[Zawgyi]

Make Up လိမ္းဖို႔ Brush နဲ႔ Sponge(ဥ) ဘယ္တစ္ခုက ပိုအသင့္ေတာ္ဆံုးလဲ?

မိန္းကေလးတစ္ေယာက္ အျပင္သြားတိုင္း ယံုၾကည္မႈရွိေစဖို႔ အလွဆံုးပံ့ပိုးေပးတဲ့အစိတ္အပိုင္းေတြထဲမွာ မိတ္ကပ္၊ အဝတ္အစားနဲ႔ ဆံပင္စတိုင္လ္က အေရးအႀကီးဆံုးေတြပါပဲ။ အဲ့ဒီထဲကမွ လူအမ်ားနဲ႔ ဆက္ဆံေျပာဆိုရမွာ ပထမဆံုး သတိထားမိေစမယ့္ ကိုယ့္မ်က္ႏွာျပင္ဆင္မႈက ညီညာေျပျပစ္ေနမွ ပိုယံုၾကည္မႈရွိေစမွာပါ။

အဲ့လိုဆိုေတာ့လည္း မိတ္ကပ္ျပင္ဆင္မႈကအေရးပါေနျပန္ေရာေလ။ ဒါဆိုရင္ေတာ့ မိတ္ကပ္လိမ္းျခယ္ရာမွာ အခရာက်တဲ့ အေျခခံ Foundation ကို ဘယ္ပစၥည္းေတြသံုးၿပီးလိမ္းတာက ပိုစိမ့္ဝင္ပ်ံ႕ႏွံ႔လြယ္ၿပီး တာရွည္ခံလဲဆိုတာ သိထားသင့္ဖို႔လိုလာပါၿပီ။

လတ္တေလာမိန္းကေလးအမ်ားစု မိတ္ကပ္ Foundation လိမ္းျခယ္ရာမွာ အသံုးျပဳၾကတာကေတာ့ ဥလို႔ လူအမ်ားသိၾကတဲ့ Make up Sponge နဲ႔ Make up Brush ေတြပဲျဖစ္ပါတယ္။

ဒါဆိုရင္ေတာ့ ဘယ္တစ္ခုနဲ႔ လိမ္းတာက ဘယ္လိုအေျခအေနေတြမွာ ပိုကိုက္ညီမလဲဆိုတာ ေသခ်ာအေျဖရွာၾကည့္လိုက္တဲ့အခါ…

Sponge Vs Make up Brush
Sponge နဲ႔ Make up Brush ဘယ္ပစၥည္းကို အသံုးျပဳရတာ ပိုအဆင္ေျပလဲ မသံုးသပ္ခင္ ဘယ္ပစၥည္းကို ကိုယ္လက္ရွိ အသံုးျပဳေနျပီး ဘယ္လို Result ေတြရလဲဆိုတာ သိထားသင့္ပါတယ္။ အမွန္ေတာ့ ေခ်ာေမြ႕ေျပျပစ္တဲ့ မိတ္ကပ္သားကို ပိုင္ဆိုင္ခ်င္တဲ့အေျခအေနမ်ိဳးမွာဆိုရင္ေတာ့ Sponge က ပိုအဆင္ေျပ ပိုမိုသိပ္ၿပီး အနာအဆာအျပည့္အဝဖံုးေပးႏိုင္မယ့္သြင္ျပင္မ်ိဳးအတြက္ဆိုရင္ေတာ့ Make up brush ေတြက ပိုအဆင္ေျပပါတယ္လို႔ မိတ္ကပ္ပညာရွင္ Abraham Sprinkle ကေျပာခဲ့ပါတယ္။

Powder-based ပစၥည္းေတြျဖစ္တဲ့ Blushes ေတြ၊ Setting Powders ေတြ၊ Highlighters ေတြကိုသံုးတဲ့ေနရာမွာေတာ့ Brush ေတြသံုးတာကပိုအဆင္ေျပပါတယ္။ ဒီလို Brush ေတြက မ်က္ႏွာေပၚ ကိုယ္လိုသေလာက္ပမာဏပဲ တင္က်န္ေစၿပီး အဆံုးသတ္ရင္ေတာ့ Sponge ေလးနဲ႔ သိပ္သိပ္ၿပီး မိတ္ကပ္သား ပိုမိုေသသပ္ေအာင္လုပ္လို႔ရပါတယ္။

