[Zawgyi]

Mrs. Universe 2018 ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံကိုယ္စားျပဳ ေရႊသီရီေခတ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္

အိမ္ေထာင္ရွင္အလွမယ္ၿပိဳင္ပြဲႀကီးတစ္ခုျဖစ္တဲ့ Mrs. Universe 2018 ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံမွ အိမ္ေထာင္ရွင္တစ္ဦးျဖစ္တဲ့ ေရႊသီရီေခတ္က ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။ ၿပိဳင္ပြဲဝင္ ေရႊသီရီေခတ္ကို ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ Style Plus H မွ ND ေဒၚလွႏုထြန္းက ေရြးခ်ယ္ခဲ့တာျဖစ္ၿပီး၊ သရဖူခ်ီးျမွင့္ပြဲအခမ္းအနားကုိ ဇန္နဝါရီလ၃၀ရက္ေန႔က ဆူးေလရွန္ဂရီလာဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

Mrs. Universe 2018 ၿပိဳင္ပြဲရဲ႕ရည္ရြယ္ခ်က္မွာ ျပည္တြင္းအၾကမ္းဖက္မႈေတြကို တိုက္ဖ်က္ဖို႔အတြက္ လႈပ္ရွားတဲ့ၿပိဳင္ပြဲတစ္ခုျဖစ္ေၾကာင္းကိုလည္း “ ဒီၿပိဳင္ပြဲရဲ႕ေခါင္းစဥ္ကလည္း Domastic Violence(ျပည္တြင္း အၾကမ္းဖက္မႈ) ျဖစ္ေနတဲ့အတြက္ ကိုယ့္ရဲ႕ခံယူခ်က္နဲ႔ကလည္း တိုက္ဆိုင္မႈရွိေနတဲ့အတြက္ဝင္ၿပိဳင္ျဖစ္တာပါ။ အိမ္ေထာင္ရွင္အမ်ိဳးသမီးျဖစ္သြားေပမယ့္ ဒီထက္အမ်ားႀကီးတိုးတက္ဖို႔ လမ္းစေတြရွိႏိုင္ေသးတယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္လည္းပါတယ္။ အေရွ႕ကသြားၿပိဳင္ခဲ့တဲ့သူေတြဆီကေန ပညာေတြအေတြ႕အႀကံဳေတြ အမ်ားႀကီးယူရမွာျဖစ္ပါတယ္။ တီခ်ယ္လွႏုထြန္းဆိုရင္ စည္းမ်ဥ္းစည္းကမ္းနဲ႔ပတ္သက္တာေတြ ကိုယ့္ဘက္ကျပင္ဆင္ရမယ့္အပိုင္းေတြကို ေျပာျပေပးမွာျဖစ္ပါတယ္” လို႔ ေရႊသီရီေခတ္ကေျပာပါတယ္။

သူမဟာဆိုရင္ Amara Khit Clothing ရဲ႕ Founder & Managing Director တစ္ဦးျဖစ္တဲ့အတြက္ National Costume ပိုင္းနဲ႔ပတ္သက္ၿပီး ဒီဇိုင္းသံုး၊ ေလးမ်ိဳးစဥ္းစားထားေၾကာင္း ၿပိဳင္ပြဲမွာ အေကာင္း ဆံုးျဖစ္ေအာင္ႀကိဳးစားၿပီး ယွဥ္ၿပိဳင္သြားမွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ “National Costume ကိုမိတ္ကပ္ခရစ္နဲ႔တိုင္ပင္ၿပီးေတာ့ ဒီဇိုင္းဆြဲထားတယ္။ အဲဒါကေတာ့ တအားႀကီး ေက်ာ္ၾကားၿပီးသား အထင္ကရျဖစ္တာေတြကို လုပ္တာထက္ လူေတြေမ့ေနတာပဲျဖစ္ျဖစ္ သိပ္သတိမထားမိတာပဲျဖစ္ျဖစ္ အဲ့ဒါမ်ိဳးေလးေတြကို ျပန္လည္ေဖာ္ထုတ္ၿပီး လုပ္ဖို႔အတြက္ႀကိဳးစားေနပါတယ္” လို႔ National Costume ဖန္တီးမႈနဲ႔ပတ္သက္ၿပီးေတာ့ ေရႊသီရီေခတ္ကေျပာပါတယ္။

