အခုေနာက္ပိုင္းမွာ လက္ဖက္ရည္ဆိုင္ပဲထိုင္ထိုင္ လမ္းေပၚပဲသြားသြား ၾကံဳရတာက ေတာင္းစားတဲ႔သူေတြပါ။ စားပြဲနားမွာေပကပ္ေနျပီးတစ္ခုခုမေပးမခ်င္း မသြားတာေၾကာင္႔ စိတ္ရႈပ္မခံခ်င္သူေတြဆိုရင္ မနက္လက္ဖက္ရည္ဆိုင္ထိုင္ရင္း ပိုက္ဆံငါးရာ ေျခာက္ရာ အသာကေလးကုန္သြားတတ္ပါတယ္။ သူတို႔ကလည္း ဆိုင္ထဲမွာေပးတဲ႔လူရွိရင္ အေပါင္းအပါေတြကို ညႊန္လိုက္ေသးတယ္။ ဒီေတာ႔တစ္ေယာက္ျပီးတစ္ေယာက္ေရာက္လာေတာ႔တာပါပဲ။

ေတာင္းစားတဲ႔သူေတြက ကေလး ၊ လူၾကီး ၊ သက္ၾကီးရြယ္အို ၊ ဒုကၡိတအစစ္အမွန္ နဲ႔ တစ္ခုခုခ်ိဳ႕ယြင္းသေယာင္ေဆာင္ထားသူေတြ ၊ သကၤန္းအေရျခံဳေတြ ၊ ေယာဂီဝတ္စံုဝတ္ထားသူေတြ ၊ အရက္သမားေတြစသျဖင္႔အမ်ိဳးစံုေတြ႔ရပါတယ္။ ဘတ္စ္ကားစီး ၊ ရထားစီးရင္လည္း မ်က္ရည္လည္ေလာက္တဲ႔ ဇာတ္လမ္းေလးေရးထားတဲ႔စာရြက္ေလးေတြ လာလာေဝတာခံရေသးတယ္။ ငယ္ငယ္တုန္းကေတာ႔ သူတို႔ေရးတဲ႔ဇာတ္လမ္းကိုဖတ္ျပီး သနားတတ္ခဲ႔ေပမယ္႔ ေနာက္မ်ားေတာ႔ ဒီလိုစာရြက္ေလးေတြဟာ ကိုယ္ေတာင္းစားခ်င္ရင္ေတာင္ ၾကိဳက္သေလာက္ဝယ္လို႔ရတယ္ဆုိုတာ သိလာေတာ႔ ဖတ္ကိုမၾကည္႔တတ္ေတာ႔ပါ။

ကားဂိတ္ေတြမွာဆိုရင္ ခရီးစရိတ္ေတာင္းသူေတြ ၊ တူရြင္းေတြ ေပါက္ျပားေတြ အထုပ္အပိုးေတြနဲ႔ နယ္ျပန္မယ္႔စတိုင္လ္ဖန္တီးျပီးေတာင္းတတ္သူေတြ ၊ ကိုယ္႔ကိုရြာကအမ်ိဳးအေဆြနဲ႔တူသလိုလို ဖက္လွဲတကင္းေတြႏႈတ္ဆက္ျပီး ေနာက္ဆံုးမွာ ပိုက္ဆံေတာင္းသူေတြ ၊ ဖိနပ္ျပတ္သြားတဲ႔ဘုန္းၾကီးေတြ ၊ ဆြမ္းစားဖို႔ပိုက္ဆံေတာင္းတဲ႔ ဘုန္းၾကီးအတုေတြ ၊ ေနာက္ဆံုးစာအုပ္ဆိုင္မွာပါ မခ်န္စာအုပ္ဖိုးလွဴခို္င္းျပီး ျပန္ေရာင္းစားတတ္တဲ႔ အတုအေယာင္ေတြ စသျဖင္႔အမ်ားၾကီး အမ်ားၾကီး ၾကံဳေတြ႔ရတတ္ပါတယ္။

ေတာင္းစားတဲ႔သူေတြထဲမွာ တကယ္မရွိလို႔ေတာင္းစားသူေတြလည္းရွိေနေတာ႔ ဘယ္လိုေတာင္းစားသူမ်ိဳးဆိုေပးသင္႔ပါသလဲ။