Cream Contouring ေတြသံုးေတာ့မယ္ဆိုရင္ေတာ့ Sponge က မရွိမျဖစ္ သံုးရမယ့္အရာပါ။ Make up Sponge ေကာင္းေကာင္းေလးတစ္ခုက မိတ္ကပ္သားကို အေရျပား အတြင္းထဲထိစိမ့္ဝင္ေစၿပီး အေ႐းအေၾကာင္းမထင္တဲ့အလွကို ရေစမွာပါ။

ဒီ ၂မ်ိဳးထဲနဲ႔ပဲ သံုးရမွာလားဆိုေတာ့လည္း မဟုတ္ပါဘူး။ မိ႐ိုးဖလာလြယ္ကူျမန္ဆန္နည္းလမ္းျဖစ္တဲ့ လက္နဲ႔လိမ္းျခယ္လည္း ရပါတယ္။ ဒါေပမယ့္ Liquid နဲ႔ Cream Foundation ေတြလိမ္းရာမွာေတာ့ လက္ကိုအသံုးျပဳတာထက္ Brush တို႔ Sponge တို႔က ပိုမိုသပ္ရပ္သိပ္သည္းတဲ့ မိတ္ကပ္သားနဲ႔ တစ္ေန႔တာ ပိုမိုတာရွည္ခံပါတယ္။ ဒါေပမယ့္လည္း ဆိုးက်ိဳးကေတာ့ အသီးသီးရွိတာပါပဲ။ Brush ေတြကေတာ့ ေဆးရလြယ္ကူေပမယ့္ အသားထဲထိစိမ့္ဝင္ဖို႔ခဲယဥ္းပါတယ္။ Sponge ေတြက်ေတာ့ အသားထဲစိမ့္ဝင္ေပမယ့္ သိမ္းဆည္းရ၊ ေဆးရတာ အခ်ိန္ေပးရပါတယ္။ ၿပီးေတာ့ မိတ္ကပ္သားကိုပိုစုပ္တဲ့အတြက္ မိတ္ကပ္သားပိုကုန္ပါတယ္။

ဒီေတာ့ Sponge နဲ႔ Make up brush ရဲ႕ ေကာင္းက်ိဳးနဲ႔ဆိုးက်ိဳးေတြကို သိၿပီဆိုေတာ့ ဘယ္မိတ္ကပ္ Foundation နဲ႔ ဘယ္ပစၥည္းအမ်ိဳးအစားနဲ႔က ပိုသင့္ေတာ္မလဲဆိုတာ ေရြးခ်ယ္လိမ္းက်ံႏိုင္ပါၿပီေနာ္။

EiEiKhineMinn (Akhayar)

[Unicode]

Make Up လိမ်းဖို့ Brush နဲ့ Sponge(ဥ) ဘယ်တစ်ခုက ပိုအသင့်တော်ဆုံးလဲ?

မိန်းကလေးတစ်ယောက် အပြင်သွားတိုင်း ယုံကြည်မှုရှိစေဖို့ အလှဆုံးပံ့ပိုးပေးတဲ့အစိတ်အပိုင်းတွေထဲမှာ မိတ်ကပ်၊ အဝတ်အစားနဲ့ ဆံပင်စတိုင်လ်က အရေးအကြီးဆုံးတွေပါပဲ။ အဲ့ဒီထဲကမှ လူအများနဲ့ ဆက်ဆံပြောဆိုရမှာ ပထမဆုံး သတိထားမိစေမယ့် ကိုယ့်မျက်နှာပြင်ဆင်မှုက ညီညာပြေပြစ်နေမှ ပိုယုံကြည်မှုရှိစေမှာပါ။

အဲ့လိုဆိုတော့လည်း မိတ်ကပ်ပြင်ဆင်မှုကအရေးပါနေပြန်ရောလေ။ ဒါဆိုရင်တော့ မိတ်ကပ်လိမ်းခြယ်ရာမှာ အခရာကျတဲ့ အခြေခံ Foundation ကို ဘယ်ပစ္စည်းတွေသုံးပြီးလိမ်းတာက ပိုစိမ့်ဝင်ပျံ့နှံ့လွယ်ပြီး တာရှည်ခံလဲဆိုတာ သိထားသင့်ဖို့လိုလာပါပြီ။

လတ်တလောမိန်းကလေးအများစု မိတ်ကပ် Foundation လိမ်းခြယ်ရာမှာ အသုံးပြုကြတာကတော့ ဥလို့ လူအများသိကြတဲ့ Make up Sponge နဲ့ Make up Brush တွေပဲဖြစ်ပါတယ်။

