[Zawgyi]

အတိအလင္းဖြင့္ေျပာလုနီးပါး ျဖစ္လာတဲ့ ေရႊမႈံရတီနဲ႔ ေရႊထူးတို႔ရဲ႕ အခ်စ္ေရး

လတ္တေလာေခတ္စားေနတဲ့ မင္းသမီးေလးေရႊမႈန္ရတီနဲ႔ ေရႊထူးတို႔ရဲ႕ အခ်စ္ေရးကို မီဒီယာေတြေရာ၊ ပရိသတ္ေတြပါ စိတ္ဝင္စားေနျပီး လိုက္ေမးေနတဲ့အခ်ိန္မွာ ေရႊမႈံရတီဘက္က “ေစာင့္ၾကည့္ပါဦး” လို႔ မယုတ္မလြန္ေျပာထားျပီး ေရႊထူးကေတာ့ မတုန္မလႈပ္ႏႈတ္ဆိတ္ေနပါတယ္။

ဒီအခ်ိန္ဟာ သတင္းေတြကလည္း ပြ၊ သေဘာမက်တဲ့ ပရိသတ္ေတြကလည္း ရွိေတာ့ ေရႊမႈံနဲ႔ ေရႊထူးဘက္က ဘာမွ ထင္ျမင္ခ်က္မေပးတာ သဘာဝက်ပါတယ္။ ထုတ္ေဖာ္မေျပာတာပဲ မရွိေပမယ့္ အေျခအေနကေတာ့ တေန႔တျခား ပြင့္လင္းျမင္သာလာျပီလို႔ ေျပာလုိ႔ရပါတယ္။

ေရႊထူးဟာ ျပီးခဲ့တဲ့ ၾသဂုတ္လ ၂၁ ရက္ အဂါၤေန႔တုန္းက “She” ဆိုတဲ့ Caption ေလးနဲ႔ ေရႊမႈံရတီပံုကို သူ႔ Account မွာ တင္ခဲ့သလို

ေရႊထူးအေကာင့္မွာ တင္ထားတဲ့ ေရႊမႈံပံု

ေအာက္မွာလည္း ဒီလိုေလး “ခ်စ္တဲ့စိတ္တစ္ခုသာ..မည္သူ႔ကိုမွ ေစာ္ကားလိုစိတ္မရွိပါ..အားရေအာင္ဆဲျပီးရင္ ျပန္ခ်စ္ေပးပါ…ဆဲသမွ် ခံပါမယ္” လို႔ ပရိသတ္ကို ႏွစ္သိမ့္ထားပါတယ္။

ေရႊမႈံေလးဘက္ကလည္း အားက်မခံ ဒီေန႔ပဲ ဒီစာေလးနဲ႔ ဒီပံုေလးကို သူ႔ Account မွာ ျပန္တင္ခဲ့ျပန္ပါတယ္။

ေရႊမႈံေဘးက ေျခေထာက္ပိုင္ရွင္ဟာ ေရႊထူးဆိုတာ ေျပာစရာမလိုေအာင္ သိျပီးသားျဖစ္မွာပါ။ သူတို႔ႏွစ္ေယာက္ဟာ ေရႊမႈံပံုေအာက္က Comment မွာလည္း ဒီလိုေလးေတြ ေျပာထားၾကပါတယ္။

“တေလာကလံုးမုန္းေနတဲ့အခ်ိန္မွာ ခ်စ္ေနေပးေသးလို႔ အာဘြားတစ္သိန္းပါ” ဆိုတဲ့ ေရႊထူးရဲ႕ Talkie က ေကာင္းလွသလို ေရႊမႈံရတီကလည္း “မသိဘူးခ်စ္တယ္” လို႔ တံု႔ျပန္လုိက္ပါတယ္။

သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးက တျဖည္းျဖည္းနဲ႔ ပြင့္လင္းျမင္သာလာတာမို႔ ဘယ္ေတာ့မ်ား ႏွစ္ေယာက္တြဲျပီး ပြဲေတြ တက္ၾကေလမလဲဆိုတာ ပရိသတ္ၾကီးကလည္း စိတ္ဝင္စားေနၾကပါတယ္။

www.akhayar.com

Photo Credit : Shwe Mhone Yati & Shwe Htoo’s Facebook Account
[Unicode]

အတိအလင်းဖွင့်ပြောလုနီးပါး ဖြစ်လာတဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ အချစ်ရေး

လတ်တလောခေတ်စားနေတဲ့ မင်းသမီးလေးရွှေမှုန်ရတီနဲ့ ရွှေထူးတို့ရဲ့ အချစ်ရေးကို မီဒီယာတွေရော၊ ပရိသတ်တွေပါ စိတ်ဝင်စားနေပြီး လိုက်မေးနေတဲ့အချိန်မှာ ရွှေမှုံရတီဘက်က “စောင့်ကြည့်ပါဦး” လို့ မယုတ်မလွန်ပြောထားပြီး ရွှေထူးကတော့ မတုန်မလှုပ်နှုတ်ဆိတ်နေပါတယ်။

ဒီအချိန်ဟာ သတင်းတွေကလည်း ပွ၊ သဘောမကျတဲ့ ပရိသတ်တွေကလည်း ရှိတော့ ရွှေမှုံနဲ့ ရွှေထူးဘက်က ဘာမှ ထင်မြင်ချက်မပေးတာ သဘာဝကျပါတယ်။ ထုတ်ဖော်မပြောတာပဲ မရှိပေမယ့် အခြေအနေကတော့ တနေ့တခြား ပွင့်လင်းမြင်သာလာပြီလို့ ပြောလို့ရပါတယ်။

ရွှေထူးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက် အဂါၤနေ့တုန်းက “She” ဆိုတဲ့ Caption လေးနဲ့ ရွှေမှုံရတီပုံကို သူ့ Account မှာ တင်ခဲ့သလို

ရွှေထူးအကောင့်မှာ တင်ထားတဲ့ ရွှေမှုံပုံ

အောက်မှာလည်း ဒီလိုလေး “ချစ်တဲ့စိတ်တစ်ခုသာ..မည်သူ့ကိုမှ စော်ကားလိုစိတ်မရှိပါ..အားရအောင်ဆဲပြီးရင် ပြန်ချစ်ပေးပါ…ဆဲသမျှ ခံပါမယ်” လို့ ပရိသတ်ကို နှစ်သိမ့်ထားပါတယ်။

ရွှေမှုံလေးဘက်ကလည်း အားကျမခံ ဒီနေ့ပဲ ဒီစာလေးနဲ့ ဒီပုံလေးကို သူ့ Account မှာ ပြန်တင်ခဲ့ပြန်ပါတယ်။

ရွှေမှုံဘေးက ခြေထောက်ပိုင်ရှင်ဟာ ရွှေထူးဆိုတာ ပြောစရာမလိုအောင် သိပြီးသားဖြစ်မှာပါ။ သူတို့နှစ်ယောက်ဟာ ရွှေမှုံပုံအောက်က Comment မှာလည်း ဒီလိုလေးတွေ ပြောထားကြပါတယ်။

“တလောကလုံးမုန်းနေတဲ့အချိန်မှာ ချစ်နေပေးသေးလို့ အာဘွားတစ်သိန်းပါ” ဆိုတဲ့ ရွှေထူးရဲ့ Talkie က ကောင်းလှသလို ရွှေမှုံရတီကလည်း “မသိဘူးချစ်တယ်” လို့ တုံ့ပြန်လိုက်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက တဖြည်းဖြည်းနဲ့ ပွင့်လင်းမြင်သာလာတာမို့ ဘယ်တော့များ နှစ်ယောက်တွဲပြီး ပွဲတွေ တက်ကြလေမလဲဆိုတာ ပရိသတ်ကြီးကလည်း စိတ်ဝင်စားနေကြပါတယ်။

www.akhayar.com

Photo Credit : Shwe Mhone Yati & Shwe Htoo’s Facebook Account