[Zawgyi]

စတုိင္လ္က်တဲ့ ေကာင္မေလးေတြ က်င့္သံုးေလ့ရွိတဲ့ Shopping Tip မ်ား

သင္က အထာက်က် အမိုက္စား Fashionista တစ္ေယာက္ျဖစ္ဖို႔ဆိုရင္ စမတ္က်က် ေစ်း၀ယ္တတ္တဲ့ Shopper တစ္ေယာက္ျဖစ္ဖို႔လည္း လိုပါတယ္။ ကိုယ္ဘာကိုလုိခ်င္တာလဲ၊ ဘယ္လိုမ်ိဳးအ၀တ္အစားကမွ ကိုယ္နဲ႔လုိက္ဖက္ၿပီး ကိုယ့္အတြက္ မရွိမျဖစ္ထဲမွာ ပါတာလဲ၊ လတ္တေလာေခတ္စားေနတာေတြက ဘာေတြလဲ စသည္ျဖင့္ ေသခ်ာစိစစ္ၿပီး ေရြးခ်ယ္၀ယ္ယူတတ္မွသာ သင္က တကယ့္စမတ္ Shopper တစ္ေယာက္ျဖစ္မွာပါ။ စမတ္ Shopper တစ္ေယာက္ျဖစ္သြားၿပီဆုိရင္ေတာ့ Fashionsta တစ္ေယာက္ျဖစ္လာဖို႔က သိပ္မလုိေတာ့ပါဘူး။ အခုေအာက္မွာလည္း စတိုင္လ္က်က် ေကာင္မေလးေတြရဲ႕ Shopping Tip ေတြကို ေျပာျပေပးထားတာျဖစ္လုိ႔ ပိုၿပီးေတာ့ေတာင္ လြယ္ကူေစမွာပါ။ ကိုယ့္ရဲ႕Shopping Tip ေတြကို Upgrade လုပ္ၿပီး Fashionista ေလးတစ္ေယာက္ ျဖစ္လုိက္ေတာ့ေနာ္။

ကိုယ့္ရဲ႕ စတုိင္လ္ကို သိပါ။

ကိုယ္က ဘယ္လုိပံုစံမ်ိဳးကို ႀကိဳက္တာလဲ..ေပါ့ေပါ့ပါးပါး လူငယ္ဆန္ဆန္၀တ္မွာလား။ မိန္းမဆန္ဆန္ ႀကိဳက္တာလား။ ကိုယ္၀တ္ခ်င္တဲ့ပံုစံကို အၿမဲသိေနဖို႔လုိပါတယ္။ လူေတြက ျမင္လုိက္တာနဲ႔ ကိုယ့္ရဲ႕ စတိုင္လ္ဆိုတာ မွတ္မိေလ ပိုေကာင္းေလေလပါပဲ။ ကိုယ့္ရဲ႕ Fashion Taste ကို မွတ္သားထားၿပီး Trend ေနာက္လုိက္မယ့္အစား ကိုယ္ႀကိဳက္တာေတြပဲ အသားေပး၀တ္ဆင္ပါ။

shopping girl

shopping girl

Discount ေတြကို ရွာေဖြေစာင့္ေမွ်ာ္ပါ။

Discount ေတြကလည္း သင့္ရဲ႕ Budget ကို သက္သာေစပါတယ္။ အထူးသျဖင့္ Brand Sale ေတြ ခ်တဲ့အခ်ိန္မ်ိဳးကို ပိုၿပီး ေစာင့္ဆိုင္းသင့္ပါတယ္။ Sale Item ေတြထဲကဆိုရင္ အရမ္းေစ်းခ်တဲ့အခ်ိန္ဆို ႏွစ္ထည္စာေလာက္ေတာင္ ရတတ္တာမို႔ Sale  ခ်တဲ့အခ်ိန္ေတြကို အၿမဲနားစြင့္ေနပါ။ Discount ေသးေသးေလးေတြကအစ ရေအာင္ ရွာတတ္ပါေစ။