သက္ၾကီးရြယ္အိုေတြ ဘိုးဘြားအရြယ္ေတြကေတာ႔ သူတို႔အေနနဲ႔တကယ္အလုပ္လည္းမလုပ္ႏို္င္ ၊ ရတဲ႔ေငြေလးနဲ႔ ေနဝင္ခ်ိန္ကိုျဖတ္ေက်ာ္သြားရမယ္႔သူေတြမို႔ ေပးသင္႔တယ္လို႔ဆိုၾကပါတယ္။ တခ်ိဳ႕အဘုိးအဘြားေတြက ေတာင္းစားတာ တစ္လကိုသံုးေလးသိန္းေလာက္ရတာမ်ိဳးရွိျပီး သူ႔မိသားစုကိုေကၽြးေမြးေထာက္ပ႔ံထားတာမ်ိဳးပါ။ သူ႔ေျမးျမစ္ေတြကိုပဲေကၽြးေကၽြး သူပဲစားစား ဒီအသက္အရြယ္မွာ ေတာင္းစားတာပဲတတ္ႏိုင္တာမို႔ ေတာင္းတာကို သိပ္ေတာ႔အျပစ္မေျပာၾကတာေတြ႔ရပါတယ္။ တကယ္ကို ေျချပတ္ လက္ျပတ္နဲ႔ ဒုကၡေရာက္ေနတဲ႔ဒုကၡိတေတြကိုလည္းလူေတြက ေပးခ်င္ကမ္းခ်င္ၾကပါတယ္။ ေပးသင္႔တယ္လို႔လည္း ယူဆၾကပါတယ္။

ေတာ္ေတာ္မ်ားမ်ား စိတ္တိုၾကတာမေပးခ်င္တာကေတာ႔ သကၤန္းအေရျခံဳသူေတြပါ။ သူတို႔ေတြက သကၤန္းဝတ္ၾကီးနဲ႔ပိုက္ဆံေတာင္းျပီး ေန႔ခင္းက်ထမင္းစား ညေနပိုင္းအရက္ေသာက္တာေတြလုပ္ ၊ ဘာသာသာသနာကိုခုတံုးလုပ္ျပီးေတာင္းစားသူေတြမို႔ ပိုက္ဆံေပးလိုက္မိသူေတြက ေဒါသေတြအလိပ္လိုက္ထြက္ၾကပါတယ္။

ေနာက္ထပ္အေရးအၾကီးဆံုးအခ်က္ကေတာ႔ ေတာင္းစားတဲ႔ကေလးေတြပါ။ ကေလးေတြဟာ မသိနားမလည္တဲ႔အရြယ္မွာ မိဘေတြကိုယ္တုိင္ကခိုင္းေစလို႔ျဖစ္ျဖစ္ ဂိုဏ္းေတြထဲေရာက္သြားျပီး ခိုင္းခံရလို႔ပဲျဖစ္ျဖစ္ ေတာင္းစားေနၾကရပါတယ္။ တခ်ိဳ႕ကေလးေတြက်ေတာ႔ ေတာင္းစားတဲ႔အလုပ္မွာ သေဘာတက်နဲ႔ေပ်ာ္ေမြ႔ေနၾကတာပါ။ ကိုယ္မွာရွိတဲ႔ ပိုက္ဆံ ၅၀ ၊ ၁၀၀ ကိုေပးလိုက္ရတာက မြဲမသြားေပမယ္႔ သူတို႔ေတြအနာဂတ္အတြက္ ဘယ္လိုငဲ႔ညွာသင္႔ပါသလဲ။ ကေလးေတြအေနနဲ႔ ဒီလိုပဲလက္ျဖန္႔လိုက္ရင္ျပီးတာပဲ  အလုပ္မလုပ္လည္းရတယ္။ လြယ္လြယ္ေတာင္းစားလို႔ရတယ္ဆိုတဲ႔အက်င္႔ျဖစ္သြားခဲ႔ရင္ သူတို႔အနာဂတ္လံုးဝေပ်ာက္သြားေတာ႔မွာပါ။

