှေးမွှေးလေးနဲ့ စားကောင်းပါတယ်။ ၂၅၀၀ ကျပ်ပါ။

(၃) ခေါက်ဆွဲပေါင်း
သူ့တစ်ဆိုင်တည်းမှာပဲ ရနိုင်တဲ့ အစားအစာပါ။ ဆန်ခေါက်ဆွဲ ကို အပြားလိုက် ဖြန့်ခင်း ကြက်ဥအနှစ်အလွှာလိုက်ဆမ်းပြီး၊ အထဲက အသားတုံးလေးတွေနဲ့ ပေါင်းထားတာပါ။ အပေါ်ကမှ ပဲအချိုရည်ပြန်ဆမ်းထားတာပါ။ သူလည်း ၂၅၀၀ ကျပ်ပါ။ လူကြီးတွေအတွက် ပိုသင့်တော်ပါတယ်။

(၄) ဆိတ်စွပ်ပလာတာ
ဆိတ်စွပ်အနံ့ရော အရသာရော အမှတ်ပြည့်ပေးပါတယ်။ ပဲကိုကြေနေအောင် ချက်ထားပြီး မဆလာနိုင်နင်းတာကိုတွေ့ရပါတယ်။ ပလာတာလေး နည်းနည်းဆီအိနေတာလေးပါပဲ။ စားကောင်းလွန်းလို့ ဆိတ်ရိုးလေး နည်းနည်းပိုပါစေချင်မိတယ်။ သူက ၂၇၀၀ ပါ။

(၅) ဦးရွှေရိုး ဒေါ်မိုးသုပ်
နာမည်လေးဆန်းလို့ မှာကြည့်တာ သူက ခေါက်ဆွဲနဲ့ပဲကြာဆံကို မြန်မာ့လက်သုပ်ပုံစံလေးသုပ်ထားတာပါ။ မွှေးမွှေးဆိမ့်ဆိမ့်လေးနဲ့ စားကောင်းတယ်။ ၁၈၀၀ ကျပ်ပါ။

နောက် ကြိုက်လွန်းတာကတော့ လက်ဖက်ရည်ပါ။ သူ့ထူးခြားချက်က မှာမှ အကျရည်ကို သေသေချာချာနှပ်ပြီး Drip Coffee ဆန်ဆန် စနစ်တကျအရသာဝင်အောင်ဖျော်ပေးတာပါ။ လူကြီးကြိုက်၊ လူငယ်ကြိုက် အရသာပါ။ လက်ဖက်ခြောက်ရဲ့ လတ်ဆတ်မှုပါခံစားရပါတယ်။ တစ်ခွက်မှ ၈၀၀ ကျပ်ပါတဲ့။

စားချင်တာစားပြီး ကယ်လိုရီကျ၊ အအီပြေချင်သူတွေအတွက်တော့ အသီးစစ်စစ်တွေနဲ့ချည်း ဘာသကြား၊ ဘာတခြားအရောအနှောမှမပါတဲ့ Detox Juice စစ်စစ်တွေရပါတယ်။ ထင်ထားတဲ့အရသာက ပေါ့ရွှတ်ရွှတ်အဖတ်တွေနဲ့ထင်ခဲ့တာ သောက်ကြည့်မှချိုချဉ်ရှိန်းမွှေး သောက်ကောင်းချက်။

သူ့အပြင်အဆင်နဲ့ သူ့ဈေးနှုန်းဆို ရန်ကုန်က နာမည်ကြီး ဈေးကြီးကြီးဆိုင်တွေလက်ရာအတိုင်း၊ သန့်ရှင်းမှုအတိုင်း ထပ်တူကျအောင် ဖန်တီးထားပြီး ဈေးနှုန်းကိုတော့ လူတိုင်းစားနိုင်အောင် စီစဉ်ပေးထားတာ သဘောကျစရာပါ။ ကျန်းမာသန့်ရှင်းတဲ့ မြန်မာ့လက်ရာစစ်စစ်ကို စားရတာမို့ ကျေနပ်စရာပါ။

အကြံပေးရရင်တော့ နန်းကြီးသုပ်တို့လိုမျိုး တစ်ခုတစ်လေကျ အရသာပိုင်း သေချာပြန်စစ်ပြီး အစားအစာအားလုံးကို တစ်ခုစီတိုင်း အရသာကောင်းစေချင်ပါတယ်။ လူစည်ကားတဲ့ပတ်ဝန်းကျင်မို့ ခြင်၊ ယင် အားလုံး ဂရုစိုက်စေချင်ပါတယ်။ ကျန်တာကတော့ နောက်တခေါက် ထပ်လာစားချင်မိတဲ့ ဆိုင်လေးပါ။

လ်ပ်စာကတော့ အမှတ် ၁၈၁၊ အနော်ရထာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်ပါ။ စံပြမှတ်တိုင်အနားမှာနော်။

မနက် ၆ နာရီမှ ည ၁၀ နာရီထိ ဖွင့်ပါတယ်နော်။