[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

အဆဲခံရတာတွေများလာလို့ မေတ္တာပို့လိုက်တဲ့ ရွှေထူး

ရွှေထူး နဲ့ ရွှေမှုံတို့ရဲ့အချစ်ရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေကအရမ်းကို လတ်တလောမှာ ထိရှလွယ်နေကြပါတယ်။ အခုလို ဖြစ်နေတဲ့ ပရိသတ်တွေ ကို ရွှေထူးက သူ့ရဲ့လူမှုကွန်ရက်ကနေပြီးတော့ မေတ္တာပို့ထားတဲ့ စာလေးတစ်ကြောင်းကို တင်လိုက်တာလည်း တွေ့ရပါတယ်။

လတ်တလော အခုလိုပြောခံနေရတဲ့ ရွှေထူးတစ်ယောက် ပရိသတ်ကိုလည်း ချစ်သလို သူချစ်ရတဲ့ သူကိုလည်း ချစ်တယ်ဆိုတဲ့အရာပေါ်လွင်စေတဲ့ Comment တစ်ခုကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပဲ အခုလိုတွေ့ခဲ့ရပါသေးတယ်။

ရွှေထူး နဲ့ ရွှေမှုံတို့ နှစ်ယောက်ဟာ ချစ်သူတွေပါလို့ ပြောမပြကြပေမယ့်လည်း သူတို့ အပြန်အလှန်တင်နေတဲ့ စာတွေပုံတွေကို ကြည့်လိုက်ရင်တော့ သူတို့နှစ်ယောက်ဟာ ချစ်သူတွေဖြစ်နေကြပြီဆိုတာကလည်း သိသာထင်ရှားလို့နေပါတယ်။ နှစ်ယောက်စလုံးက ပရိသတ်အချစ်တော်တွေဖြစ်ကြတဲ့ အတွက် အခုလိုအရာတွေကိုကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

Photo Credit: Htoo Khant Facebook

ကြည်သာ (Akhayar)

www.akhayar.com