ဆင္းရဲတဲ႔ႏိုင္ငံေတြမွာသာမက ခ်မ္းသာတဲ႔ႏိုင္ငံေတြမွာလည္း အိမ္ေျခရာမဲ႔ ျပႆနာ ၊ သူေတာင္းစားျပႆနာကရွိေနတာပါပဲ။ အထူးသျဖင္႔ ေတာင္းစားသူေတြထဲမွာ ကေလးေတြကိုေတာ႔ ေပါ႔ေသးေသး သေဘာမထားၾကပါဘူး။

တကယ္တမ္းမွာ ဘယ္ေလာက္ပဲသနားဖို႔ေကာင္းေကာင္း သူမ်ားႏိုင္ငံေတြမွာေတာ႔ ေတာင္းစားသူကေလးေတြကို ဘာမွမေပးပါဘူး။ ကိုယ္ကေပးေလေလ သူတို႔ေတြကိုခိုင္းစားလို႔ေကာင္းေလေလပါပဲ။ ဒီလိုနဲ႔သူတို႔ဟာ ေက်ာင္းနဲ႔ေဝးသထက္ေဝး ပညာေရးနဲ႔နံရံေတြျခားသထက္ျခားသြားေတာ႔မွာပါ။ သူတို႔ကိုတကယ္တမ္းကူညီရာေရာက္ခ်င္ရင္ ဒီလိုလမ္းေပ်ာ္ကေလးေတြအတြက္ အလုပ္လုပ္ေနတဲ႔အဖြဲ႔အစည္းေတြဆီ တိုက္ရိုက္လွဴဒါန္းႏိုင္ၾကပါတယ္။

ေတာင္းစားသူေတြအတြက္ ထိေရာက္တဲ႔ကူညီမႈေပးခ်င္ရင္ ေတာင္းစားေနရသူလူၾကီးေတြကို ဝင္ေငြရေအာင္ဖန္တီးေပးသင္႔ျပီး ကေလးေတြကိုေတာ႔ ပညာသင္ခြင္႔ရေအာင္ဖန္တီးေပးရမယ္ဆိုတဲ႔ စကားရွိပါတယ္။

သူတို႔ေတာင္းခ်ိန္မွာပိုက္ဆံေပးလိုက္တာက သူတို႔ကိုတစ္ရက္ပဲကူညီရာေရာက္ပါတယ္။ သူတို႔ဘဝတစ္ခုလံုးကေတာ႔ေျပာင္းလဲမသြားႏိုင္ပါဘူး။ ေနာက္ေန႔ေတြမွာ ေတာင္းစားျမဲေတာင္းစားေနရတာကို ေတြ႔ရမွာပါ။ ဒီျပႆနာဟာ  အာဏာပိုင္အဖြဲ႔အစည္းေတြရဲ႕စီမံကိန္းခ်ကိုင္တြယ္ေျဖရွင္းေပးမႈအေပၚ ၉၉ ရာခိုင္ႏႈန္းတည္မွီေနတာမို႔ တစ္ဦးတစ္ေယာက္တည္းခၽြန္ထြက္ျပီး ကူညီေနရံုနဲ႔ လံုဝဥႆံုေပ်ာက္ကြယ္ေျပလည္သြားမွာမဟုတ္ပါဘူး။ ပရဟိတအဖြဲ႔ေတြအေနနဲ႔  ကေလးေတြကိုကူညီရင္း ေနာက္ကြယ္က ဂိုဏ္းေတြရဲ႕အႏၱရာယ္ျပဳမႈကိုရင္ဆုိင္ရတဲ႔အေနအထားေတြလည္းရွိခဲ႔ပါတယ္။ သူတို႔ကအေမွာင္ ကိုယ္ကအလင္းဘက္မွာေနျပီး ကိုယ္႔ကိုသာသူတို႔ကျမင္ေနရတာမို႔ ကူညီေပးေနသူေတြအတြက္လည္း အႏၱရာယ္မ်ားပါတယ္။

