[Zawgyi]

ေနေရာင္ထိိလို႔မရတဲ့ ဆယ္ေက်ာ္သက္မိန္းကေလးတစ္ေယာက္ရဲ ႔ အခ်စ္ဇာတ္လမ္း Midnight Sun

ဒီဇာတ္ကားကို အေမရိကန္နိုင္ငံမွာ ၂၀၁၈ ခုနွစ္ မတ္လ ၂၃ ရက္ေန႔ကစတင္ျပသခဲ့တာျဖစ္ပါတယ္။ ၂၀၁၈ခုနွစ္အတြက္  အေမရိကန္အခ်စ္ဇာတ္လမ္းတစ္ခုျဖစ္ၿပီး ဒါရိုက္တာ Scott Speer ကရိုက္ကူးထားတာျဖစ္ပါတယ္။ မင္းသမီးကေတာ့ Bella Thorne နဲ႔ မင္းသားကေတာ့ Patrick Schwarzenegger တို႔ပဲျဖစ္ပါတယ္။ Patrick Schwarzenegger ကေတာ့ ေဟာလီးဝုဒ္ရဲ ႔နာမည္ေက်ာ္ မင္းသားႀကီးအာနိုးရဲ႕ သားျဖစ္ပါတယ္။

 

 

ဒီဇာတ္ကားကေတာ့ အခ်စ္ဇာတ္ကားဆိုေပမယ့္လို႔ သာမန္အခ်စ္ကားေတြနဲ႔မတူဘဲထူးဆန္းတာကေတာ့  ေကာင္မေလးမွာ ေနေရာင္ထိခံလို႔မရတဲ့ Xeroderma Pigmentosum (XP)ဆိုတဲ့ ေရာဂါရွိေနတာပါပဲ ။ ဒါေၾကာင့္သူမဟာငယ္စဥ္ကတည္း က အိမ္ထဲကေနအိမ္ျပင္ ကိုေတာင္မထြက္ရတဲ့ သူတစ္ေယာက္အေနနဲ႔ ေနထိုင္ခဲ့ရၿပီး ေက်ာင္းစာေတြကို လည္းဖခင္ျဖစ္သူက အိမ္မွာပဲ သင္ၾကားေပးခဲ့ရတာျဖစ္ပါတယ္။

ငယ္စဥ္ကတည္းက မိခင္ေသဆံုးသြားတဲ့ အတြက္ အေဖတစ္ခု သမီးတစ္ခုဘဝနဲ႔ ဖခင္ရဲ ႔ေစာင့္ေရွာက္မႈေအာက္မွာ ႀကီးျပင္းခဲ့ရတဲ့ ေရာဂါသည္တစ္ေယာက္ေနရာကေန မင္းသမီးျဖစ္သူ Bella Thorne ကသရုပ္ေဆာင္ထားတာျဖစ္ပါတယ္။

သူမဟာ ငယ္စဥ္ကတည္း က အိမ္အေပၚထပ္ကေနအျပင္မွာေဆာ့ကစားေနတဲ့ ကေလးေတြကိုၾကည့္ရင္း စကိတ္စီးေနတဲ့ ေကာင္ေလးတစ္ေယာက္ကိုေန႕စဥ္ေစာင့္ၾကည့္ခဲ့တဲ့ ေကာင္မေလးတစ္ေယာက္လည္း ျဖစ္ပါတယ္။ဆယ္ေက်ာ္သက္အရြယ္ေရာက္လာတဲ့ အခါမွာေတာ့ ေနေရာင္ေတြမရွိေတာ့တဲ့ ညအခ်ိန္မွာ ဂီတာတီးတာကိုဝါသနာပါတဲ့ သူမက ဘူတာအနီး ဂီတာတီးေနစဥ္ မင္းသားျဖစ္သူ Patrick Schwarzenegger ကေရာက္လာၿပီး သူမကို စိတ္ဝင္စားတာေၾကာင့္ေမးခြန္းေတြေမးပါေတာ့တယ္။

အဲ့လိုေမးေတာ့ သူအျမဲေစာင့္ၾကည့္ေနတဲ့ စကိတ္စီးတဲ့ေကာင္ေလးမွန္း သူမသိသြားၿပီး ရင္ခုန္သံေတြျမန္ဆန္လာကာ သူတို႕နွစ္ေယာက္ဘာေတြဆက္ျဖစ္မလဲ၊ေကာင္မေလးမွာ ေရာဂါျဖစ္ေနတာကို ေကာင္ေလးကဘယ္အခ်န္သိသြားမလဲ၊ တစ္ေယာက္နဲ႔တစ္ေယာက္ဘယ္လုိေတြခ်စ္သူျဖစ္သြားမွာလဲ ၊ ေကာင္မေလးရဲ ႔ အေဖကေရာသေဘာတူပါ့မလား ဆိုတာကိုသိခ်င္ရင္ေတာ့ Midnight Sun ဆိုတဲ့ဇာတ္ကားေလးကိုၾကည့္လိုက္ေတာ့ေနာ္….