Online ကလည္း ေစ်း၀ယ္ပါ။

တစ္ခါတေလ Local Store ေတြမွာ မရႏိုင္တာမ်ိဳး၊ ကိုယ္ေတြျပည္တြင္းမွာ မရႏုိင္ေသးတာမ်ိဳးဆိုရင္ Online Shop ေတြကေန ၀ယ္တတ္တဲ့အက်င့္ေလးထားပါ။ ကိုယ္က အျပင္ထြက္ရမွာပ်င္းတဲ့ေန႔မ်ိဳး၊ Online Sale ေတြခ်တဲ့အခ်ိန္မ်ိဳး၊ကိုယ္လိုခ်င္တာကို ရွာရတဲ့အခ်ိန္မ်ိဳးဆို အရမ္းကိုအဆင္ေျပတာမို႔ Online ကလည္း ေစ်း၀ယ္ပါ။

Branded မွ Branded မျဖစ္ပါနဲ႔။

တကယ္ဖက္ရွင္က်တဲ့သူေတြဆိုတာ Branded ေတြခ်ည္းပဲ ထည္လဲ၀တ္ေနၾကတာမဟုတ္ပါဘူး။ Fancy ျဖစ္တာေတြ၊ ေစ်းသက္သာတဲ့ အ၀တ္အစားေတြနဲ႔လည္း လွေအာင္၊ မိုက္ေအာင္ ၀တ္တတ္ၾကပါတယ္။ ဒါေၾကာင့္ သင့္စိတ္ထဲမွာ Brand ၀တ္မွ ငါမုိက္မွာဆုိတဲ့ အေတြးကို ဖယ္ထုတ္လိုက္ၿပီး ကိုယ့္မွာရွိၿပီးသား ၀တ္စံုေတြ၊ ေစ်းသက္သာၿပီး Fashionable ျဖစ္ေစတဲ့ အ၀တ္အစားေတြနဲ႔  ရႈိးထုတ္ၾကည့္ပါ။

shopping girl

shopping girl

Trend ေနာက္ကို အရမ္းမလိုက္ပါနဲ႔။

ဖက္ရွင္ေရစီးေၾကာင္းထဲမွာ ေနရတယ္ဆိုေပမယ့္ တစ္ခါတေလမွာ ေရစီးေၾကာင္းေနာက္  အရမ္းလုိက္စရာမလုိဘူး ဆိုတာကို သတိထားပါ။ ဥပမာ ေျပာရရင္ ႏုိင္ငံတကာ ဆယ္လီေတြၾကားမွာ သားေမႊးကုတ္က ေခတ္စားေနလုိ႔ ကိုယ္က လိုက္၀ယ္ၿပီးမွ ကိုယ့္ႏိုင္ငံရာသီဥတုအေနအထားနဲ႔ ဘယ္လိုမွ ၀တ္လု႔ိအဆင္မေျပဘူးဆိုရင္ ေခ်ာင္ထိုးထားရမွာပါပဲ။ အဲဒီအခါက်ရင္ ပိုက္ဆံလည္း အပိုကုန္ရာေရာက္ပါတယ္။ ဖက္ရွင္ေရစီးေၾကာင္းမွာ ေခတ္စားေနတဲ့အရာေတြက ကိုယ္နဲ႔ လုိက္ဖက္ႏုိင္လား၊ ၀တ္လုိ႔အဆင္ေျပလားဆိုတာ အၿမဲခ်င့္ခ်ိန္ပါ။

ကိုယ္လုိအပ္တာေတြကို ဘယ္မွာ ရႏိုင္မလဲဆိုတာ ရွာပါ။

ကိုယ္၀ယ္ခ်င္တဲ့ ပစၥည္းကို ဘယ္ေနရာမွာ ရႏုိင္မလဲဆိုတာ စဥ္းစားပါ။ ေစ်းႀကီးပစၥည္းေတြခ်ည္း သံုးမွ စတုိင္လ္က်မွာ မဟုတ္တဲ့အတြက္ အၿမဲေစ်းႀကီးတဲ့ေနရာေတြ၊ Branded Shopေတြကို သြားဖုိ႔မလိုပါဘူး။ၿပီးရင္ လိုခ်င္တာေတြကို အကုန္လံုးနီးပါး တစ္စုတစ္စည္းတည္း ရႏုိင္မယ့္ေနရာမ်ိဳးကိုပဲ ေရြးပါ။ ဒါဆိုရင္ သြားရလာရလည္း အဆင္ေျပသလို အခ်ိန္ကုန္တာလည္း သက္သာသြားပါလိမ့္မယ္။

