[Zawgyi]

ျမန္မာအလွမယ္ေလာကညစ္ႏြမ္းေစတဲ့ အရာကို Miss Golden Land Myanmar 2018 ရဲဝင့္စြာ ေထာက္ျပခဲ့

ၾသဂုတ္လ ၁၄ ရက္ေန႔က က်င္းပတဲ့ Miss Golden Land Myanmar 2018 ပြဲမွာ ယေန႔ေခတ္ ျမန္မာအလွမယ္ေတြေလာကမွာ ဘယ္အရာေၾကာင့္ ညွိဳးႏြမ္းေနတယ္ဆိုတာကို ေရႊအိမ္စည္က အခုလိုေထာက္ျပေျပာဆိုခဲ့တာပါ။

ယေန႔ေခတ္ျမန္မာ အလွမယ္ေလာကကို ညွိဳးႏြမ္းေစတာကေတာ့ မတရားမႈလို႔ျမင္ပါတယ္ဆိုၿပီးေျပာခဲ့တာပါ။ Personal အညွိဳးအေတးထားတယ္လို႔ ျမင္ပါတယ္ ဆိုၿပီးေတာ့ မေန႔က ၿပိဳင္ပြဲမွာ သူမေျဖဆိုဖို႔ က်ခဲ့တဲ့ ေမးခြန္းကို အခုလိုေျဖဆိုခဲ့တာျဖစ္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ အိမ္စည္တို႔နိုင္ငံမွာ ျမင္ေတြ႕ေနရတာပဲ တကယ္ျဖစ္သင့္တဲ့ တကယ္ေတာ္တဲ့ သူေတြရွိတယ္။ ဒါေပမယ့္လည္းတခါတေလမွာ သူတို႔ေတြ အေနနဲ႔ထက္ျမက္လြန္းတာလား စကားအေျပာအဆိုမတတ္တာလား ေပါ့ေနာ္ အဲ့ဒါေၾကာင့္သူတို႔ေတြ ေနရာေပးမခံရဘူး။

Organization နဲ႔ အဆင္ေျပတဲ့ သူေတြကပဲဒီလိုအခြင့္ေရးေတြကို ရတတ္ၾကပါတယ္။ ဒီေကာင္မေလး ဘယ္ေလာက္ပဲ Talented ျဖစ္ျဖစ္ ငါတို႕နဲ႔ အဆင္ေျပရမယ္ဆိုတဲ့ စိတ္ေတြရွိေနေသးလို႔လည္း ဒီေလာကႀကီးက ညစ္ႏြမ္းေနတယ္လုိ႕ အိမ္စည္က ျမင္ပါတယ္ဆိုၿပီး ရဲရဲဝင့္ဝင့္ကို ေျပာခဲ့တာျဖစ္ပါတယ္။

မေန႕က ၾသဂုတ္လ ၁၄ ရက္ေန႔မွာ အိမ္စည္ဟာ Miss Golden Land Myanmar (2018) ဆုကို ရရွိခဲ့တာျဖစ္ပါတယ္။

Photo Credit: Shwe Eain Si Facebook ၊ Miss Golden Land Myanmar Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

မြန်မာအလှမယ်လောကညစ်နွမ်းစေတဲ့ အရာကို Miss Golden Land Myanmar 2018 ရဲဝင့်စွာ ထောက်ပြခဲ့

သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပတဲ့ Miss Golden Land Myanmar 2018 ပွဲမှာ ယနေ့ခေတ် မြန်မာအလှမယ်တွေလောကမှာ ဘယ်အရာကြောင့် ညှိုးနွမ်းနေတယ်ဆိုတာကို ရွှေအိမ်စည်က အခုလိုထောက်ပြပြောဆိုခဲ့တာပါ။

ယနေ့ခေတ်မြန်မာ အလှမယ်လောကကို ညှိုးနွမ်းစေတာကတော့ မတရားမှုလို့မြင်ပါတယ်ဆိုပြီးပြောခဲ့တာပါ။ Personal အညှိုးအတေးထားတယ်လို့ မြင်ပါတယ် ဆိုပြီးတော့ မနေ့က ပြိုင်ပွဲမှာ သူမဖြေဆိုဖို့ ကျခဲ့တဲ့ မေးခွန်းကို အခုလိုဖြေဆိုခဲ့တာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အိမ်စည်တို့နိုင်ငံမှာ မြင်တွေ့နေရတာပဲ တကယ်ဖြစ်သင့်တဲ့ တကယ်တော်တဲ့ သူတွေရှိတယ်။ ဒါပေမယ့်လည်းတခါတလေမှာ သူတို့တွေ အနေနဲ့ထက်မြက်လွန်းတာလား စကားအပြောအဆိုမတတ်တာလား ပေါ့နော် အဲ့ဒါကြောင့်သူတို့တွေ နေရာပေးမခံရဘူး။

Organization နဲ့ အဆင်ပြေတဲ့ သူတွေကပဲဒီလိုအခွင့်ရေးတွေကို ရတတ်ကြပါတယ်။ ဒီကောင်မလေး ဘယ်လောက်ပဲ Talented ဖြစ်ဖြစ် ငါတို့နဲ့ အဆင်ပြေရမယ်ဆိုတဲ့ စိတ်တွေရှိနေသေးလို့လည်း ဒီလောကကြီးက ညစ်နွမ်းနေတယ်လို့ အိမ်စည်က မြင်ပါတယ်ဆိုပြီး ရဲရဲဝင့်ဝင့်ကို ပြောခဲ့တာဖြစ်ပါတယ်။

မနေ့က သြဂုတ်လ ၁၄ ရက်နေ့မှာ အိမ်စည်ဟာ Miss Golden Land Myanmar (2018) ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit: Shwe Eain Si Facebook ၊ Miss Golden Land Myanmar Facebook Page

ကြည်သာ (Akhayar)

www.akhayar.com