ဒါဆိုရင်တော့ ဘယ်တစ်ခုနဲ့ လိမ်းတာက ဘယ်လိုအခြေအနေတွေမှာ ပိုကိုက်ညီမလဲဆိုတာ သေချာအဖြေရှာကြည့်လိုက်တဲ့အခါ…

Sponge Vs Make up Brush
Sponge နဲ့ Make up Brush ဘယ်ပစ္စည်းကို အသုံးပြုရတာ ပိုအဆင်ပြေလဲ မသုံးသပ်ခင် ဘယ်ပစ္စည်းကို ကိုယ်လက်ရှိ အသုံးပြုနေပြီး ဘယ်လို Result တွေရလဲဆိုတာ သိထားသင့်ပါတယ်။ အမှန်တော့ ချောမွေ့ပြေပြစ်တဲ့ မိတ်ကပ်သားကို ပိုင်ဆိုင်ချင်တဲ့အခြေအနေမျိုးမှာဆိုရင်တော့ Sponge က ပိုအဆင်ပြေ ပိုမိုသိပ်ပြီး အနာအဆာအပြည့်အဝဖုံးပေးနိုင်မယ့်သွင်ပြင်မျိုးအတွက်ဆိုရင်တော့ Make up brush တွေက ပိုအဆင်ပြေပါတယ်လို့ မိတ်ကပ်ပညာရှင် Abraham Sprinkle ကပြောခဲ့ပါတယ်။

Powder-based ပစ္စည်းတွေဖြစ်တဲ့ Blushes တွေ၊ Setting Powders တွေ၊ Highlighters တွေကိုသုံးတဲ့နေရာမှာတော့ Brush တွေသုံးတာကပိုအဆင်ပြေပါတယ်။ ဒီလို Brush တွေက မျက်နှာပေါ် ကိုယ်လိုသလောက်ပမာဏပဲ တင်ကျန်စေပြီး အဆုံးသတ်ရင်တော့ Sponge လေးနဲ့ သိပ်သိပ်ပြီး မိတ်ကပ်သား ပိုမိုသေသပ်အောင်လုပ်လို့ရပါတယ်။

Cream Contouring တွေသုံးတော့မယ်ဆိုရင်တော့ Sponge က မရှိမဖြစ် သုံးရမယ့်အရာပါ။ Make up Sponge ကောင်းကောင်းလေးတစ်ခုက မိတ်ကပ်သားကို အရေပြား အတွင်းထဲထိစိမ့်ဝင်စေပြီး အရေးအကြောင်းမထင်တဲ့အလှကို ရစေမှာပါ။

ဒီ ၂မျိုးထဲနဲ့ပဲ သုံးရမှာလားဆိုတော့လည်း မဟုတ်ပါဘူး။ မိရိုးဖလာလွယ်ကူမြန်ဆန်နည်းလမ်းဖြစ်တဲ့ လက်နဲ့လိမ်းခြယ်လည်း ရပါတယ်။ ဒါပေမယ့် Liquid နဲ့ Cream Foundation တွေလိမ်းရာမှာတော့ လက်ကိုအသုံးပြုတာထက် Brush တို့ Sponge တို့က ပိုမိုသပ်ရပ်သိပ်သည်းတဲ့ မိတ်ကပ်သားနဲ့ တစ်နေ့တာ ပိုမိုတာရှည်ခံပါတယ်။ ဒါပေမယ့်လည်း ဆိုးကျိုးကတော့ အသီးသီးရှိတာပါပဲ။ Brush တွေကတော့ ဆေးရလွယ်ကူပေမယ့် အသားထဲထိစိမ့်ဝင်ဖို့ခဲယဉ်းပါတယ်။ Sponge တွေကျတော့ အသားထဲစိမ့်ဝင်ပေမယ့် သိမ်းဆည်းရ၊ ဆေးရတာ အချိန်ပေးရပါတယ်။ ပြီးတော့ မိတ်ကပ်သားကိုပိုစုပ်တဲ့အတွက် မိတ်ကပ်သားပိုကုန်ပါတယ်။

ဒီတော့ Sponge နဲ့ Make up brush ရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို သိပြီဆိုတော့ ဘယ်မိတ်ကပ် Foundation နဲ့ ဘယ်ပစ္စည်းအမျိုးအစားနဲ့က ပိုသင့်တော်မလဲဆိုတာ ရွေးချယ်လိမ်းကျံနိုင်ပါပြီနော်။

EiEiKhineMinn (Akhayar)