[Zawgyi]






ရွှေထူး

ရွှေထူး



ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

ချစ်သူနဲ့လမ်းခွဲလိုက်ပါပြီဆိုတဲ့ အဆိုတော်ရွှေထူး

“ကျွန်တော့်ကိုချစ်တဲ့ သူတွေ အကုန်လုံး ကျွန်တော့်သီချင်းတွေကို ချစ်တဲ့ သူတွေအကုန်လုံး ကျွန်တော့ကို ဆက်ချစ်ပေးပါ။ကျွန်တော့် Relationship ကို ချစ်တဲ့ သူတွေ အကုန်လုံးကိုတော့ ကျွန်တော့် ကိုချစ်ပါလို့ ကျွန်တော်မတောင်းဆိုလိုပါဘူး ကျွန်တော်အချစ်အကြောင်းတဲ့ ပတ်သတ်လို့ Public ကိုမပြောဘူးဆိုတာလည်း သိမှာပါ။ ကျွန်တော်တို့လမ်းခွဲလိုက်ပါပြီ”။

ချစ်သူနဲ့ပြတ်သွားပြီ ဆိုတဲ့ ရွှေထူး

ချစ်သူနဲ့ပြတ်သွားပြီ ဆိုတဲ့ ရွှေထူး

“သူ့ကိုသွားမေးရင်လည်း သူဖြေချင်ရင်လည်း ဖြေလိမ့်မယ် မဖြေချင်လည်းမဖြေဘူးပေါ့နော်။ ကျွန်တော့်ဘက်ကတော့ လမ်းခွဲလိုက်ပါပြီမကြာခင်မှာ ကျွန်တော့်ရဲ့သီချင်းသစ်တစ်ပုဒ်ကို Share ပေးပါမယ်။ ကျွန်တော့် ကို အားပေးတဲ့ မီဒီယာတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ် ဒီကိစ္စကိုတော့ ကျွန်တော့်ကိုမမေးဖို့လည်းတောင်းဆိုပါရစေ”ဆိုပြီး သူ့ရဲ့အကောင့်ကနေ Live လွှင့်ပြီး ပြောခဲ့တာဖြစ်ပါတယ်။

ရွှေထူး

ရွှေထူး

ဒီLive ကို တော့ မေလ ၈ ရက်နေ့ နေ့လည်ပိုင်းက တင်ခဲ့တာလည်းဖြစ်ပါတယ်။ “ကျွန်တော်တို့လမ်းခွဲခဲ့တာကြာပါပြီ ကျွန်တော်တို့ အဆင်ပြေသလိုလို မပြေသလိုလိုထပ်မဖြစ်ချင်တော့လို့ပါ။ ကျွန်တော်အနု ပညာအလုပ် တွေကိုဆက်လုပ်သွားမှာပါ။ကျွန်တော်ဒီလောက်နဲ့တော့ဘာမှမဖြစ်ပါဘူးဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်”။

Photo Credit: Htoo Khant Facebook

ကြည်သာ (Akhayar)

www.akhayar.com