Su Yi Htet (Akhayar)

[Unicode]

စတိုင်လ်ကျတဲ့ ကောင်မလေးတွေ ကျင့်သုံးလေ့ရှိတဲ့ Shopping Tip များ

သင်က အထာကျကျ အမိုက်စား Fashionista တစ်ယောက်ဖြစ်ဖို့ဆိုရင် စမတ်ကျကျ ဈေးဝယ်တတ်တဲ့ Shopper တစ်ယောက်ဖြစ်ဖို့လည်း လိုပါတယ်။ ကိုယ်ဘာကိုလိုချင်တာလဲ၊ ဘယ်လိုမျိုးအဝတ်အစားကမှ ကိုယ်နဲ့လိုက်ဖက်ပြီး ကိုယ့်အတွက် မရှိမဖြစ်ထဲမှာ ပါတာလဲ၊ လတ်တလောခေတ်စားနေတာတွေက ဘာတွေလဲ စသည်ဖြင့် သေချာစိစစ်ပြီး ရွေးချယ်ဝယ်ယူတတ်မှသာ သင်က တကယ့်စမတ် Shopper တစ်ယောက်ဖြစ်မှာပါ။ စမတ် Shopper တစ်ယောက်ဖြစ်သွားပြီဆိုရင်တော့ Fashionsta တစ်ယောက်ဖြစ်လာဖို့က သိပ်မလိုတော့ပါဘူး။ အခုအောက်မှာလည်း စတိုင်လ်ကျကျ ကောင်မလေးတွေရဲ့ Shopping Tip တွေကို ပြောပြပေးထားတာဖြစ်လို့ ပိုပြီးတော့တောင် လွယ်ကူစေမှာပါ။ ကိုယ့်ရဲ့Shopping Tip တွေကို Upgrade လုပ်ပြီး Fashionista လေးတစ်ယောက် ဖြစ်လိုက်တော့နော်။

ကိုယ့်ရဲ့ စတိုင်လ်ကို သိပါ။

ကိုယ်က ဘယ်လိုပုံစံမျိုးကို ကြိုက်တာလဲ..ပေါ့ပေါ့ပါးပါး လူငယ်ဆန်ဆန်ဝတ်မှာလား။ မိန်းမဆန်ဆန် ကြိုက်တာလား။ ကိုယ်ဝတ်ချင်တဲ့ပုံစံကို အမြဲသိနေဖို့လိုပါတယ်။ လူတွေက မြင်လိုက်တာနဲ့ ကိုယ့်ရဲ့ စတိုင်လ်ဆိုတာ မှတ်မိလေ ပိုကောင်းလေလေပါပဲ။ ကိုယ့်ရဲ့ Fashion Taste ကို မှတ်သားထားပြီး Trend နောက်လိုက်မယ့်အစား ကိုယ်ကြိုက်တာတွေပဲ အသားပေးဝတ်ဆင်ပါ။

shopping girl

shopping girl

Discount တွေကို ရှာဖွေစောင့်မျှော်ပါ။

Discount တွေကလည်း သင့်ရဲ့ Budget ကို သက်သာစေပါတယ်။ အထူးသဖြင့် Brand Sale တွေ ချတဲ့အချိန်မျိုးကို ပိုပြီး စောင့်ဆိုင်းသင့်ပါတယ်။ Sale Item တွေထဲကဆိုရင် အရမ်းဈေးချတဲ့အချိန်ဆို နှစ်ထည်စာလောက်တောင် ရတတ်တာမို့ Sale ချတဲ့အချိန်တွေကို အမြဲနားစွင့်နေပါ။ Discount သေးသေးလေးတွေကအစ ရအောင် ရှာတတ်ပါစေ။

