[Zawgyi]




ရွှေမှုံရတီဟာ အလုပ်တွေကြိုးစားပြီး မိသားစုကို ထောက်ပံ့နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို အသက်သာငယ်ပေမယ့်လည်း သူမရဲ့ အနုပညာအရည်အသွေး ကတော့ ပါရမီပါတယ်လို့ကို ဆိုရလောက်အောင် သရုပ်ကောင်းသူတစ်ဦးဖြစ်ပါတယ်။


ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

ရွှေမှုံအတွက် မျက်လုံးလေးတွေ ပြတင်းပေါက် ဖြစ်စေသူကဘယ်သူများလဲ

ရွှေမှုံရတီ က သူမအတွက် ခွန်အားဖြစ်စေတဲ့ သူတစ်ယောက်ကို ရည်ရွယ်ပြီးတော့ “အမြဲခံစားချက်တွေ အပြည့်နဲ့လှောင်ပိတ်နေတဲ့ ကျွန်မအတွက်တော့ သူ့မျက်လုံးလေးတွေက ပြတင်းပေါက်တစ်ခုပဲ Cc” ဆိုတဲ့ စာလေးကို သူမရဲ့လူမှုကွန်ရက် မှာ ရေးသားခဲ့တာကို တွေ့ရပါတယ်။

အခုလိုရေးထားတဲ့ အတွက် Comment တချို့ကလည်း ဘယ်သူ့ကို ပြောလဲ ဆိုတာကို သိချင်နေကြပါတယ်။ မင်းသမီး ကတော့ သူ့စိတ်ခံစားချက်တွေ အတွက် ဖွင့်ပြောခဲ့ပေမယ့်လည်း ဘယ်သူဘယ်ဝါကိုပြောထားတယ် ဆိုတာကို တော့ ပဟေဠိတစ်ခုပဲဖြစ်ပါတယ်။

ရွှေမှုံရတီဟာ အလုပ်တွေကြိုးစားပြီး မိသားစုကို ထောက်ပံံ့နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို အသက်သာငယ်ပေမယ့်လည်း သူမရဲ့အနုပညာအရည်အသွေး ကတော့ ပါရမီပါတယ်လို့ကို ဆိုရလောက်အောင် သရုပ်ကောင်းသူတစ်ဦးဖြစ်ပါတယ်။

ငဒူရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ထားပြီး ဟာသ ဆိုရင် ဟာသ ၊ အလွမ်းအဆွေး ဆိုရင် အလွမ်းအဆွေးကို လည်း ပိုင်နိုင်စွာ သရုပ်ဆောင်တတ်သူတစ်ဦး ဖြစ်သလို ပရိသတ်ရဲ့စိတ်ဝင်စား မှုကို အမြဲတမ်းရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Shwe Mhone Yati Facebook(Amazing Grace)

www.akhayar.com