[Zawgyi]








အခရာ (www.akhayar.com)

[Unicode]

ဖုန်းအမျိုးအစားနှစ်ထောင်ကျော်ကို ၅ဝရာခိုင်နှုန်းအထိ လျော့ဈေးနဲ့ ရောင်းချပေးမယ့် အွန်လိုင်းဈေးရောင်းပွဲတော်

SHOP မှ မြန်မာနိုင်ငံတွင် အကြီးမားဆုံးအွန်လိုင်းဈေးရောင်းပွဲတော် “11.11 The World’s Biggest Sale Day” ကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရောင်းချပေးမှာဖြစ်ပါသည်။

“11.11 The World’s Biggest Sale Day” အွန်လိုင်းဈေးရောင်း ပွဲတော်တွင် ဖုန်းအမျိုးအစားပေါင်း ၂ ထောင်ကျော်ကို အများဆုံး ၅၀% အထိ ရရှိနိုင်မှာဖြစ်ပြီး Samsung, Huawei, Oppo အပြင် နာမည်ကြီးဖုန်းအမျိုးအစားများစွာပါဝင်သည်။ လူကြိုက်အများဆုံး Samsung J Series, Huawei Nova Series နှင့် Oppo F Series များပါ လျှော့ဈေးများများနှင့် ရောင်းချပေးမှာဖြစ်ပါသည်။

SHOP မှ ပေးသောလျှော့ဈေးကိုမှ Visa ကဒ်နဲ့ငွေချေပါက ၁၁% လျှော့ဈေး (အမြင့်ဆုံး လျှော့ဈေးပမာဏ ၅၀,၀၀၀ ကျပ်) ထပ်ဆောင်းလျှော့ဈေးခံစားခွင့်ရရှိမည့်အပြင် ထို Visa ကဒ်မှာ CB ဘဏ်နှင့် AGD ဘဏ်မှထုတ်ပေးသော Visa ကဒ်ဖြစ်ပါက ၂၂% အထိလျှော့ဈေး (အများဆုံးလျှော့ဈေးပမာဏ ၁၀၀,၀၀၀ ကျပ်အထိ) ထပ်ဆောင်းလျှော့ဈေးရရှိမှာ ဖြစ်ပြီး စုစုပေါင်း အများဆုံးလျှော့ဈေး ၅၀% နီးပါးဖြင့်ဝယ်ယူနိုင်မှာဖြစ်ပါသည်။

“11.11 The World’s Biggest Sale Day” အကြီးမားဆုံးအွန်လိုင်းဈေးရောင်းပွဲတော်တွင်ရောင်းချသော ပစ္စည်းများကို SHOP App နှင့် Website များမှာ ဝယ်ယူနိုင်မှာဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျင်းပပြုလုပ်မည့် Alibaba ၏ အကြီးမားဆုံးအွန်လိုင်းဈေးရောင်းပွဲတော်ကြီး “11.11 The World’s Biggest Sale Day” ကိုပါဝင်ဆင်နွှဲနိုင်ဖို့ www.shop.com.mm တွင် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်ဝင်ရောက်ကြည့်ရှုနိုင် ဝယ်ယူနိုင်ပါပြီ။

SHOP app https://bit.ly/2Ni97bT ကို Android နှင့် Apple ဖုန်းများတွင် download ဆွဲပြီး ပျော်ရွှင်ဖွယ်ရာ ဈေးဝယ်ခြင်း အတွေ့အကြုံများကိုရယူလိုက်ပါ။

အခရာ (www.akhayar.com)