ဒီဇာတ္ကားရဲ႕ Box Office ဟာ အေမရိကန္ေဒၚလာ၂၃.၃မီလီယံ အထိရွိခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ ဒီဇာတ္ကားကို ရိုက္ကူးဖို႔အတြက္ဘတ္ဂ်တ္အေနနဲ႔ အေမရိကန္ေဒၚလာ ၂.၈ မီလီယံကုန္က်ခဲ့တာျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit:usmagazine.com

www.akhayar.com
[Unicode]

နေရောင်ထိလို့မရတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း Midnight Sun

ဒီဇာတ်ကားကို အမေရိကန်နိုင်ငံမှာ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့ကစတင်ပြသခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်အတွက် အမေရိကန်အချစ်ဇာတ်လမ်းတစ်ခုဖြစ်ပြီး ဒါရိုက်တာ Scott Speer ကရိုက်ကူးထားတာဖြစ်ပါတယ်။ မင်းသမီးကတော့ Bella Thorne နဲ့ မင်းသားကတော့ Patrick Schwarzenegger တို့ပဲဖြစ်ပါတယ်။ Patrick Schwarzenegger ကတော့ ဟောလီးဝုဒ်ရဲ့နာမည်ကျော် မင်းသားကြီးအာနိုးရဲ့ သားဖြစ်ပါတယ်။

 

 

ဒီဇာတ်ကားကတော့ အချစ်ဇာတ်ကားဆိုပေမယ့်လို့ သာမန်အချစ်ကားတွေနဲ့မတူဘဲထူးဆန်းတာကတော့ ကောင်မလေးမှာ နေရောင်ထိခံလို့မရတဲ့ Xeroderma Pigmentosum (XP)ဆိုတဲ့ ရောဂါရှိနေတာပါပဲ ။ ဒါကြောင့်သူမဟာငယ်စဉ်ကတည်း က အိမ်ထဲကနေအိမ်ပြင် ကိုတောင်မထွက်ရတဲ့ သူတစ်ယောက်အနေနဲ့ နေထိုင်ခဲ့ရပြီး ကျောင်းစာတွေကို လည်းဖခင်ဖြစ်သူက အိမ်မှာပဲ သင်ကြားပေးခဲ့ရတာဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက မိခင်သေဆုံးသွားတဲ့ အတွက် အဖေတစ်ခု သမီးတစ်ခုဘဝနဲ့ ဖခင်ရဲ့စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့ ရောဂါသည်တစ်ယောက်နေရာကနေ မင်းသမီးဖြစ်သူ Bella Thorne ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။

သူမဟာ ငယ်စဉ်ကတည်း က အိမ်အပေါ်ထပ်ကနေအပြင်မှာဆော့ကစားနေတဲ့ ကလေးတွေကိုကြည့်ရင်း စကိတ်စီးနေတဲ့ ကောင်လေးတစ်ယောက်ကိုနေ့စဉ်စောင့်ကြည့်ခဲ့တဲ့ ကောင်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ အခါမှာတော့ နေရောင်တွေမရှိတော့တဲ့ ညအချိန်မှာ ဂီတာတီးတာကိုဝါသနာပါတဲ့ သူမက ဘူတာအနီး ဂီတာတီးနေစဉ် မင်းသားဖြစ်သူ Patrick Schwarzenegger ကရောက်လာပြီး သူမကို စိတ်ဝင်စားတာကြောင့်မေးခွန်းတွေမေးပါတော့တယ်။

အဲ့လိုမေးတော့ သူအမြဲစောင့်ကြည့်နေတဲ့ စကိတ်စီးတဲ့ကောင်လေးမှန်း သူမသိသွားပြီး ရင်ခုန်သံတွေမြန်ဆန်လာကာ သူတို့နှစ်ယောက်ဘာတွေဆက်ဖြစ်မလဲ၊ကောင်မလေးမှာ ရောဂါဖြစ်နေတာကို ကောင်လေးကဘယ်အချန်သိသွားမလဲ၊ တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုတွေချစ်သူဖြစ်သွားမှာလဲ ၊ ကောင်မလေးရဲ့ အဖေကရောသဘောတူပါ့မလား ဆိုတာကိုသိချင်ရင်တော့ Midnight Sun ဆိုတဲ့ဇာတ်ကားလေးကိုကြည့်လိုက်တော့နော်….

ဒီဇာတ်ကားရဲ့ Box Office ဟာ အမေရိကန်ဒေါ်လာ၂၃.၃မီလီယံ အထိရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးဖို့အတွက်ဘတ်ဂျတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၂.၈ မီလီယံကုန်ကျခဲ့တာဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:usmagazine.com

www.akhayar.com