[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ကိုယ်ပိုင်ထုတ်လုပ်ရေး က ရိုက်ကူးသွားမယ့်ဇာတ်ကားအကြောင်းပြောပြခဲ့တဲ့ ရွှေမှုံရတီ

ရွှေမှုံရတီကသူမရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးကနေပြီး ပထမဆုံးရိုက်ကူးသွားမယ့် ဇာတ်ကားနဲ့ပတ်သက်လို့ အခုလိုပြောပြခဲ့တာဖြစ်ပါတယ်။

“ကိုယ်ပိုင်ထုတ်လုပ်ရေး ကနေပြီးတော့ ဇာတ်ကားရိုက်သွားဖို့ရှိပါတယ်။ ဇွန်လ ထဲမှာစတင်ရိုက်ကူးဖို့လည်း စီစဉ်ထားပြီးပါပြီ။ ရိုက်ကူးရေးကိုတော့ ပြင်ဦးလွင်မှာ လုပ်ဖို့ရည်ရွယ်ထားပါတယ်ဟာသဇာတ်ကားလေးပါပဲ။ ဇာတ်ကားထဲမှာတော့ မကြီးစိုး ရယ် မခိုင်လေး ရယ်ပါပါတယ် မင်းသားကတော့ကို အောင်ရဲလင်းပါ။

အဓိကကတော့အမေနဲ့ဒါရိုက်တာကစီစဉ်တဲ့အတိုင်းရိုက်မှာပါ။ သဲကဒီဇာတ်ကားမှာ မင်းသမီးတစ်ယောက်အနေနဲ့ပဲပါဝင်မှာပါ။ ထုတ်လုပ်သူကတော့အမေပေါ့နော်။ ဒါက သဲတို့ထုတ်လုပ်ရေးအနေနဲ့ ပွဲဦးထွက်ဇာတ်ကားလေးပေါ့နော်။

အခြားဇာတ်ကားတွေကိုလည်းမျှအောင်ရိုက်ကူးသွားမှာပါ။အမေ့ကိုလည်းပြောပါတယ် အမေကလည်းစီစဉ်ထားတာတွေရှိပါတယ်။ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီးတော့တရားဝင်လည်း မီဒီယာတွေနဲ့ကြော်ငြာသွားဖို့တွေ ရှိပါတယ်”လို့ပြောပြခဲ့တာဖြစ်ပါတယ်။

Photo Credit:Shwe Mhone Yati Facebook(Amazing Grace)

ကြည်သာ (Akhayar)

www.akhayar.com