ဒါေပမဲ႔ ေန႔စဥ္ကိုယ္႔ပတ္ဝန္းက်င္မွာေတြ႔ျမင္ေနရတဲ႔ လက္ျဖန္႔ေတာင္းသူေတြကို လက္ကာျပလုိက္ရံု ပုိက္ဆံတစ္ရာႏွစ္ရာေပးလိုက္ရံုနဲ႔ ကိုယ္႔တာဝန္ေက်ပါျပီလား။ ေတာင္းတဲ႔သူတိုင္းကိုေရာ ေပးသင္႔ပါသလား။

အခရာပရိသတ္ၾကီးေရာ ဘယ္လိုယူဆပါသလဲ။ ကိုယ္႔အျမင္ သူ႔အျမင္ေတြကို ပြင္႔ပြင္႔လင္းလင္းေဝမွ်ခဲ႔ေပးပါဦး။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

အခုနောက်ပိုင်းမှာ လက်ဖက်ရည်ဆိုင်ပဲထိုင်ထိုင် လမ်းပေါ်ပဲသွားသွား ကြုံရတာက တောင်းစားတဲ့သူတွေပါ။ စားပွဲနားမှာပေကပ်နေပြီးတစ်ခုခုမပေးမချင်း မသွားတာကြောင့် စိတ်ရှုပ်မခံချင်သူတွေဆိုရင် မနက်လက်ဖက်ရည်ဆိုင်ထိုင်ရင်း ပိုက်ဆံငါးရာ ခြောက်ရာ အသာကလေးကုန်သွားတတ်ပါတယ်။ သူတို့ကလည်း ဆိုင်ထဲမှာပေးတဲ့လူရှိရင် အပေါင်းအပါတွေကို ညွှန်လိုက်သေးတယ်။ ဒီတော့တစ်ယောက်ပြီးတစ်ယောက်ရောက်လာတော့တာပါပဲ။
တောင်းစားတဲ့သူတွေက ကလေး ၊ လူကြီး ၊ သက်ကြီးရွယ်အို ၊ ဒုက္ခိတအစစ်အမှန် နဲ့ တစ်ခုခုချို့ယွင်းသယောင်ဆောင်ထားသူတွေ ၊ သင်္ကန်းအရေခြုံတွေ ၊ ယောဂီဝတ်စုံဝတ်ထားသူတွေ ၊ အရက်သမားတွေစသဖြင့်အမျိုးစုံတွေ့ရပါတယ်။ ဘတ်စ်ကားစီး ၊ ရထားစီးရင်လည်း မျက်ရည်လည်လောက်တဲ့ ဇာတ်လမ်းလေးရေးထားတဲ့စာရွက်လေးတွေ လာလာဝေတာခံရသေးတယ်။ ငယ်ငယ်တုန်းကတော့ သူတို့ရေးတဲ့ဇာတ်လမ်းကိုဖတ်ပြီး သနားတတ်ခဲ့ပေမယ့် နောက်များတော့ ဒီလိုစာရွက်လေးတွေဟာ ကိုယ်တောင်းစားချင်ရင်တောင် ကြိုက်သလောက်ဝယ်လို့ရတယ်ဆိုတာ သိလာတော့ ဖတ်ကိုမကြည့်တတ်တော့ပါ။
ကားဂိတ်တွေမှာဆိုရင် ခရီးစရိတ်တောင်းသူတွေ ၊ တူရွင်းတွေ ပေါက်ပြားတွေ အထုပ်အပိုးတွေနဲ့ နယ်ပြန်မယ့်စတိုင်လ်ဖန်တီးပြီးတောင်းတတ်သူတွေ ၊ ကိုယ့်ကိုရွာကအမျိုးအဆွေနဲ့တူသလိုလို ဖက်လှဲတကင်းတွေနှုတ်ဆက်ပြီး နောက်ဆုံးမှာ ပိုက်ဆံတောင်းသူတွေ ၊ ဖိနပ်ပြတ်သွားတဲ့ဘုန်းကြီးတွေ ၊ ဆွမ်းစားဖို့ပိုက်ဆံတောင်းတဲ့ ဘုန်းကြီးအတုတွေ ၊ နောက်ဆုံးစာအုပ်ဆိုင်မှာပါ မချန်စာအုပ်ဖိုးလှူခိုင်းပြီး ပြန်ရောင်းစားတတ်တဲ့ အတုအယောင်တွေ စသဖြင့်အများကြီး အများကြီး ကြုံတွေ့ရတတ်ပါတယ်။
