[Zawgyi]

မန္ယူအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ေစာင္႔ေမွ်ာ္ေနတဲ႔ လုခ္ေရွာ Luke Shaw

မန္ယူအသင္းရဲ႕ ဘယ္ေနာက္ခံလူ လုခ္ေရွာ Luke Shaw ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ေစာင္႔ေမွ်ာ္ေနပါတယ္။ အသက္(၂၃)ႏွစ္အရြယ္ရိွျပီျဖစ္သူ လုခ္ေရွာ Luke Shaw ဟာ ဒဏ္ရာျပႆနာေတြကေန႐ုန္းထြက္ခဲ႔ျပီး လက္ရိွမွာမန္ယူအသင္းအတြက္ အေကာင္းဆံုးေျခစြမ္းျပကစားေနသူျဖစ္သလို ျပီးခဲ႔တဲ႔ ၾသဂုတ္လအတြက္ မန္ယူတစ္လတာအေကာင္းဆံုးကစားသမားဆုကိုလည္း ရရိွခဲ႔သူပါ။

Luke-Shaw1

Luke-Shaw

လုခ္ေရွာ Luke Shaw ရဲ႕စာခ်ဳပ္သက္တမ္းဟာ ၂၀၁၉ ေႏြရာသီမွာကုန္ဆံုးမွာျဖစ္မွာေၾကာင္႔ လုခ္ေရွာ Luke Shaw ဟာ အခုလို စာခ်ဳပ္သက္တမ္းတိုးလိုေနတာျဖစ္ျပီး မန္ယူအသင္းအေနနဲ႔လည္း ေျခစြမ္းပိုင္းတိုးတက္လာတဲ႔ လူငယ္ကစားသမားကိုအသင္းမွာဆက္ထိန္းထားဖို႔ လိုအပ္ပါတယ္။

လုခ္ေရွာ Luke Shaw ဟာ ျပီးခဲ႔တဲ႔ Nations League ျပိဳင္ပြဲ စပိန္အသင္းနဲ႔ပြဲစဥ္မွာ ၿပိဳင္ဘက္ေနာက္ခံလူ ကာဗာဟာလ္ Carvajal နဲ႔ ေဘာလုံးေခါင္းယွဥ္တိုက္ရာကေန သတိလစ္ေမ႔ေမ်ာတဲ႔အထိ ဒဏ္ရာရရိွခဲ႔ေပမယ္႔ လက္ရိွမွာေတာ႔ အေျခအေနေကာင္းမြန္ျပီး မၾကာခင္ျပန္လာမွာပါလို႔ သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

Manchester-United-defender-was-carried-off-on-a-stretcher-early-in-the-second-half-1

Manchester-United-defender-was-carried-off-on-a-stretcher-early-in-the-second-half

ဒါေပမယ္႔ လုခ္ေရွာ Luke Shaw အေနနဲ႔ အခုတစ္ပတ္ကစားမယ္႔ ပရီးမီးယားလိဂ္ပြဲစဥ္ ၀က္ဖို႔ဒ္ – မန္ယူ ပြဲကိုေတာ႔ လြဲေခ်ာ္ဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။

လုခ္ေရွာ Luke Shaw ဟာ ၂၀၁၄ ခုႏွစ္က မန္ယူအသင္းကို ေဆာက္သမ္တန္အသင္းကေန ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၃၀)နဲ႔ေရာက္ရိွလာခဲ႔သူျဖစ္ျပီး အဲဒီအခ်ိန္က ဆယ္ေက်ာ္သက္ကစားသမားေတြထဲမွာ ေစ်းအၾကီးဆံုးကစားသမားအျဖစ္လည္း မွတ္တမ္း၀င္ခဲ႔သူျဖစ္ပါတယ္။

Ref: Goal.com
Photo: Evening Standard , Manchester United
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ စောင့်မျှော်နေတဲ့ လုခ်ရှော Luke Shaw

မန်ယူအသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှော Luke Shaw ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ စောင့်မျှော်နေပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ လုခ်ရှော Luke Shaw ဟာ ဒဏ်ရာပြဿနာတွေကနေရုန်းထွက်ခဲ့ပြီး လက်ရှိမှာမန်ယူအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကစားနေသူဖြစ်သလို ပြီးခဲ့တဲ့ သြဂုတ်လအတွက် မန်ယူတစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သူပါ။

Luke-Shaw1

Luke-Shaw

လုခ်ရှော Luke Shaw ရဲ့စာချုပ်သက်တမ်းဟာ ၂၀၁၉ နွေရာသီမှာကုန်ဆုံးမှာဖြစ်မှာကြောင့် လုခ်ရှော Luke Shaw ဟာ အခုလို စာချုပ်သက်တမ်းတိုးလိုနေတာဖြစ်ပြီး မန်ယူအသင်းအနေနဲ့လည်း ခြေစွမ်းပိုင်းတိုးတက်လာတဲ့ လူငယ်ကစားသမားကိုအသင်းမှာဆက်ထိန်းထားဖို့ လိုအပ်ပါတယ်။

လုခ်ရှော Luke Shaw ဟာ ပြီးခဲ့တဲ့ Nations League ပြိုင်ပွဲ စပိန်အသင်းနဲ့ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ ကာဗာဟာလ် Carvajal နဲ့ ဘောလုံးခေါင်းယှဉ်တိုက်ရာကနေ သတိလစ်မေ့မျောတဲ့အထိ ဒဏ်ရာရရှိခဲ့ပေမယ့် လက်ရှိမှာတော့ အခြေအနေကောင်းမွန်ပြီး မကြာခင်ပြန်လာမှာပါလို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Manchester-United-defender-was-carried-off-on-a-stretcher-early-in-the-second-half-1

Manchester-United-defender-was-carried-off-on-a-stretcher-early-in-the-second-half

ဒါပေမယ့် လုခ်ရှော Luke Shaw အနေနဲ့ အခုတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ဝက်ဖို့ဒ် – မန်ယူ ပွဲကိုတော့ လွဲချော်ဖို့ ရာခိုင်နှုန်းများနေပါတယ်။

လုခ်ရှော Luke Shaw ဟာ ၂၀၁၄ ခုနှစ်က မန်ယူအသင်းကို ဆောက်သမ်တန်အသင်းကနေ ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)နဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး အဲဒီအချိန်က ဆယ်ကျော်သက်ကစားသမားတွေထဲမှာ ဈေးအကြီးဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။

Ref: Goal.com
Photo: Evening Standard , Manchester United
Ko Kyue(Akhayar)
www.akhayar.com