[Zawgyi]
အနုပညာသက်အရမ်းနုသေးလို့ သရုပ်ဆောင်တဲ့အပိုင်းမှာ အများကြီးလိုပါသေးတယ်ဆိုတဲ့ ရွှေသမီး
www.akhayar.com
[Unicode]
အနုပညာသက်အရမ်းနုသေးလု့ိ သရုပ်ဆောင်တဲ့အပိုင်းမှာ အများကြီးလိုပါသေးတယ်ဆိုတဲ့ ရွှေသမီး
အနုပညာပျိုးခင်းအစီအစဉ်ကနေ ပရိသတ်လက်ခံအားပေးလာခဲ့တဲ့ သရုပ်ဆောင်ရွှေသမီးက အနုပညာသက်တမ်းအရမ်းနုသေးတဲ့အတွက် သရုပ်ဆောင်ရတဲ့အပိုင်းမှာ အများကြီးလိုအပ်ပါသေးတယ်လို့ပြောပါတယ်။ လတ်တလောမှာတော့ သရုပ်ဆောင်ရွှေသမီးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ဆက်တိုက်ဆိုသလိုရုံတင်နေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖို့အစီအစဉ်ရှိတယ်လို့လည်း ရွှေသမီးကပြောပါတယ်။
“လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ “Taxi” ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်မှာပါ။ ပရိသတ်ကို ထူးထူးဆန်းဆန်းတင်ဆက်သွားချင်တဲ့အတွက် ဇာတ်ကောင်တွေကိုသေချာရွေးတယ်။ မလုပ်ဖူးသေးတဲ့ဇာတ်ကောင်လေးတွေလည်း ရိုက်ကူးဖို့ရှိပါတယ်။ကိုယ့်အသက်အရွယ်မဟုတ်ပဲ ကြီးရင့်နေတဲ့ ကာရိုက်တာမျိုးတွေလည်းရှိမယ်။ မိခင်မေတ္တာဇာတ်လမ်းလေးတွေလည်း ရှိမယ်။ ညီမအနေနဲ့ပြောရရင်တော့ အနုပညာသက်တမ်းက အတော်လေးကိုနည်းပါသေးတယ်။ သရုပ်ဆောင်ပိုင်းမှာရော စကားပြောတဲ့နေရာမှာရော အများကြီးပဲလိုနေပါသေးတယ်။ အဲဒီဟာလေးတွေကိုတော့ ကြိုးစားပြီးတော့ ပြင်ဆင်နေပါတယ်။ ဖြည့်စွက်နေပါတယ်။ အနုပညာသက်တမ်းကတော့ ၃ နှစ်ကျော်ပြီ။ အနုပညာပျိုးခင်းနဲ့လည်း လက်တွဲလာတာ ကံကောင်းချင်တော့ ကိုယ်ရိုက်ချင်တဲ့ဇာတ်ကောင်တွေ ရိုက်ခွင့်ရနေပါတယ်။ အားရကျေနပ်မှုရှိပါတယ်” လို့ ရွှေသမီးကပြောပါတယ်။ မကြာခင်မှာရုံတင်ပြသတော့မယ့် “နယူးဗားရှင်း”ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း သရုပ်ဆောင်ရွှေသမီးက ပါဝင်သရုပ်ဆောင်ထား ပါသေးတယ်။
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။