တောင်းစားတဲ့သူတွေထဲမှာ တကယ်မရှိလို့တောင်းစားသူတွေလည်းရှိနေတော့ ဘယ်လိုတောင်းစားသူမျိုးဆိုပေးသင့်ပါသလဲ။
သက်ကြီးရွယ်အိုတွေ ဘိုးဘွားအရွယ်တွေကတော့ သူတို့အနေနဲ့တကယ်အလုပ်လည်းမလုပ်နိုင် ၊ ရတဲ့ငွေလေးနဲ့ နေဝင်ချိန်ကိုဖြတ်ကျော်သွားရမယ့်သူတွေမို့ ပေးသင့်တယ်လို့ဆိုကြပါတယ်။ တချို့အဘိုးအဘွားတွေက တောင်းစားတာ တစ်လကိုသုံးလေးသိန်းလောက်ရတာမျိုးရှိပြီး သူ့မိသားစုကိုကျွေးမွေးထောက်ပံ့ထားတာမျိုးပါ။ သူ့မြေးမြစ်တွေကိုပဲကျွေးကျွေး သူပဲစားစား ဒီအသက်အရွယ်မှာ တောင်းစားတာပဲတတ်နိုင်တာမို့ တောင်းတာကို သိပ်တော့အပြစ်မပြောကြတာတွေ့ရပါတယ်။ တကယ်ကို ခြေပြတ် လက်ပြတ်နဲ့ ဒုက္ခရောက်နေတဲ့ဒုက္ခိတတွေကိုလည်းလူတွေက ပေးချင်ကမ်းချင်ကြပါတယ်။ ပေးသင့်တယ်လို့လည်း ယူဆကြပါတယ်။
တော်တော်များများ စိတ်တိုကြတာမပေးချင်တာကတော့ သင်္ကန်းအရေခြုံသူတွေပါ။ သူတို့တွေက သင်္ကန်းဝတ်ကြီးနဲ့ပိုက်ဆံတောင်းပြီး နေ့ခင်းကျထမင်းစား ညနေပိုင်းအရက်သောက်တာတွေလုပ် ၊ ဘာသာသာသနာကိုခုတုံးလုပ်ပြီးတောင်းစားသူတွေမို့ ပိုက်ဆံပေးလိုက်မိသူတွေက ဒေါသတွေအလိပ်လိုက်ထွက်ကြပါတယ်။
နောက်ထပ်အရေးအကြီးဆုံးအချက်ကတော့ တောင်းစားတဲ့ကလေးတွေပါ။ ကလေးတွေဟာ မသိနားမလည်တဲ့အရွယ်မှာ မိဘတွေကိုယ်တိုင်ကခိုင်းစေလို့ဖြစ်ဖြစ် ဂိုဏ်းတွေထဲရောက်သွားပြီး ခိုင်းခံရလို့ပဲဖြစ်ဖြစ် တောင်းစားနေကြရပါတယ်။ တချို့ကလေးတွေကျတော့ တောင်းစားတဲ့အလုပ်မှာ သဘောတကျနဲ့ပျော်မွေ့နေကြတာပါ။ ကိုယ်မှာရှိတဲ့ ပိုက်ဆံ ၅၀ ၊ ၁၀၀ ကိုပေးလိုက်ရတာက မွဲမသွားပေမယ့် သူတို့တွေအနာဂတ်အတွက် ဘယ်လိုငဲ့ညှာသင့်ပါသလဲ။ ကလေးတွေအနေနဲ့ ဒီလိုပဲလက်ဖြန့်လိုက်ရင်ပြီးတာပဲ  အလုပ်မလုပ်လည်းရတယ်။ လွယ်လွယ်တောင်းစားလို့ရတယ်ဆိုတဲ့အကျင့်ဖြစ်သွားခဲ့ရင် ….သူတို့အနာဂတ်လုံးဝပျောက်သွားတော့မှာပါ။