Photo Credit:My Dream Wedding Dress Studio

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Mrs. Universe 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ရွှေသီရီခေတ် ဝင်ရောက်ယှဉ်ပြိုင်မယ်

အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ Mrs. Universe 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ထောင်ရှင်တစ်ဦးဖြစ်တဲ့ ရွှေသီရီခေတ်က ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ရွှေသီရီခေတ်ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Style Plus H မှ ND ဒေါ်လှနုထွန်းက ရွေးချယ်ခဲ့တာဖြစ်ပြီး၊ သရဖူချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ၃၀ရက်နေ့က ဆူးလေရှန်ဂရီလာဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Mrs. Universe 2018 ပြိုင်ပွဲရဲ့ရည်ရွယ်ချက်မှာ ပြည်တွင်းအကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့အတွက် လှုပ်ရှားတဲ့ပြိုင်ပွဲတစ်ခုဖြစ်ကြောင်းကိုလည်း “ ဒီပြိုင်ပွဲရဲ့ခေါင်းစဉ်ကလည်း Domastic Violence(ပြည်တွင်း အကြမ်းဖက်မှု) ဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့ခံယူချက်နဲ့ကလည်း တိုက်ဆိုင်မှုရှိနေတဲ့အတွက်ဝင်ပြိုင်ဖြစ်တာပါ။ အိမ်ထောင်ရှင်အမျိုးသမီးဖြစ်သွားပေမယ့် ဒီထက်အများကြီးတိုးတက်ဖို့ လမ်းစတွေရှိနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်လည်းပါတယ်။ အရှေ့ကသွားပြိုင်ခဲ့တဲ့သူတွေဆီကနေ ပညာတွေအတွေ့အကြုံတွေ အများကြီးယူရမှာဖြစ်ပါတယ်။ တီချယ်လှနုထွန်းဆိုရင် စည်းမျဉ်းစည်းကမ်းနဲ့ပတ်သက်တာတွေ ကိုယ့်ဘက်ကပြင်ဆင်ရမယ့်အပိုင်းတွေကို ပြောပြပေးမှာဖြစ်ပါတယ်” လို့ ရွှေသီရီခေတ်ကပြောပါတယ်။

သူမဟာဆိုရင် Amara Khit Clothing ရဲ့ Founder & Managing Director တစ်ဦးဖြစ်တဲ့အတွက် National Costume ပိုင်းနဲ့ပတ်သက်ပြီး ဒီဇိုင်းသုံး၊ လေးမျိုးစဉ်းစားထားကြောင်း ပြိုင်ပွဲမှာ အကောင်း ဆုံးဖြစ်အောင်ကြိုးစားပြီး ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ “National Costume ကိုမိတ်ကပ်ခရစ်နဲ့တိုင်ပင်ပြီးတော့ ဒီဇိုင်းဆွဲထားတယ်။ အဲဒါကတော့ တအားကြီး ကျော်ကြားပြီးသား အထင်ကရဖြစ်တာတွေကို လုပ်တာထက် လူတွေမေ့နေတာပဲဖြစ်ဖြစ် သိပ်သတိမထားမိတာပဲဖြစ်ဖြစ် အဲ့ဒါမျိုးလေးတွေကို ပြန်လည်ဖော်ထုတ်ပြီး လုပ်ဖို့အတွက်ကြိုးစားနေပါတယ်” လို့ National Costume ဖန်တီးမှုနဲ့ပတ်သက်ပြီးတော့ ရွှေသီရီခေတ်ကပြောပါတယ်။

Photo Credit:My Dream Wedding Dress Studio

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။