Online ကလည်း ဈေးဝယ်ပါ။

တစ်ခါတလေ Local Store တွေမှာ မရနိုင်တာမျိုး၊ ကိုယ်တွေပြည်တွင်းမှာ မရနိုင်သေးတာမျိုးဆိုရင် Online Shop တွေကနေ ဝယ်တတ်တဲ့အကျင့်လေးထားပါ။ ကိုယ်က အပြင်ထွက်ရမှာပျင်းတဲ့နေ့မျိုး၊ Online Sale တွေချတဲ့အချိန်မျိုး၊ကိုယ်လိုချင်တာကို ရှာရတဲ့အချိန်မျိုးဆို အရမ်းကိုအဆင်ပြေတာမို့ Online ကလည်း ဈေးဝယ်ပါ။

Branded မှ Branded မဖြစ်ပါနဲ့။

တကယ်ဖက်ရှင်ကျတဲ့သူတွေဆိုတာ Branded တွေချည်းပဲ ထည်လဲဝတ်နေကြတာမဟုတ်ပါဘူး။ Fancy ဖြစ်တာတွေ၊ ဈေးသက်သာတဲ့ အဝတ်အစားတွေနဲ့လည်း လှအောင်၊ မိုက်အောင် ဝတ်တတ်ကြပါတယ်။ ဒါကြောင့် သင့်စိတ်ထဲမှာ Brand ဝတ်မှ ငါမိုက်မှာဆိုတဲ့ အတွေးကို ဖယ်ထုတ်လိုက်ပြီး ကိုယ့်မှာရှိပြီးသား ဝတ်စုံတွေ၊ ဈေးသက်သာပြီး Fashionable ဖြစ်စေတဲ့ အဝတ်အစားတွေနဲ့ ရှိုးထုတ်ကြည့်ပါ။

shopping girl

shopping girl

Trend နောက်ကို အရမ်းမလိုက်ပါနဲ့။

ဖက်ရှင်ရေစီးကြောင်းထဲမှာ နေရတယ်ဆိုပေမယ့် တစ်ခါတလေမှာ ရေစီးကြောင်းနောက် အရမ်းလိုက်စရာမလိုဘူးဆိုတာကို သတိထားပါ။ ဥပမာ ပြောရရင် နိုင်ငံတကာ ဆယ်လီတွေကြားမှာ သားမွှေးကုတ်က ခေတ်စားနေလို့ ကိုယ်က လိုက်ဝယ်ပြီးမှ ကိုယ့်နိုင်ငံရာသီဥတုအနေအထားနဲ့ ဘယ်လိုမှ ဝတ်လု့ိအဆင်မပြေဘူးဆိုရင် ချောင်ထိုးထားရမှာပါပဲ။ အဲဒီအခါကျရင် ပိုက်ဆံလည်း အပိုကုန်ရာရောက်ပါတယ်။ ဖက်ရှင်ရေစီးကြောင်းမှာ ခေတ်စားနေတဲ့အရာတွေက ကိုယ်နဲ့ လိုက်ဖက်နိုင်လား၊ ဝတ်လို့အဆင်ပြေလားဆိုတာ အမြဲချင့်ချိန်ပါ။

ကိုယ်လိုအပ်တာတွေကို ဘယ်မှာ ရနိုင်မလဲဆိုတာ ရှာပါ။

ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းကို ဘယ်နေရာမှာ ရနိုင်မလဲဆိုတာ စဉ်းစားပါ။ ဈေးကြီးပစ္စည်းတွေချည်း သုံးမှ စတိုင်လ်ကျမှာ မဟုတ်တဲ့အတွက် အမြဲဈေးကြီးတဲ့နေရာတွေ၊ Branded Shopတွေကို သွားဖို့မလိုပါဘူး။
ပြီးရင် လိုချင်တာတွေကို အကုန်လုံးနီးပါး တစ်စုတစ်စည်းတည်း ရနိုင်မယ့်နေရာမျိုးကိုပဲ ရွေးပါ။ ဒါဆိုရင် သွားရလာရလည်း အဆင်ပြေသလို အချိန်ကုန်တာလည်း သက်သာသွားပါလိမ့်မယ်။

Su Yi Htet (Akhayar)