ဆင်းရဲတဲ့နိုင်ငံတွေမှာသာမက ချမ်းသာတဲ့နိုင်ငံတွေမှာလည်း အိမ်ခြေရာမဲ့ ပြဿနာ ၊ သူတောင်းစားပြဿနာကရှိနေတာပါပဲ။ အထူးသဖြင့် တောင်းစားသူတွေထဲမှာ ကလေးတွေကိုတော့ ပေါ့သေးသေး သဘောမထားကြပါဘူး။
တကယ်တမ်းမှာ ဘယ်လောက်ပဲသနားဖို့ကောင်းကောင်း သူများနိုင်ငံတွေမှာတော့ တောင်းစားသူကလေးတွေကို ဘာမှမပေးပါဘူး။ ဒီလိုပေးလေလေ သူတို့တွေကိုခိုင်းစားလို့ကောင်းလေလေပါပဲ။ ဒီလိုနဲ့သူတို့ဟာ ကျောင်းနဲ့ဝေးသထက်ဝေး ပညာရေးနဲ့နံရံတွေခြားသထက်ခြားသွားတော့မှာပါ။ သူတို့ကိုတကယ်တမ်းကူညီရာရောက်ချင်ရင် ဒီလိုလမ်းပျော်ကလေးတွေအတွက် အလုပ်လုပ်နေတဲ့အဖွဲ့အစည်းတွေဆီတိုက်ရိုက်လှူဒါန်းနိုင်ကြပါတယ်။
တောင်းစားသူတွေအတွက် ထိရောက်တဲ့ကူညီမှုပေးချင်ရင် တောင်းစားနေရသူလူကြီးတွေကို ဝင်ငွေရအောင်ဖန်တီးပေးသင့်ပြီး ကလေးတွေကိုတော့ ပညာသင်ခွင့်ရအောင်ဖန်တီးပေးရမယ်ဆိုတဲ့ စကားရှိပါတယ်။
သူတို့တောင်းချိန်မှာပိုက်ဆံပေးလိုက်တာက သူတို့ကိုတစ်ရက်ပဲကူညီရာရောက်ပါတယ်။ သူတို့ဘဝတစ်ခုလုံးကတော့ပြောင်းလဲမသွားနိုင်ပါဘူး။ နောက်နေ့တွေမှာ တောင်းစားမြဲတောင်းစားနေရတာကို တွေ့ရမှာပါ။ ဒီပြဿနာဟာ  အာဏာပိုင်အဖွဲ့အစည်းတွေရဲ့စီမံကိန်းချကိုင်တွယ်ဖြေရှင်းပေးမှုအပေါ် ၉၉ ရာခိုင်နှုန်းတည်မှီနေတာမို့ တစ်ဦးတစ်ယောက်တည်းချွန်ထွက်ပြီး ကူညီနေရုံနဲ့ လုံဝဥဿုံပျောက်ကွယ်ပြေလည်သွားမှာမဟုတ်ပါဘူး။ ပရဟိတအဖွဲ့တွေအနေနဲ့  ကလေးတွေကိုကူညီရင်း နောက်ကွယ်က ဂိုဏ်းတွေရဲ့အန္တရာယ်ပြုမှုကိုရင်ဆိုင်ရတဲ့အနေအထားတွေလည်းရှိခဲ့ပါတယ်။ သူတို့ကအမှောင် ကိုယ်ကအလင်းဘက်မှာနေပြီး ကိုယ့်ကိုသာသူတို့ကမြင်နေရတာမို့ ကူညီပေးနေသူတွေအတွက်လည်း အန္တရာယ်များပါတယ်။
ဒါပေမဲ့ နေ့စဉ်ကိုယ့်ပတ်ဝန်းကျင်မှာတွေ့မြင်နေရတဲ့ လက်ဖြန့်တောင်းသူတွေကို လက်ကာပြလိုက်ရုံ ပိုက်ဆံတစ်ရာနှစ်ရာပေးလိုက်ရုံနဲ့ ကိုယ့်တာဝန်ကျေပါပြီလား။ တောင်းတဲ့သူတိုင်းကိုရော ပေးသင့်ပါသလား။
အခရာပရိသတ်ကြီးရော ဘယ်လိုယူူဆပါသလဲ။ ကိုယ့်အမြင် သူ့အမြင်တွေကို ပွင့်ပွင့်လင်းလင်းဝေမျှခဲ့ပေးပါဦး။