



Shazam


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Instagram ရဲ့ Stories တွေက လက်ရှိအချိန်မှာအသုံးပြုသူအများဆုံးသော Feature တစ်ခုဖြစ်ပါတယ်။ Facebook နဲ့ Snapchat တို့ကလည်း ဆင်တူတဲ့ Stories Feature ကို ထုတ်ပေးထားကြပေမယ့် Instagram ရဲ့ Stories ကိုတော့ မမှီဘူးလို့ပြောရမှာပါ။

Shazam Integrate with Instagram Stories

အခုအချိန်မှာတော့ Instagram ရဲ့ Stories Feature က နောက်ထပ် Update Feature တစ်ခုပါဝင်လာတော့မှာပဲဖြစ်ပါတယ်။ ဒါကတော့ လက်ရှိမှာ နာမည်ကြီး Music Recognition Application တစ်ခုဖြစ်တဲ့ Shazam နဲ့ ပေါင်းစပ်လိုက်တာပဲဖြစ်ပါတယ်။

အခုလိုမျိုး Shazam နဲ့ ပူးပေါင်းလိုက်တဲ့အတွက် Shazam မှာ ကိုယ်နားထောင်ချင်တဲ့သီချင်းကို ရှာဖွေလိုက်ပြီး Share ကို နှိပ်လိုက်တာနဲ့ Instagram Stories Option ကပေါ်နေမှာဖြစ်ပါတယ်။ အခုလိုမျိုး Post ပြုလုပ်တဲ့အချိန်မှာလည်း သီချင်းရဲ့ Album Art နဲ့အတူ “More on Shazam” ဆိုပြီး Stories တင်ပေးမှာဖြစ်ပါတယ်။

Shazam

အခု Feature ကို iOS User တွေအနေနဲ့ အရင်ဆုံးရရှိမှာဖြစ်ပြီးတော့ မကြာခင်မှာတော့ Android အတွက် ထွက်ရှိလာမယ်လို့ သိရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com